Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


CDC မှထုတ်ပြန်ထားသော အဆိပ်သင့်ခြင်းဖြစ်စေနိုင်သည့် အပ်မှိုနှင့် Listeria ရောဂါပိုးအကြောင်း

Unicode >>>>>

CDC မှထုတ်ပြန်ထားသော အဆိပ်သင့်ခြင်းဖြစ်စေနိုင်သည့် အပ်မှိုနှင့် Listeria ရောဂါပိုးအကြောင်း


CDC (ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုအဖွဲ့စည်း)၊ အမေရိကန်ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေးအဖွဲ့စည်းမှ တာဝန်ရှိသူများနှင့် ယူအက်စ်အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (USFDA) သည် Enoki (အပ်မှို)နှင့်ဆက်နွယ်သော Listeria monocytogenes ရောဂါကူးစက်မှုကို ဘက်ပေါင်းစုံမှ စုံစမ်းစစ်ဆေးနေသည်။


Butter ထောပတ်ထုတ်လုပ်ငန်းများ ၇၆ ခုကိုရှာရန်နှိပ်ပါ။


မြန်မာနိုင်ငံတွင်လည်း အပ်မှိုကို လူတော်တော်များများ ကြိုက်နှစ်သက်စွာသုံးဆောင်နေကြသည်။ အကင်များ၊ Hot Pot များ၊ မာလာရှမ်းကောများ စသည့် အစားအစာများတွင် ထည့်စားကြပြီး အချို့က သုပ်စား၊ ကြော်စား၊ ချက်စားကြသည်။ အထူးသဖြင့် လူငယ်မိန်းကလေးအများစု ပိုမိုကြိုက်နှစ်သက်ကြသည်။


အပ်မှိုနှင့်ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၉ ရက်တွင် အမေရိကန်ပြည်နယ် ၁၇ ခုမှ Listeria monocytogenes ရောဂါပိုးကူးစက်ခံရသူ ၃၆ ဦး ကိုအစီရင်ခံခဲ့သည်။ နေမကောင်းသောလူများ၏ Listeria နမူနာများကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်အထိကောက်ယူခဲ့သည်။


မကျန်းမမာသူများသည် အသက် ၁ နှစ်မှ ၉၇ နှစ်အတွင်း အလယ်အလတ်အသက် ၆၇ နှစ်ရှိသူများဖြစ်ကြသည်။ ဖျားနာသူ ၈၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ ဖျားနာနေသောလူနာ ၃၂ ဦး တွင် ဆေးရုံတက်ကုသမှု ၃၀ ကိုအစီရင်ခံခဲ့သည်။ ကယ်လီဖိုးနီးယား၊ ဟာဝိုင်ယီနှင့်နယူးဂျာစီပြည်နယ်များမှ လူ ၄ ဦး သေဆုံးခဲ့သည်။ ရောဂါဖြစ်ပွားမှုခြောက်ခုသည် ကိုယ်ဝန်ဆောင်များဖြစ်ပြီး သန္ဓေသားဆုံးရှုံးမှုကိုဖြစ်စေခဲ့သည်။


ဖြစ်ပွားမှု၏စုံစမ်းစစ်ဆေးရေးနှင့်ဓာတ်ခွဲခန်းမှ သက်သေအထောက်အထားများအရ ကိုရီးယားထုတ်ကုန်တစ်ခုဖြစ်သော Enoki (အပ်မှို)များသည် ဤရောဂါဖြစ်ပွားမှု၏အရင်းအမြစ်ဖြစ်သည်ဟု ဖော်ပြထားသည်။


ပြည်နယ်နှင့်ဒေသန္တရပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများက နေမကောင်းဖြစ်နေသောလူများအား ၎င်းတို့မဖျားနာမီ ကာလအတွင်းသူတို့စားခဲ့သည့်အစားအစာများကို လူတွေ့မေးမြန်းခဲ့သည် ၂၂ အနက် ၁၂ ဦး (၅၅%) မှ Enoki မှိုများနှင့် ကမာအပါဝင်အခြားသော အစားစာများကို စားသုံးကြောင်းဖော်ပြခဲ့သည်။


Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (18.3.2020)


မီချီဂန်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနသည် နာမကျန်းသူတစ်ဦး ဝယ်ယူသည့်ကုန်စုံဆိုင်တစ်ခုမှ အပ်မှိုများကို စမ်းသပ်ရန်စုဆောင်းခဲ့သည်။ Enoki မှိုနမူနာနှစ်မျိုးသည် Listeria monocytogenes ဖြစ်ပွားမှုကိုဖြစ်ပေါ်စေကြောင်းတွေ့ရှိခဲ့သည်။ ဤမှိုများကို“ ကိုရီးယားထုတ်ကုန်” အဖြစ်တံဆိပ်ကပ်ထားပြီး Sun Hong Foods, Inc မှဖြန့်ဝေကြောင်း သိရှိရသည်။


