Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးစားသုံးမှု များပြားလာခြင်းကြောင့် မွေးမြူရေးအဆင့်မြှင့်တင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးစားသုံးမှု တစ်နေ့လျှင် ပိဿာ သုံးဆယ့်ခုနစ်သိန်းခန့် ရှိခြင်းကြောင့်

ငါးမွေးမြူရေးဇုန်အလိုက် ငါးကန်များ၊ အင်းအိုင်များကို တိုးချဲ့၍ ပြန်လည်မွမ်းမံခြင်းများပြုလုပ်ခြင်း၊ ငါးမွေးရန်နေရာများကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

ငါးဈေးသို့ တင်သွင်းသည့် ရေချိုငါးများမှာ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ တီလားဗီးယား၊ ငါး
ဖယ်တို့ ဖြစ်ကြပြီး  ပင်လယ်ငါးမှာ ကသပေါင်း၊ ငါးရွှေ၊ ပြည်ကြီးငါး၊ ငါးပြတ်၊ ငါးပုတ်သင်တို့ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ စားသုံးသူများအတွက် လုံလောက်မှုရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မှ နယ်သို့ တင်ပို့သည့်ငါးများနှင့် အအေးခန်းစက်ရုံများက ၀ယ်ယူသည့်ငါးပိဿာချိန်မှာ တစ်ရက်လျှင် အချိန် ၆.၅ သိန်းရှိပြီး နယ်ကိုပို့သည့် ရေချိုငါးက ၂.၈၇ သိန်းနှင့် အအေးခန်းစက်ရုံများက ၀ယ်ယူသည့် ရေငန်ငါး ၃.၁၈ သိန်း တို့ ဖြစ်ကြပါတယ်။

ရန်ကုန်ရှိဈေးများစာရင်းအရ စံပြငါးဈေး၊ အင်းစိန်၊ ပုဇွန်တောင်နှင့် ဒလငါးဈေးတို့တွင် တစ်ရက်ရောင်းအား ပိဿာ သုံးဆယ်ကျော်ခန့်ရှိပြီး ငါးစားသုံးသူအတွက် လုံလောက်မှုရှိလာစေရန် အဆင့်မြှင့်တင်နိုင်မှသာ ငါးဈေးပေါ၍ စားသုံးသူများ အဆင်ပြေလာမှာဖြစ်ပါတယ်။

မွေးမြူရေး လုပ်ငန်းများ ရာသီဥတု ဖောက်ပြန်မှုများကြောင့် အရှုံးပေါ်နေခြင်းကို ကာမိစေရန်အတွက်လည်း ချေးငွေများ လိုအပ်လျက်ရှိကြောင်း သိရပါတယ်။

Source: Farmer Journal

Read times Last modified on Thursday, 06 September 2018 16:18
Rate this item
(3 votes)