Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်က ဆန်သွင်းကုန်ခွန် လျှော့ချပြဋ္ဌာန်း

ဘင်္ဂလားဒေ့ရှ်က ဆန်သွင်းကုန်ခွန် လျှော့ချပြဋ္ဌာန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်တွင်းဆန်ဈေးကွက် အတွက် ဆန်များ တင်သွင်းကြခြင်းဖြင့် ဆန်ဈေးနှုန်း မြင့်မတက်‌ေအာင် ထိန်းထားနိုင်ရန် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်နေတဲ့ သွင်းကုန်ခွန်နှုန်းထားများကို ဇွန် ၂၃၊ ၂၀၂၂ မှစ၍ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖြတ်တောက် လျှော့ချလိုက်ပါတယ်။

 

ဆန်သွင်းကုန်များအပေါ် ယခင်က စုစုပေါင်း သွင်းကုန်ခွန် ၆၂ ဒသမ ၅ ရာခိုင်နှုန် စည်းကြပ်ခဲ့ရာမှ ယခု ၂၅ ရာခိုင်နှုန်းသို့ လျှော့ချပြဋ္ဌာန်းပေးလိုက်ပါတယ်လို့ အမျိုးသားအခွန်များ ဘုတ်အဖွဲ့ (NBR) မှ ပြောကြားပါတယ်။

 

ဆန်တင်သွင်းမယ့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် စားနပ်ရိက္ခာဝန်ကြီးဌာနမှာ တင်သွင်းမှု တစ်ကြိမ်ချင်းစီအတွက် သွင်းကုန်ပါမစ်လျှောက်ထားဖို့ လိုအပ်ပါတယ်။

 

စပါးရိတ်သိမ်းမှု အမြင့်ဆုံးရာသီမှာ ဆန်ဈေး တက်နေပြီး စပါးခင်း အများအပြာ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါတယ်။

 

ဆန်အမျိုးအစား အကုန်လုံး ဈေးတက်ကုန်ပါတယ်။ 

Trading Corporation of Bangladesh (TCB) မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ဆန်အကောင်းစား လက်လီရောင်းဈေးနှုန်းများ ယခင်လထက် ၁၄% မြင့်တက်ပြီး တစ်ကီလို တာကာ ၆၄-၈၀ သို့ ရောက်ရှိလာပါတယ်။

ဆန်ကြမ်းတွေက လက်လီရောင်းဈေး ယခင်လထက် ၈.၆% ဈေးတက်ပြီး တစ်ကီလို တာကာ ၄၈~၅၃ သို့ မြင့်တက်ပါတယ်။

 

#MyanmarFoodGuide

 Telegram Channel

https://t.me/Guid4U/304

https://t.me/Guid4U

 

Read times Last modified on Saturday, 25 June 2022 11:23
Rate this item
(0 votes)