၂၀၂၀၊ မတ်လ ၉ ရက်တွင် Sun Hong Foods, Inc မှ“ ကိုးရီးယားနိုင်ငံ၏ကုန်ပစ္စည်း” အဖြစ်တံဆိပ်ကပ်ထားသော Enoki မှိုများကို စားသုံးသူများ၊ စားနပ်ရိက္ခာဝန်ဆောင်မှုလုပ်ငန်းများနှင့် လက်လီရောင်းချသူများကို ရောင်းချရန်နှင့် စားသုံးရန်မသင့်ဟု ခေါ်ယူအသိပေးခဲ့သည်။


Sun Hong Foods, Inc မှဖြန့်ဝေပေးသော Enoki မှိုများသည် ဤရောဂါဖြစ်ပွားမှုအားလုံးကို မဖော်ပြသော်လည်း US FDA သည် Sun Hong Foods, Inc မှဖြန့်ဝေသော enoki အပ်မှို၏အရင်းအမြစ်ကိုဖော်ထုတ်ရန်နှင့် အခြား enoki မှိုများကိုလဲ ဆက်လက်စစ်ဆေးလျက်ရှိသည်။


CDC မှ“ Product of Korea” ဟုအမည်တပ်ထားသော အပ်မှိုများသည် Listeria monocytogenes နှင့်အဆိပ်သင့်ခြင်းဖြစ်နိုင်သည်ဟု ယူဆထားသည်။


အန္တရာယ်မြင့်မားသောသူများမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၆၅ နှစ်နှင့်အထက် လူကြီးများနှင့် ကိုယ်ခံအားစနစ်အားနည်းနေသူများ enoki မှိုများကိုမစားရန် အကြံပြုထားသည်။


Listeriosis သည် လူနှင့် လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်မူတည်၍ ကွဲပြားသောရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။


ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ပုံမှန်အားဖြင့်ဖျားနာခြင်းနှင့် အခြားတုပ်ကွေးကဲ့သို့သောလက္ခဏာများဖြစ်သည့် ပင်ပန်းခြင်းနှင့် ကြွက်သားကိုက်ခြင်းကဲ့သို့ခံစားရသည်။ သို့သော်လည်းကိုယ်ဝန်သည်များသည် ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်ဝန်ပျက်ကျခြင်း၊ လမပြည့်ကလေးမွေးခြင်းနှင့် ကလေးတွင် အသက်စိုးရိမ်ဖွယ်ရောဂါဖြစ်စေခြင်းတို့လဲ ဖြစ်ပေါ်စေနိုင်ပါသည်။


သာမန်သူများတွင် တွေ့ရသော ရောဂါလက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ဇက်ခိုင်ခြင်း၊ တက်ခြင်းရောဂါလက္ခဏာများတွေ့နိုင်ပါသည်။


Listeria ပိုးပါဝင်သော အစာကိုစားပြီးနောက် ၁ပတ်မှ ၄ပတ်အတွင်း ရောဂါလက္ခဏများပြနိုင်သည်။ အချို့လူများသည် ရောဂါလက္ခဏာများကို ပိုးကူးစက်ခံရပြီး ရက် ၇၀ မှပြသနိုင်သလို ကူးစက်သောနေ့တွင်လည်း လက္ခဏပြနိုင်ပါသည်။ Listeriosis ကို ပဠိဇီဝဆေးများဖြင့်ကုသရပါသည်။


Ref:  A9 Business

 

Home Page Food

 

Zawgyi >>>>>

 

CDC မွထုတ္ျပန္ထားေသာ အဆိပ္သင့္ျခင္းျဖစ္ေစႏိုင္သည့္ အပ္မႈိႏွင့္ Listeria ေရာဂါပိုးအေၾကာင္း

 

CDC (ေရာဂါကာကြယ္ေရးႏွင့္ထိန္းခ်ဳပ္ေရးဗဟိုအဖြဲ႕စည္း)၊ အေမရိကန္ျပည္နယ္မ်ားရွိ ျပည္သူ႔က်န္းမာေရးအဖြဲ႕စည္းမွ တာဝန္ရွိသူမ်ားႏွင့္ ယူအက္စ္အစားအစာႏွင့္ေဆးဝါးစီမံခန႔္ခြဲမႈ (USFDA) သည္ Enoki (အပ္မႈိ)ႏွင့္ဆက္ႏြယ္ေသာ Listeria monocytogenes ေရာဂါကူးစက္မႈကို ဘက္ေပါင္းစုံမွ စုံစမ္းစစ္ေဆးေနသည္။

 

Butter ေထာပတ္ထုတ္လုပ္ငန္းမ်ား ၇၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ျမန္မာႏိုင္ငံတြင္လည္း အပ္မႈိကို လူေတာ္ေတာ္မ်ားမ်ား ႀကိဳက္ႏွစ္သက္စြာသုံးေဆာင္ေနၾကသည္။ အကင္မ်ား၊ Hot Pot မ်ား၊ မာလာရွမ္းေကာမ်ား စသည့္ အစားအစာမ်ားတြင္ ထည့္စားၾကၿပီး အခ်ိဳ႕က သုပ္စား၊ ေၾကာ္စား၊ ခ်က္စားၾကသည္။ အထူးသျဖင့္ လူငယ္မိန္းကေလးအမ်ားစု ပိုမိုႀကိဳက္ႏွစ္သက္ၾကသည္။

 

အပ္မႈိႏွင့္ပတ္သက္ၿပီး ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၉ ရက္တြင္ အေမရိကန္ျပည္နယ္ ၁၇ ခုမွ Listeria monocytogenes ေရာဂါပိုးကူးစက္ခံရသူ ၃၆ ဦး ကိုအစီရင္ခံခဲ့သည္။ ေနမေကာင္းေသာလူမ်ား၏ Listeria နမူနာမ်ားကို ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာ ၂၃ မွ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၃ ရက္အထိေကာက္ယူခဲ့သည္။

 

မက်န္းမမာသူမ်ားသည္ အသက္ ၁ ႏွစ္မွ ၉၇ ႏွစ္အတြင္း အလယ္အလတ္အသက္ ၆၇ ႏွစ္ရွိသူမ်ားျဖစ္ၾကသည္။ ဖ်ားနာသူ ၈၈ ရာခိုင္ႏႈန္းသည္ အမ်ိဳးသမီးမ်ားျဖစ္ၾကသည္။ ဖ်ားနာေနေသာလူနာ ၃၂ ဦး တြင္ ေဆး႐ုံတက္ကုသမႈ ၃၀ ကိုအစီရင္ခံခဲ့သည္။ ကယ္လီဖိုးနီးယား၊ ဟာဝိုင္ယီႏွင့္နယူးဂ်ာစီျပည္နယ္မ်ားမွ လူ ၄ ဦး ေသဆုံးခဲ့သည္။ ေရာဂါျဖစ္ပြားမႈေျခာက္ခုသည္ ကိုယ္ဝန္ေဆာင္မ်ားျဖစ္ၿပီး သေႏၶသားဆုံးရႈံးမႈကိုျဖစ္ေစခဲ့သည္။

 

ျဖစ္ပြားမႈ၏စုံစမ္းစစ္ေဆးေရးႏွင့္ဓာတ္ခြဲခန္းမွ သက္ေသအေထာက္အထားမ်ားအရ ကိုရီးယားထုတ္ကုန္တစ္ခုျဖစ္ေသာ Enoki (အပ္မႈိ)မ်ားသည္ ဤေရာဂါျဖစ္ပြားမႈ၏အရင္းအျမစ္ျဖစ္သည္ဟု ေဖာ္ျပထားသည္။

 

ျပည္နယ္ႏွင့္ေဒသႏၲရျပည္သူ႔က်န္းမာေရး တာဝန္ရွိသူမ်ားက ေနမေကာင္းျဖစ္ေနေသာလူမ်ားအား ၎တို႔မဖ်ားနာမီ ကာလအတြင္းသူတို႔စားခဲ့သည့္အစားအစာမ်ားကို လူေတြ႕ေမးျမန္းခဲ့သည္ ၂၂ အနက္ ၁၂ ဦး (၅၅%) မွ Enoki မႈိမ်ားႏွင့္ ကမာအပါဝင္အျခားေသာ အစားစာမ်ားကို စားသုံးေၾကာင္းေဖာ္ျပခဲ့သည္။

 

Read More >>>>>  စားေသာက္ကုန္ေဈးႏႈန္းမ်ား (18.3.2020)

 

မီခ်ီဂန္လယ္ယာစိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဌာနသည္ နာမက်န္းသူတစ္ဦး ဝယ္ယူသည့္ကုန္စုံဆိုင္တစ္ခုမွ အပ္မႈိမ်ားကို စမ္းသပ္ရန္စုေဆာင္းခဲ့သည္။ Enoki မႈိနမူနာႏွစ္မ်ိဳးသည္ Listeria monocytogenes ျဖစ္ပြားမႈကိုျဖစ္ေပၚေစေၾကာင္းေတြ႕ရွိခဲ့သည္။ ဤမႈိမ်ားကို“ ကိုရီးယားထုတ္ကုန္” အျဖစ္တံဆိပ္ကပ္ထားၿပီး Sun Hong Foods, Inc မွျဖန႔္ေဝေၾကာင္း သိရွိရသည္။

