Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်ဖြူအသစ်များ ပြည်ဈေးကွက်သို့ ၀င်ရောက်မှုကြောင့် ဈေးနှုန်းအနည်းငယ်ကျ

ကြက်သွန်ဖြူအသစ်တွေ ပြည်ဈေးကွက်အတွင်းသို့ ၀င်ရောက်လာကြောင်း သိရပါတယ်။

အစိုဓာတ်ရှိနေပေမယ့် ဈေးကွက်ဝင်တဲ့ အရွယ်အစားရှိပြီး၊ ဈေးနှုန်းကျဆင်းတာကြောင့်လည်း အရောင်းအ၀ယ်ကျမသွားဘဲ ပုံမှန်ရောင်းဝယ်နေတာတွေ့ရပါတယ်။

 

ကြူကုတ်စရော၊ ရှမ်းစပါ အသစ်တွေချည်း ၀င်ရောက်လာကြောင်းလည်း သိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူဈေးတွေကတော့ ပြည်လက်ကားတစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ထိရှိပြီး၊ ကြူကုတ်စ တစ်ပိဿာ  ကျပ် ၅၇၀၀ တို့ရှိကြောင်း သိရပါတယ်။

 

လက်လီဈေးများတွင်တော့ ရှမ်းစ ကျပ် ၄၅၀၀ နှင့် ကြူကုတ်စ ကျပ် ၆၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

အ၀င်အနေဖြင့် ပြည်ဈေးကွက်အတွင်းမှာ ကြက်သွန်ဖြူအဟောင်းလက်ကျန်ကိုသာ ရောင်းချနေကြရတဲ့အတွက် ပွဲစားများလက်ဝယ်ကျန်ရှိနေတဲ့ ကြက်သွန်ဖြူ အသစ်အ၀င်မရှိခင် စပ်ကြား ကြိုက်ဈေးခေါ်ပြီး ဈေးဖြစ်ခဲ့တာကြောင့် ဈေးနှုန်းအမြင့်ဆုံးရောက်ခဲ့ကြောင်း သိရပါတယ်။

 

ယခုတစ်ပတ်မှာ ရှမ်းပြည်ရော တရုတ်ပြည်ဘက်ကပါ ကြက်သွန်ဖြူအသစ်ထွက်လာတာကြောင့် ဈေးကွက်မှာ  ကြက်သွန်ဖြူအ၀င်များသလို အဆွဲလည်းများကြောင်း သိရပါတယ်။

 

ကြက်သွန်ဖြူရှမ်းစဆိုလျှင် အရည်အသွေးပါကောင်းပြီး တစ်ပိဿာ ကျပ် ၃၀၀၀ ၀န်းကျင်ပေါက်ဈေးကြောင့် အရောင်းအ၀ယ်ပိုကြောင်း သိရပါတယ်။

 

Source: Commerce

Read times Last modified on Wednesday, 19 September 2018 13:45
Rate this item
(0 votes)