Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေးကွက်

တရုတ်ကြက်သွန်နီများ ပြည်တွင်းကြက်သွန်နီများထက် ပိုမိုနှစ်သက်ကြ

ပြည်တွင်းသို့ တရုတ်ကြက်သွန်နီ အများအပြား ၀င်ရောက်လာပြီးနောက်ပိုင်း ဈေးကွက်အတွင်းတွင် တရုတ်ကြက်သွန်နီများ အရောင်းသွက်ကြောင်း ပွဲရုံမှ သိရှိရပါတယ်။

ပြည်တွင်း ကြက်သွန်နီနှင့် တရုတ်ကြက်သွန်နီ ဈေးနှုန်းပဲကွာပြီး အရည်အသွေးကတော့ မကွာခြားလှပါဘူး။ ပြည်တွင်းထက်ဈေးနှုန်းသက်သာတဲ့အတွက်ကြောင့် အ၀ယ်လိုက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် အော်ဒါမှာယူမှုများမရှိသည့်အတွက်ကြောင့် အခက်အခဲဖြစ်ပေါ် နေကြောင်း ပခုက္ကူတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

ပြည်တွင်းထွက်ကြက်သွန်နီ တစ်ပိဿာ တစ်ထောင်ကျပ် ဖြစ်ပြီး တရုတ်မှ ၀င်လာသည့် ကြက်သွန်နီတစ်ပိဿာလျှင် သုံးရာခန့်သာရှိတဲ့အတွက် တရုတ်ကြက်သွန်များက ဈေးကွက်တွင် နေရာရနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြည်တွင်း စားသုံးသူများအနေကလည်း ဈေးနှုန်းသက်သာသည့် တရုတ်ကြက်သွန်နီများကို ပိုမိုနှစ်သက်ကြောင်း သိရပါတယ်။

Source: Myawaddy

Read times Last modified on Tuesday, 25 September 2018 09:05
Rate this item
(1 Vote)