Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမြင့်တက်ပါက စပါးဈေးပြန်တက်လာမည်ဟု စီးပွားကူးသန်းဝန်ကြီးပြော

တရုတ်နိုင်ငံသို့ ဆန်တင် ပို့မှု ပြန်လည်မြင့်တက်လာမည် ဆိုပါက လယ်သမားများကြုံတွေ့ နေရသည့် စပါးဈေးကျဆင်းမှုအ ချိန်တစ်ခုအတွင်း အဆင်ပြေလာ မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောသည်။

 

‘‘တရုတ်ဘက်က ဆန်တင်ပို့ မှုများများလက်ခံရင် အလားအလာကောင်းတွေ ရှိပါတယ်’’ ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။ 

 

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရေး စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ယူနန်အစိုးရအကြား ညှိနှိုင်းထားပြီး မကြာမီတွင်လည်း ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ယူနန်ပြည်နယ်မှစီးပွားရေး လုပ်ငန်းရှင်များထံ သွားရောက်ညှိနှိုင်းရန် စီစဉ်ထား ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

‘‘စပါးဈေးက အခုကျနေတာ လေ။ လယ်သမားမှာက ငွေမရှိ တော့ ရတဲ့ဈေးနဲ့ ရောင်းနေရ တာ’’ ဟု အုတ်တွင်းမြို့နယ်မှ လယ်သမားဦးဝင်းက ပြောသည်။

 

လက်ရှိ လယ်သမားများ၏ လိုလားချက်သည် ရိတ်သိမ်းပြီး စပါးများကို အခြေခံဈေးနှုန်းတင်းတစ်ရာလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချနိုင်ရေးဖြစ်သည်။

 

သို့သော် နွေစပါးက အစို ဓာတ်များခြင်းကြောင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က တင်းတစ်ရာလျှင် ကျပ်လေးသိန်းလေး သောင်းဖြင့် ဝယ်ယူနေသည်။ ဒေသပေါက်ဈေးက ကျပ်လေးသိန်း တစ်သောင်းခန့်သာ ရှိသည်ဟု ပဲခူးတိုင်းရှိ လယ်သမားအချို့က ပြောသည်။ 

 

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရန် အခက်တွေ့နေခြင်းကြောင့် ပြည်တွင်း ဆန်ဈေး၊ စပါးဈေးကျ ဆင်းနေကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ တာဝန်ရှိသူအ ချို့က ပြောသည်။

 

Read more >>>>>  လူကြီးနဲ့ ကလေးတွေအကြိုက်တွေ့စေမယ့် မုန့်ပေါင်း

 

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဆန်ရောင်းချရေး နှစ်နိုင်ငံ အစိုးရ ချင်း ညှိနှိုင်းထားပြီး တရားဝင်လမ်း ကြောင်းမှ ဆန်တန်ချိန် တစ်သိန်းရောင်းချရန် ပြင်ဆင်နေသည်။

 

တရုတ်သို့ ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်ငါးသိန်းကျော်သာ တင်ပို့ နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ စာရင်းများတွင် ဖော်ပြထားသည်။ ယခင်ဘဏ္ဍာ နှစ်က တရုတ်သို့ ဆန်တန်ချိန် ၁၂ သိန်းကျော် တင်ပို့ခဲ့သည်။

 

Source: 7 day news

Read times Last modified on Friday, 24 May 2019 16:26
Rate this item
(1 Vote)