Food & Livestock
မလေးရှား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းဆန် စစ်ဆေးရေး စီမံချက် ဆောင်ရွက်
မလေးရှား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းဆန် စစ်ဆေးရေး စီမံချက် ဆောင်ရွက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မလေးရှားနိုင်ငံ ပို့ကလန်း ဆိပ်ကမ်းမြို့ အနီးရှိ ကုန်စုံဆိုင်သည် ဆိုင်မှာ တင်ရောင်းရန်အတွက် ပြည်တွင်းဆန်ဖြူ ၅ ကီလိုဂရမ် ဆန်အိတ်များနှင့် ၁၀ ကီလိုဂရမ် ဆန်အိတ်များ ရရှိရန် ခက်ခဲခြင်းကြောင့် ပြည်ပမှ တင်သွင်းလာသော ဆန်ဖြူကို တစ်ကီလိုဂရမ်လျှင် ရင်းဂစ် ၃.၅၀ ဖြင့် ရောင်းချသည်။
ပြည်တွင်းထွက် ဆန်ဖြူ ပြတ်လပ်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေသဖြင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီးဌာနသည် စက်ရုံများ၊ လက်ကားရောင်းချသူများ နှင့် လက်လီရောင်းချသူများ တွင် ပြည်တွင်းဆန် လက်ဝယ် ထားရှိသည့် ပမာဏများကို စစ်ဆေးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစီမံချက်ကို စတင်ခဲ့သည်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဒုဝန်ကြီး Chan Foong Hin က အထူးလုပ်ငန်းအဖွဲ့ Special Task Force ၏ ဦးစီးမှူးအဖြစ် တာဝန်ယူထားသည်။ ပြည်တွင်း ဆန်ဖြူ ပူးပေါင်းအဖွဲ့စစ်ဆင်ရေးများကို လုပ်ဆောင်သည်။
ဆန်စက်ရုံ ၉၃ ရုံ၊ လက်ကားရောင်းချသူများ ၁၃၀ ဦးနှင့် လက်လီရောင်းချသူများ၏ လက်ဝယ်ထားရှိသည့် ဆန်များကို စစ်ဆေးရေး ဝင်မည်ဖြစ်သည်။
ပြည်တွင်းဆန်ဖြူ ဈေးကစားခြင်းကို တားဆီးရန် အစိုးရက ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည်။
“ဒီစစ်ဆင်ရေးမှာ နိုင်ငံနယ်နိမိတ်နဲ့ အဓိကဆိပ်ကမ်းတွေကိုလည်း စစ်ဆေးရေး ဝင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
“ပြည်တွင်းဆန်ကို တင်သွင်းလာတဲ့ ဆန်ဖြူတွေနဲ့ ရောနှောပြီး အသွင်ပြောင်းတာ တွေ့ရင် အရေးယူမယ်။ ဆန်နမူနာတွေ ယူပြီး ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးမယ်။ ပြည်တွင်းဆန်ထုပ်တွေ သိုဝှက်ထားတာ၊ လှောင်ထားတာကိုလည်း အရေးယူမယ်။ ဘယ်သူ့ကိုမဆို ဝန်ကြီးဌာနက အရေးယူမှာပါ”ဟု ၎င်းက ပြောကြားသည်။
Source nst
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL