Food & Livestock



အင်ဒိုနီးရှား ဆန်တန်ချိန် နှစ်သန်း ယခုနှစ်မကုန်ခင် တင်သွင်းမည်

အင်ဒိုနီးရှား ဆန်တန်ချိန် နှစ်သန်း ယခုနှစ်မကုန်ခင် တင်သွင်းမည် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အယ်နီညိုကြောင့် ဖြစ်ပေါ်လာမည့် မိုးခေါင်ရေရှားသဖြင့် စပါးအထွက် လျော့နည်းမည်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယခုနှစ်မကုန်ခင်တွင် ဆန်တန်ချိန် နှစ်သန်း တင်သွင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ကြေညာခဲ့သည်။

.

ဆန်တင်သွင်းမှုသည် နိုင်ငံတော် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ State Logistics Agency' ၏ အရန်ဆန် သိုလှောင်မှု ထားရှိရန်နှင့် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန် ရည်ရွယ်သည်။

.

အယ်နီညိုသည် မိုးခေါင်မှုကို ကြာရှည်စေပြီး  ဆန်စပါးထုတ်လုပ်မှုကို ထိခိုက်စေကြောင်း သမ္မတ ဝီဒိုဒိုက ပြောကြားသည်။

.

အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ National Food Agency  အကြီးအကဲ Arief Prasetyo က ပထမအသုတ်အနေဖြင့် ဆန်တင်သွင်းမှုသည် တန်ချိန် ၅ သိန်းအထိရှိမည်ဖြစ်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး တင်သွင်းသွားမည်ဟု ပြောကြားသည်။

.

မတ်လမှ မေလအထိ စပါးရိတ်သိမ်းမှုသည် အဓိက ဆန်ထွက်ရှိမှု ဖြစ်ပြီး လူဦးရေ သန်း ၂၇၀ ကျော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် မလုံလောက်ဟု  Prasetyo က ပြောကြားသည်။

.

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ်တွက် ဆန်တန်ချိန် ၄ သိန်း၊ ၂၀၂၂ ခုနှစ်တွင် ဆန်တန်ချိန် ၃၂၀,၀၀၀ တင်သွင်းခဲ့ပါသည်။

.

ပါကစ္စတန်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ထံမှ တင်သွင်းပါသည်။

.

Source   Xinhua

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 09 April 2023 17:38
Rate this item
(0 votes)