Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Corona ဘီယာ ထုတ်လုပ်မှု ယာယီရပ်ဆိုင်း

ဘီယာသည် ကပ်ရောဂါကာလတွင် မရှိမဖြစ် လိုအပ်သော အရာ

မဟုတ်ဟု ယူဆသဖြင့် မက္ကဆီနိုင်ငံမှ Grupo Modelo က ၎င်း၏ Corona ဘီယာထုတ်လုပ်မှုများကို ယာယီ အလုပ်ရပ်နားလိုက်သည်။ မက္ကဆီကိုနိုင်ငံ အစိုးရက ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့မှုကို တိုက်ပွဲဝင်နေရာ၌ မရှိမဖြစ်မဟုတ်သော လုပ်ငန်းများကို အလုပ်ရပ်နားထားရန် ကြေညာထားခြင်းကြောင့်လည်း ယခုလို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ လုပ်ငန်းစုက ထုတ်ပြန်ကြေညာသည်။ Corona ဘီယာအပြင် နိုင်ငံပေါင်း ၁၈၀ သို့တင်ပို့သော အခြားအမှတ်တံဆိပ် ဘီယာများကိုလည်း ယာယီရပ်ဆိုင်းမည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မက္ကဆီကို အစိုးရက ယခုသီတင်းပတ်တွင် ကျန်းမာရေး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီး မရှိမဖြစ် မဟုတ်သော လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို ဆိုင်းငံထားရန် အမိန့်ပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ် ကူးစက်ခံလူနာဦးရေ တစ်ထောင်ကျော်သွားပြီးနောက် ယခုလို အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နေ့က ကူးစက်လူနာဦးရေ ၁၅၂၀ ဦး ရှိပြီး သေဆုံးသူ ၅၀ ဦး ရှိသည်။

မက္ကဆီကိုမှ လုပ်ငန်းစုကြီးတစ်ခု ဖြစ်သော Grupo Modelo က “ပြည်ထောင်စုအစိုးရက တကယ်လို့ ဘီယာက စိုက်ပျိုးရေးဆိုင်ရာ စက်မှု ထုတ်ကုန်လို့ ရှင်းရှင်းလင်းလင်း အတည်ပြုပေးမယ်ဆိုရင်တော့ Grupo Modelo အနေဖြင့် ဝန်ထမ်း အင်အား ၇၅% ကျော်ကို အိမ်မှ လုပ်ကိုင်စေခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို ဆက်လက်လုပ်ကိုင်ပါမယ်။ ဘီယာ ပြတ်လပ်မှု မရှိရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် စားသောက်ကုန်တို့သည် ယေဘုယျအားဖြင့် မရှိမဖြစ် လုပ်ကိုင်မှုများဟု အဆုံးအဖြတ်ပြုသည်။ သို့သော် ဘီယာသည် မရှိမဖြစ် စားသောက်ကုန် ဟုတ်မဟုတ်နှင့် မရှိမဖြစ် စိုက်ပျိုးရေးထုတ်ကုန် ဟုတ်မဟုတ် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်ချေ။

Grupo Modelo လုပ်ငန်းစုသည် ကပ်ရောဂါပိုးနှင့် အမည်တူနေသော ကိုရိုနာဘီယာကို မက္ကဆီကိုနိုင်ငံရှိ စက်ရုံ ၁၁ ရုံတွင် ထုတ်လုပ်လျက်ရှိသည်။

Read times
Rate this item
(0 votes)