Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမေရိကန် ထောပတ်သီးမျိုးများ ပြည်တွင်းသို့ တင်သွင်းမည်

ကမ္ဘာ့ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်ကာ လူကြိုက် များသည့် အမေရိကန်နိုင်ငံ ကယ် လီဖိုးနီးယားပြည်နယ်ထွက်

ထော ပတ်သီးမျိုးများကို မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးစားနေကြောင်း  ထောပတ်သီးအသင်း အတွင်းရေးမှူး ဦးလင်းသန့်အောင်က ပြော ကြားသည်။

 

မြန်မာနိုင်ငံတွင် မျိုးစေ့ချ စိုက်ပျိုးထားသည့် ထောပတ်သီးပင် အများစုသည် အသီးမညီခြင်း၊ မမှည့် မညီခြင်း၊ အဆီပါဝင်မှု မတည်ငြိမ်ခြင်းတို့ကြောင့် ဈေး ကွက်ရရှိမှု အားနည်းနေပြီး ဈေး ကောင်းမရကြောင်း ၎င်းကဆို သည်။

 

‘‘အခု ကျွန်တော်တို့ကြိုးစား နေပါတယ်။ စိုက်ပျိုးရေးဝန်ကြီး ဌာန စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနကလည်း ကူ ညီနေပါတယ်။ ကယ်လီဖိုးနီးယား ထောပတ်သီးမျိုးက ကမ္ဘာ့မှာ ဈေးကွက်ရပြီးသား လူကြိုက်များပါ တယ်။

သူကကိုင်းဆက်ပြီးစိုက် ရင် သုံးနှစ်လောက်နဲ့ အသီးသီး တယ်။ အသီးအရွယ်အစားက လည်း ညီတယ်’’ဟု ဦးလင်းသန့် အောင်က ဆိုသည်။

 

နိုင်ငံအများစုသည် ကယ်လီ ဖိုးနီးယား ထောပတ်သီးများကို ၀ယ်ယူရန် အသင့်ရှိနေပြီး ၂၀၁၈မတ်လအတွင်းက အမေရိကန် နိုင်ငံရှိ ကယ်လီဖိုးနီးယား ထော ပတ်သီးဘုတ်အဖွဲ့နှင့် အဆက်အသွယ်ရရှိကြောင်း၎င်းကဆိုသည်။

 

ကယ်လီဖိုးနီးယား ထော ပတ်သီးမျိုးများ ပြည်တွင်းသို့ဝင် ရောက်လာပါက ရောင်းချမည့် ဈေးနှုန်းကို မသတ်မှတ်ရသေး သော်လည်း တောင်သူများအ ဆင်ပြေနိုင်မည့် ဈေးနှုန်းဖြင့်သာရောင်းချမည်ဖြစ်ကြောင်း ဦးလင်း သန့်အောင်က ပြောသည်။

 

ယင်းအသီးမှာ အရွယ်အ စား ညီခြင်း၊ အမှည့်ညီခြင်းတို့ ကြောင့် ထုပ်ပိုး၊ ထိန်းသိမ်းရာတွင် အားသာချက်ရှိကြောင်း ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံတွင် ထောပတ် သီးမျိုးသန့်ရွေးချယ်ထားမှု ယခင် က မရှိသည့်အတွက် ထောပတ် သီးမျိုးသန့်ရွေးချယ်နိုင်ရန် ထော ပတ်သီးပြိုင်ပွဲများ ပြုလုပ်နေ ကြောင်း၊ ပြိုင်ပွဲမှ ဆုရရှိသည့် ထောပတ်သီးမျိုးများကို ဆန်းစစ် လေ့လာနေကြောင်း ဦးလင်းသန့် အောင်က ဆိုသည်။

 

ထောပတ်သီးမျိုးသန့်ရွေး ချယ်ပြီးပါက ယင်းမျိုးမှ စိုက်ပျိုး ထွက်ရှိသည့် အသီးများမှာ စီးပွား ဖြစ်စိုက်ရန် လွယ်ကူမှု ရှိ၊ မရှိနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်မှု ရှိ၊ မရှိ သုတေသနပြုလုပ်ရန် သုံးနှစ်ခန့် အချိန်လိုအပ်ကြောင်း ၎င်းက  ပြောသည်။ 

 

‘‘အသင်းအနေနဲ့ တင်သွင်း တာပါ။ မြန်မာနိုင်ငံက ထောပတ် သီးမျိုးတွေက အပင်ရာဇ၀င်မသိ ရဘူး။ အခုတင်သွင်းမယ့် မျိုးတွေ က သုတေသနကောင်းကောင်း သူတို့က လုပ်ထားတော့ ဘယ်အ ချိန်ပွင့်မယ်၊ သီးမယ်ဆိုတာ သိရ တယ်။

 

အပင်ရာဇ၀င်အကြောင်း သေချာသိရတယ်။ ဒါပေမဲ့ ဒီက ရေမြေ အနေအထားနဲ့ ဘယ်လို အခြေအနေရှိမယ်ဆိုတာတော့ တစ်ချက်ကြည့်ရဦးမယ်’’ဟု ရှမ်း ပြည်နယ်ထောပတ်သီးအသင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။

 

လက်ရှိတွင် ၆၇ ကီလိုမှ ၇၀ကီလိုကြားရှိသည့် ထောပတ်သီး တစ်အိတ်လျှင် မြန်မာကျပ်တစ် သိန်းခွဲခန့် ပေါက်ဈေးရှိပြီး ထိုင်း နိုင်ငံသို့ အဓိက တင်ပို့ရောင်းချ ကြောင်း ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုး ထားသည့် ထောပတ်သီးမျိုးကွဲ တစ်ထောင်ကျော်ရှိပြီး ထောပတ် သီးများကို ရှမ်းပြည်နယ်တောင် ပိုင်းတွင် အများဆုံးစိုက်ပျိုးကာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တွင်လည်း စိုက်ပျိုးကြသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:30
Rate this item
(0 votes)