Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်း၌ ယခုရက်ပိုင်းတွင် ကုန်စည် ၁၂ မျိုး အရောင်းအဝယ် မရှိဘဲ ရပ်တန့်

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း၌ ယခုရက်ပိုင်းအတွင်း  ကုန်ပစ္စည်း ၁၂ မျိုးမှာ အရောင်းအဝယ် မရှိဘဲ ရပ်တန့်နေကြောင်း မြန်မာနိုင်ငံ 

သကြားနှင့်    ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း  (မန္တလေး) ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေး ထံမှ သိရသည်။

 

''အခုတစ်လော  တရုတ်ကုန်သည်တွေကို သူတို့နိုင်ငံဘက်က နည်းနည်းတင်းကျပ်တော့ အရောင်းအဝယ် ပါးသွားတယ်။ ဒါ့ပြင် ကုန်ပစ္စည်းတွေက  ဈေးတွေကျနေတယ်။ အခုဆိုရင် အရောင်းအဝယ် မရှိတဲ့သဘော ဖြစ်နေတယ်''   ဟု  ဦးဝင်းဌေး ကပြောသည်။

 

စက်တင်ဘာ  ၁၂  ရက်အထိ  တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန်  မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ပုံမှန်အရောင်းအဝယ် ဖြစ်သော သကြား၊ ပဲယဉ်း၊ ပဲလွမ်းဖြူ၊ ပဲပုပ်၊ မြေထောက်ပဲ၊ ပဲနီကျား၊ မြေပဲ၊ နှံစားပြောင်း၊ နှမ်းနက်(စမုန်)၊ နှမ်းနက်၊ နှမ်းဖြူနှင့် နှမ်းညို တို့မှာ  အရောင်းအဝယ်မရှိဘဲ  ရပ်တန့်နေခြင်းဖြစ်သည်။

 

''နှမ်းဖြူနဲ့နှမ်းညိုကတော့ ဈေးမြင့်တက်နေတယ်။ အဲဒီတော့ အရောင်းအဝယ်အေး နေတဲ့သဘောပါ။တရုတ်ကုန်သည်တွေက လည်း ဈေးမြင့်သွားတော့ နည်းနည်းစောင့် နေတယ်။ နှမ်းဈေးတွေတက်တာကလည်း ရာသီဥတုကြောင့် နှမ်းတွေပျက်စီးပြီး  အထွက်နှုန်းနည်းလာတယ်။ဈေးကွက်မှာ နှမ်းရှားတော့    ဈေးတက်တဲ့သဘောပါ။  နောက်လည်း  ဈေးကထပ်တက်ဖို့ ရှိသေးတယ်''  ဟု  ကျောက်ပန်းတောင်းမြို့မှ နှမ်း ကုန်သည် ဦးဝင်းမြင့် ကပြောသည်။

 

ထို့ပြင် နှမ်းအပြင် အဓိကပို့ကုန်ဖြစ်သည့် သကြားမှာ တစ်တန်လျှင် အနိမ့်ဆုံးငွေကျပ် ၇၆ဝဝဝဝကျော်မှ  အမြင့်ဆုံးငွေကျပ် ၈ဝ၅ဝဝဝ ကျော်အထိ   ပေါက်ဈေး ရှိနေပြီး အရောင်းအဝယ် မရှိသလောက်ဖြစ်နေကြောင်း သိရ သည်။ 

Source: Myawady

 

Read times
Rate this item
(1 Vote)