Food & Livestock



ဇွန်လတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ထပ်မံကျဆင်းဟု FAO ပြောကြား

ဇွန်လတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ထပ်မံကျဆင်းဟု FAO ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီဖြစ်သည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့Food and Agriculture Organization (FAO)၏ ကမ္ဘာ့ စားသောက်ကုန် စျေးနှုန်းအညွှန်းကိန်းသည် ဇွန်လတွင် နှစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားသည်။

သကြား၊ ဟင်းရွက်ဆီများ၊ နှံစားသီးနှံများနှင့် နို့ထွက်ပစ္စည်းများတို့၏ ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ကမ္ဘာ့ စားသောက်ကုန် စျေးနှုန်းအညွှန်းကိန်း နိမ့်ကျသွားသည်။

.

အဆိုပါအညွှန်းကိန်းသည် ကမ္ဘာတစ်လွှား ကုန်သွယ်မှုအများဆုံး စားသောက်ကုန် ကုန်စည်များ၏ ဈေးနှုန်းများအပေါ် အခြေခံပြီး တွက်ချက်ပါသည်။

.

ကမ္ဘာ့ စားသောက်ကုန် စျေးနှုန်းအညွှန်းကိန်းသည် မေလတွင် ၁၂၄.၀ ဖြစ်ပြီး ဇွန်လတွင် ၁၂၂.၃ ဖြစ်ပါသည်ာ

.

ဇွန်လ အညွှန်းကိန်းသည် ၂၀၂၁ ဧပြီလနောက်ပိုင်း အနည်းဆုံး ဖြစ်ပါသည်။

.

ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါသည်။

.

FAO က ယခုနှစ်တွင် ကမ္ဘာ့ နှံစားသီးနှံထုတ်လုပ်မှု တန်ချိန် ၂.၈၁၉ ဘီလီယံ ရှိမည်ဟု ခန့်မှန်းပါသည်။ ၂၀၂၂ ခုနှစ်ထက် ၁.၁% ပိုများပါသည်။ 

ကမ္ဘာ့ဂျုံ ထုတ်လုပ်မှု ယခုနှစ်တွင် ယခင်နှစ်ထက် ၀.၉% ပိုများမည်ဟု ခန့်မှန်းပါသည်။ တန်ချိန် ၇၈၃.၃ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပါသည်။

.

FAO ၏ နှံစားသီးနှံ စျေးနှုန်းညွှန်းကိန်းသည် ဇွန်လတွင် ယခင်လထက် ၂.၁% ကျဆင်းသွားသည်။ ပြောင်း၊ မုယောစပါး၊ ဆန်စပါး၊ ဂျုံနှင့် ဆန်ဈေးများ အားလုံး ဇွန်လတွင် ဈေးကျခဲ့သည်။

ဟင်းသီးဟင်းရွက်ဆီဈေးအညွှန်းကိန်း ၂.၄% ကျဆင်းပါသည်။ ၂၀၂၀ နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံး ဖြစ်ပါသည်။ စားအုန်းဆီနှင့် နေကြာဆီ ကမ္ဘာ့ဈေးနှုန်းများ ဇွန်လတွင် ကျဆင်းခဲ့ပါသည်။

.

သကြားစျေးနှုန်းအညွှန်းကိန်း ၃.၂% ကျဆင်းခဲ့သည်။ ၄ လဆက်တိုက် အတက်ပြနေခဲ့ရာမှ ဇွန်လတွင် ပြန်ကျဆင်းခဲ့သည်။ ကမ္ဘာ့သကြား တင်သွင်းမှု လျော့ကျခဲ့သည်။ သကြားအဓိက တင်ပို့သည့် ဘရာဇီးတွင် ကြံထွက်နှုန်း ကောင်းသည်။

နို့ထွက်ပစ္စည်းစျေးနှုန်းညွှန်းကိန်း ၀.၈% ကျဆင်းသွားသည်။

အသားဈေးနှုန်းညွှန်းကိန်းသည် မေလအတိုင်း ဇွန်လတွင် ဆက်ရှိနေပါသည်။ မပြောင်းလဲပါ။

Source FAO

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 08 July 2023 22:01
Rate this item
(0 votes)