Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ဖြူမှ ရွှေပုစွန်ခြောက်များ မင်းဘူးနှင့် မန္တလေးဈေးကွက်တင်ပို့

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ ရွှေပုစွန်ခြောက်များအား ပုံမှန်တင်ပို့နေသည့် ရန်ကုန်ဈေးကွက်ထက်

ဈေးပိုရသည့် မင်းဘူးနှင့် မန္တလေးဈေးကွက်များသို့ ပြောင်းလဲတင်ပို့မှုများလာကြောင်း သိရပါတယ်။

ရန်ကုန်ဈေးကွက်သို့ တင်ပို့ရာတွင် ပို့ကုန်များအပေါ် သတ်မှတ်ဆိုဒ်ရွေးချယ်ခံရခြင်း၊ ရွေးချယ်ပြီး ပို့ကုန်များအပေါ် ဈေးနှုန်းလျှော့ချခံရမှုများကြောင့် နှစ်လယ်ပိုင်းမှစတင်၍ ရန်ကုန်ဈေးကွက်မှ ဈေးနှုန်းတိုးမြှင့်ပေးမှုမရှိတဲ့အတွက် ဈေးကွက်ပြောင်းလဲတင်ပို့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကျောက်ဖြူဒေသမှ ရွှေပုစွန်ကုန်ကြမ်းများကို သံစစ်မြစ်နှင့် ကျောက်ဖြူကမ်းနီးပင်လယ်ပြင်များတွင် အများဆုံး ဖမ်းဆီးရမိပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများအား ကျေးရွာများသို့ တစ်ပိဿာဈေးနှုန်းကို အရွယ်အစားအလိုက် ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးပေးဝယ်ပြီး အကြီး၊ အလတ်နှင့် အငယ် ဆိုဒ်များရွေးကာ တင်ပို့ကြောင်း သိရပါတယ်။

ရန်ကုန်ဈေးကွက်တွင် ပုစွန်တစ်ပိဿာကို ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ အထိ လျော့ပေးကြောင်း သိရပါတယ်။ ပုစွန်တင်ပို့ရာတွင် ပုစွန်အကြီး တစ်ပိဿာကို ကျပ် ၂၁၀၀၀၊ အလတ်တစ်ပိဿာကို ၁၈၀၀၀ နှင့် အသေးတစ်ပိဿာကို ကျပ် ၁၆၀၀၀ ဈေးနှုန်းဖြင့် မင်းဘူးနှင့် မန္တလေးဈေးကွက်သို့ ပုစွန်ခြောက်တန်ချိန် နှစ်ထောင်ကျော်မှ သုံးထောင်ကျော်အထိ တင်ပို့လျှက်ရှိကြောင်း သိရပါတယ်။

ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ ရသေ့တောင်၊ မာန်အောင်ဒေသများမှ ရွှေပုစွန်ခြောက်များ အများဆုံး ထွက်ရှိပြီး ပြည်တွင်းဈေးကွက်များအပြင် ဈေးနှုန်းပိုမိုရရှိသည့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုများ ရှိခဲ့သော်လည်း ၂၀၁၅ နှစ်ကုန်ပိုင်းမှစတင်၍ တင်ပို့မှု ရပ်နားထားကြောင်း သိရပါတယ်။

Source: Democracy

Read times Last modified on Thursday, 06 September 2018 15:10
Rate this item
(1 Vote)