Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ နာနတ်တင်ပို့မှု ယခင်နှစ်ထက် တစ်တန်လျှင် ငွေကျပ်နှစ်သောင်းကျော် ဈေးပိုရရှိ

တရုတ်နိုင်ငံသို့ နာနတ်တင်ပို့မှု ယခင်နှစ်ထက် တစ်တန်လျှင် ငွေကျပ်နှစ်သောင်းကျော် ဈေးပိုမိုရရှိနေကြောင်း  လားရှိုး-မူဆယ်ရှိ နာနတ်ကုန်သည်များထံမှ သိရပါတယ်။

 

''နာနတ်တစ်တန်ကို ယွမ်  ၈ဝဝ ကနေ ယွမ် ၁၃ဝဝ ကြားရရှိတယ်။ မြန်မာငွေနဲ့ ဆိုရင် ငွေကျပ်သုံးသိန်းကျော်အထိ ရရှိပါတယ်။ အရင်နှစ် အဖွင့်ဈေးတုန်းက တစ်တန်ကို ယွမ် ၆၅ဝ လောက်ကစတာ။ ဒီနှစ်တော့ အသီးအရွယ်အစားအလိုက် ဈေးတက်လာတယ်။ လားရှိုးကနေ မူဆယ်ကို သယ်ယူ စရိတ်တစ်တန်ကို ငွေကျပ် ၁၄၂ ကျပ် ရှိတယ်''ဟု နာနတ်ကုန်သည် ဦးအိုက်ပန်ကပြောကြားခဲ့ပါတယ်။

 

လက်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်သို့   စစ်ကိုင်းတိုင်းဒေသကြီး   ကလေး၊ ကသာ၊ ကန့်ဘလူ၊ မော်လိုက်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုး၊  သီပေါ၊ ကွတ်ခိုင်၊ ကျောက်မဲမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်၊  နမ့်စန်၊  မိုးနဲ၊ လင်းခေးမြို့နယ်နှင့်   မန္တလေးတိုင်းဒေသကြီးတို့မှ  တစ်နေ့လျှင် နာနတ်သီးတင်ကား ၁ဝ  စီးမှ  အစီး၂ဝ  အထိ ဝင်ရောက်နေကြောင်း သိရပါတယ်။

 

''ကလေးမြို့နယ်ကထွက်တဲ့ နာနတ်သီးတွေကို ပြည်တွင်းဈေးကွက်မှာတော့ ကျောက်ပန်းတောင်း သစ်သီးပွဲရုံတွေကနေ မကွေး၊ ရေနံချောင်း၊ နတ်မောက်မြို့နယ်တွေကို ပို့တယ်။

 

လက်ကားဈေးကွက်မှာတော့  အရောင်းအသွက်ဆုံးပါ။ သကြားနာနတ်သီး တစ်လုံးကို ငွေကျပ် ၆ဝဝ ကျော်ဈေးရှိတယ်။ တစ်ပတ်ကို နာနတ်သီးအလုံး သုံးထောင်ကျော်လောက် ရောင်းရတယ်'' ဟု နာနတ်ကုန်သည်  ဦးစိုင်းမိုးအောင် ကပြောကြားခဲ့ပါတယ်။

 

သီပေါမြို့နယ်မှ ထွက်ရှိသည့် နာနတ်များကို  မူဆယ်သို့ တင်ပို့လျက်ရှိပြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ သစ်သီး ကုန်စည်ပွဲရုံများမှ မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ညောင်ဦး၊ တောင်သာ၊ နွားထိုးကြီး၊ ဆိပ်ဖြူ၊ စလင်းမြို့နယ်တို့ရှိ  လက်လီဆိုင်များက  ဝယ်ယူနေကြောင်း သိရပါတယ်။

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:03
Rate this item
(1 Vote)