Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လာမည့်နှစ်တွင် ဂျာမနီနိုင်ငံသို့ စိန်တလုံးသရက်သီး တင်ပို့မည်

ယခုနှစ်တွင် ဂျာမနီနိုင်ငံ က စိန်တလုံး သရက်သီးများ မှာ ယူခဲ့သော်လည်း ပြည်တွင်းတွင် သရက်သီးရာသီချိန် ကုန်ဆုံးပြီ ဖြစ်သဖြင့် နောက်နှစ် သရက်သီး ရာသီချိန်မှသာ တင်ပို့ရောင်းချ ရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

 

‘‘စိန်တလုံး သရက်သီး ရောင်းချနိုင်ဖို့ ဈေးကွက်ရှာတာ ပါ။ ဒီနှစ် ပြည်တွင်းမှာ သရက်သီးဈေးကွက်ပျက်တယ်။ ဈေး ကောင်းမရဘူး။ တရုတ်ဘက်က လည်း အရင်နှစ်လောက် မဝယ် ဘူး။ အဲဒါကြောင့် ဂျာမနီကို နမူနာ တင်ပို့တယ်။ သူတို့က လည်း ကြိုက်တယ်ဆိုပြီး လှမ်းမှာ တယ်။ ဒါပေမဲ့ ဒီမှာ သရက်သီးက မသီးတော့ဘူး။ ရာသီချိန်ကုန် သွားပြီ’’ဟု ဦးကျော်သူက ပြော သည်။

 

ပြည်တွင်းသရက်သီး သီး ချိန်တွင် တရုတ်နိုင်ငံ၌ သရက်သီး ပေါ်ချိန်နှင့် တိုက်ဆိုင်ခြင်း၊ ၂၀၁၆ က သရက်သီးများ မရင့် မီ ခူးဆွတ်ရောင်းချမှုများရှိခြင်းကြောင့် တရုတ်နိုင်ငံသို့ သရက်သီး တင်ပို့မှုကျဆင်းခဲ့ ကြောင်း ဦးကျော်သူက ပြော သည်။ ယင်းအတွက် သရက်သီး စိုက်ပျိုးရောင်းချသူများ အကျိုး အမြတ်ရရှိမှု နည်းပါးပြီး ဂျာမနီ သို့ သရက်သီးဈေးကွက်ချဲ့ထွင် နိုင်ပါက သရက်စိုက်တောင်သူ များ ပြန်လည်အဆင်ပြေလာ မည်ဟု ၎င်းကပြောသည်။

 

ဂျာမနီနိုင်ငံသို့ တစ်ရက် လျှင် သရက်သီး တစ်တန်ခန့် တင်ပို့ရောင်းချရနိုင်ကြောင်း၊ စိန် တလုံးသရက်သီးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အနည်းငယ် စိုက်ပျိုးလာသည်ကိုလည်း တွေ့ ရကြောင်း ဦးကျော်သူက ပြော သည်။

 

Read More >>>>> ယူနန်တွင် ဖမ်းဆီးမှုများကြောင့် တရုတ်ကုန်သည်များ ဆန်နှင့်သကြား ဝယ်လိုအားလျှော့ချ

ယခုနှစ်အတွင်း သရက်သီး အနုများ ဈေးကွက်အတွင်း ဝင် ရောက်မှုများပြီး သရက်သီး အရည်အသွေး ကောင်းမွန်မှုမရှိ သဖြင့် ဈေးကောင်းရရှိမှု နည်းပါး ကြောင်း သီရိမင်္ဂလာဈေးရှိ သစ် သီးပွဲရုံပိုင်ရှင်တစ်ဦးက ဆိုသည်။

 

အရည်အသွေး မပြည့်ဝ သည့် သရက်သီးများကို တင်ပို့ ရောင်းချမှု မပြုလုပ်ရန် သရက် သီးထွက်ရှိသည့် မြို့များတွင် မန္တလေးတိုင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး ဟော ပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေက ပြောကြားထား သည်။

 

မြန်မာနိုင်ငံတွင် လူကြိုက် များ ရောင်းအားကောင်းသော သရက်သီး အမျိုးအစားများမှာ စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည် တို့ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် သရက်မျိုးပေါင်း ၂၀၀ ရှိပြီး သရက်သီးအမျိုးအစားနှင့် စိုက်ပျိုးရာဒေသအပေါ်မူတည်၍ ဧပြီမှ ဇူလိုင်လဆန်းပိုင်းအတွင်း ခူးဆွတ်ကြသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:52
Rate this item
(4 votes)