Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံဈေး အနည်းငယ်ပြန်တက်

မန္တလေးကုန်စည်ဈေးကွက်အတွင်း ပြီးခဲ့သည့်အပတ်အတွင်းက ဈေးကျခဲ့ရာမှ ယခုအခါ ပဲစင်းငုံ (သစ်) ဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။

 

ယင်းကုန်စည်ဈေးကွက်အတွင်း အခြား ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ (သစ်) နှင့် ကုလားပဲဈေးနှုန်းများ ကျဆင်းသော်လည်း ပဲစင်းငုံ (နီ-သစ်) ဈေးမှာ ပြီးခဲ့သည့်အပတ်ကထက် တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့်ပြန်တက်ကြော
င်း ၎င်းတို့ထံမှ သိရသည်။

 

အိန္ဒိယက ပဲမဝယ်သေးသော်လည်း ပြည်တွင်း၌ အထွက်နှုန်း များစွာလျော့ကျခဲ့သော ပဲစင်းငုံကို လှောင်လက်အများစုက သိုလှောင်ရန် စိတ်ဝင်စားကြသဖြင့် ပဲစင်းငုံ (နီ-သစ်) ၏ ဈေးနှုန်းအနေအထား ကောင်းမွန်နေခြင်းဖြစ်ကြောင်း
အောင်ကြည်ဝင်း ပွဲရုံပိုင်ရှင် ဦးရဲမိုးအောင်က ပြောကြားသည်။

 

“ပဲစင်းငုံက အများစု လှောင်ကြမှာ။ ပြည်တွင်းလှောင်လက်နဲ့တင် ဈေးက ထိန်းသွားမှာ။ ငွေလှောင်နိုင်တဲ့လူက ဝယ်ထားမှာပဲ”ဟု ၎င်းက ပြောကြားသည်။

 

မန္တလေး ကုန်စည်ဈေးကွက်အတွင်း ကုလားပဲ (V7 သစ်) သုံးတင်းဝင်တစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်၊ မတ်ပဲ (သစ်)သုံးတင်းဝင်တစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်နှင့် ပဲစင်းငုံ(နီ-သစ်) သုံးတင်းဝင်တစ်အိတ်လျှင် ၇၈,၀၀၀ ကျပ်ဈေးရှြိေ
ကာင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

 

Source: The Voice

Read times
Rate this item
(0 votes)