 

၂၀၂၀၊ မတ္လ ၉ ရက္တြင္ Sun Hong Foods, Inc မွ“ ကိုးရီးယားႏိုင္ငံ၏ကုန္ပစၥည္း” အျဖစ္တံဆိပ္ကပ္ထားေသာ Enoki မႈိမ်ားကို စားသုံးသူမ်ား၊ စားနပ္ရိကၡာဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ လက္လီေရာင္းခ်သူမ်ားကို ေရာင္းခ်ရန္ႏွင့္ စားသုံးရန္မသင့္ဟု ေခၚယူအသိေပးခဲ့သည္။

 

Sun Hong Foods, Inc မွျဖန႔္ေဝေပးေသာ Enoki မႈိမ်ားသည္ ဤေရာဂါျဖစ္ပြားမႈအားလုံးကို မေဖာ္ျပေသာ္လည္း US FDA သည္ Sun Hong Foods, Inc မွျဖန႔္ေဝေသာ enoki အပ္မႈိ၏အရင္းအျမစ္ကိုေဖာ္ထုတ္ရန္ႏွင့္ အျခား enoki မႈိမ်ားကိုလဲ ဆက္လက္စစ္ေဆးလ်က္ရွိသည္။

 

CDC မွ“ Product of Korea” ဟုအမည္တပ္ထားေသာ အပ္မႈိမ်ားသည္ Listeria monocytogenes ႏွင့္အဆိပ္သင့္ျခင္းျဖစ္ႏိုင္သည္ဟု ယူဆထားသည္။

 

အႏၲရာယ္ျမင့္မားေသာသူမ်ားမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား၊ အသက္ ၆၅ ႏွစ္ႏွင့္အထက္ လူႀကီးမ်ားႏွင့္ ကိုယ္ခံအားစနစ္အားနည္းေနသူမ်ား enoki မႈိမ်ားကိုမစားရန္ အႀကံျပဳထားသည္။

 

Listeriosis သည္ လူႏွင့္ လူ၏ခႏၶာကိုယ္အစိတ္အပိုင္းအေပၚမူတည္၍ ကြဲျပားေသာေရာဂါလကၡဏာမ်ားကို ျဖစ္ေပၚေစႏိုင္သည္။

 

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္ ပုံမွန္အားျဖင့္ဖ်ားနာျခင္းႏွင့္ အျခားတုပ္ေကြးကဲ့သို႔ေသာလကၡဏာမ်ားျဖစ္သည့္ ပင္ပန္းျခင္းႏွင့္ ႂကြက္သားကိုက္ျခင္းကဲ့သို႔ခံစားရသည္။ သို႔ေသာ္လည္းကိုယ္ဝန္သည္မ်ားသည္ ကိုယ္ဝန္ေဆာင္ေနစဥ္ ကိုယ္ဝန္ပ်က္က်ျခင္း၊ လမျပည့္ကေလးေမြးျခင္းႏွင့္ ကေလးတြင္ အသက္စိုးရိမ္ဖြယ္ေရာဂါျဖစ္ေစျခင္းတို႔လဲ ျဖစ္ေပၚေစႏိုင္ပါသည္။

 

သာမန္သူမ်ားတြင္ ေတြ႕ရေသာ ေရာဂါလကၡဏာမ်ားမွာ ေခါင္းကိုက္ျခင္း၊ ဇက္ခိုင္ျခင္း၊ တက္ျခင္းေရာဂါလကၡဏာမ်ားေတြ႕ႏိုင္ပါသည္။

 

Listeria ပိုးပါဝင္ေသာ အစာကိုစားၿပီးေနာက္ ၁ပတ္မွ ၄ပတ္အတြင္း ေရာဂါလကၡဏမ်ားျပႏိုင္သည္။ အခ်ိဳ႕လူမ်ားသည္ ေရာဂါလကၡဏာမ်ားကို ပိုးကူးစက္ခံရၿပီး ရက္ ၇၀ မွျပသႏိုင္သလို ကူးစက္ေသာေန႔တြင္လည္း လကၡဏျပႏိုင္ပါသည္။ Listeriosis ကို ပဠိဇီဝေဆးမ်ားျဖင့္ကုသရပါသည္။

 

Ref:  A9 Business

Read times Last modified on Wednesday, 18 March 2020 10:16
Rate this item
(0 votes)