Food & Livestock
မွေးမြူရေး တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်
ရာသီဥတုပြင်းထန်ခြင်းနှင့်ရာသီအကူးအပြောင်းကာလ၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများ ကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် စေနိုင်ပါသဖြင့် ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါ အတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
(၁) မိုးဦးရာသီသို့ ကျရောက်လာပြီဖြစ်၍ ကျွဲနွားများ ကာကွယ်ဆေးများကို ထိုးနှံကြရန်၊
(၂) တိရစ္ဆာန်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊
(၃) မွေးမြူရေးခြံများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ပုံမှန်ဆောင်ရွက်ရန်၊
(၄) ရောဂါဖြစ်သည်ဟု သံသယဖြစ်သော တိရစ္ဆာန်များကို သီးခြားခွဲထားရန်၊
(၅) တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားသည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိရပါက နီးစပ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အမြန်ဆက်သွယ်ရန်၊
(၆) ရောဂါဖြစ်သော တိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့် ဝေးရာတွင် သီးခြားချည်နှောင်ထားရန်နှင့် လွှတ်ကျောင်းခြင်း၊ အခြားနေရသို့ မောင်းနှင်ရွှေ့ပြောင်းခြင်းမပြုရန်၊
(၇) တိရစ္ဆာန်အသေကောင်များကို စားသောက်ခြင်း မပြုရန်နှင့် စနစ်တကျ မြေမြှုပ်ဖျက်ဆီးရန်၊
(၈) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ၊ တိရစ္ဆာန်များပုံမှန်မဟုတ်ဘဲ ရုတ်တရက် သေဆုံးမှုများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက်ရန်၊
(၉) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
မွေးမြူသူတောင်သူများအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ကျွဲ၊ နွား ကာကွယ်ဆေးများထိုးနှံကြရန် တိုက်တွန်းပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန



