Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပုဂ္ဂလိက မြေပဲဆီ၊ နှမ်းဆီစက် ၉၀ ရာခိုင်နှုန်း ပိတ်သိမ်းသွားဟုဆို

စားသုံးဆီဈေးကွက်အတွင်း ရောနှောဆီများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိ၍ မြေပဲနှင့် နှမ်းဆီဈေးကွက်

ဝေစုနည်းလာသဖြင့် ပုဂ္ဂလိကဆီစက်သုံးထောင်ကျော်၏ ၉၀ ရာခိုင်နှုန်း ပိတ်သိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

 

ယခုနှစ်တွင် မြေပဲဆီစက် သုံးရာခန့်သာကျန်ရှိပြီး မြေပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ ဖြင့် ရောင်းချချိန်၌ ရောနှောဆီ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းနေခြင်းကြောင့် မြေပဲဆီသည်ရောနှောဆီ ကို မယှဉ်နိုင်ကြောင်းဦးခင်စိုးက ဆက်လက်ပြောကြားသည်။

 

‘‘မြန်မာနိုင်ငံမှာ စားသုံးဆီ အတုတွေ၊ ရောနှောဆီတွေ၊ ဓာတုအနံ့ဆီတွေ ဈေးလျှော့ရောင်း နေတော့ ဆီစက်တွေ အခုအချိန် မှာ ၉၀ ရာခိုင်နှုန်း ရပ်သွားပြီ။ ရောနှောဖို့ ဓာတုအနံ့တွေက တရုတ်နဲ့ အိန္ဒိယကလာတာ’’ဟု ဧရာဝတီ မြေပဲဆီ စက်ပိုင်ရှင် လည်းဖြစ်သူ ဦးခင်စိုးက ပြော ကြားသည်။

 

ဈေးကွက်အတွင်းရှိ ကျန်းမာရေးနှင့် မညီညွတ်သော ရော နှောဆီများနှင့် ဓာတုအနံ့ဆီများ ကို ဖမ်းဆီးအရေးယူနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပါက လက်ကျန်ဆီစက်များပါ ပိတ်သိမ်းသွားနိုင်ကြောင်း ယင်းအသင်းအတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။

 

‘‘အဓိကကတော့ ဈေးကွက်ထဲမှာ ရောနှောဆီတွေ၊ ဓာတုအနံ့ဆီတွေရှိနေပြီး ဈေးနှုန်းက ထက်ဝက်လောက်ကွာတော့ သူ တို့နဲ့ယှဉ်ရောင်းလို့ မရတော့လို့ပဲ’’ ဟု မြင်းခြံမြို့ ၉၉၉ ဆီစက်ပိုင်ရှင် လည်းဖြစ်သူ ဦးအောင်ကျော် ကျော်က ပြောသည်။

 

ဈေးကွက်ထဲတွင် တစ်ပိဿာလျှင်ကျပ် ၁,၇၀၀ တန်စား အုန်းဆီကို မြေပဲဆီအနံ့သွင်းပြီး တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဖြင့် ရောင်းချနေ၍ မြေပဲဆီထုတ်လုပ်သူများ ရောင်းအားကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆီစက် ပိုင်ရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။

 

‘‘လက်ရှိအချိန်မှာ စက်ရုံတွေ ရပ်သွားရတာတော့ စားသုံးဆီ ဈေးကွက်ထဲမှာ စားအုန်းဆီတွေနဲ့ အတုအပတွေဖြစ်တဲ့ မြေပဲဓာတုအနံ့တွေထည့်ပြီး ဈေးလျှော့ရောင်းတော့ ရောင်းအားကျသွားလို့ပဲ’’ ဟု မုံရွာမြို့ရှိ စိုးမိုးထွန်းဆီစက်ပိုင်ရှင် ဦးထွန်းထွန်းဦးကလည်း ပြောသည်။

 

အင်းစိန်မြို့နယ်၌ နေထိုင် သော အိမ်ထောင်ရှင်မတစ်ဦးက မြေပဲဆီအစစ်များ တံဆိပ်တပ်၍ ရောင်းချရာ ဧရာဝတီမြေပဲဆီ သည် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ်၅,၄၀၀ နှင့် အမေထွားမြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၅,၅၀၀ ဖြင့် ဝယ်ယူစားသုံးနေကြောင်း ပြောသည်။

 

မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ‘‘ဆီစက်တွေ မကြိတ်နိုင်တော့ဘဲ ပိတ်လိုက်တော့ မွေးမြူရေးအစာအတွက် လိုအပ်တဲ့ ပဲဖတ်၊ နှမ်းဖတ်တွေကို ပြည်ပက ဝယ်ပြီး ဆီနဲ့အဖတ်တွေ ဖြည့်နေရတယ်။ အခုတောင် တစ်နိုင်ငံလုံးရဲ့ဆီစက် ၉၀ ရာခိုင်နှုန်း မရှိ တော့ဘူးလေ’’ဟုပြောသည်။

 

စားသုံးဆီ လိုအပ်ချက်ကို ပြည်ပမှ စားအုန်းဆီတင်သွင်း ရောင်းချမှုဖြင့် ဖြည့်ဆည်းနေရာစားသုံးသူ၊ ဆီစက်ပိုင်ရှင်နှင့် အလုပ်သမားပြည်သူများအားလုံး စီးပွားရေး၊ အလုပ်အကိုင်နှင့် ကျန်းမာရေးများ ထိခိုက်လာနိုင်ကြောင်း ဒေါက်တာသက်မှူးက ပြောသည်။

 

‘‘မြေပဲဆီတု၊ နှမ်းဆီတုတွေ ကို ၂,၀၀၀ လောက်နဲ့ ရောင်းနေ တဲ့သူတွေ မရှိအောင် လုပ်ရမှာ။ ရိုးသားမှုမရှိတဲ့၊ တရားမျှတမှုမရှိတဲ့ လိမ်လည်ကောက်ကျစ်သူတွေ မရှိတော့တဲ့အထိ ဆောင်ရွက်ရ မှာ၊ မြေပဲဆန်စိုက်တောင်သူတွေ အကျိုးရှိအောင်လည်း မျိုးကောင်း မျိုးသန့် စိုက်ပျိုးရေးနည်းလမ်းနဲ့ သွင်းအားစုတွေ ပံ့ပိုးပေးရမှာ’’ဟု ဦးခင်စိုးက ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:17
Rate this item
(1 Vote)