Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံတွင် ဆန်နီ (Red Rice) နှင့် ဆန်အရောင်စုံမျိုးဗီဇကွဲများ မျိုးပေါင်း (၂၀၀) ကျော် ကို သုတေသနပြုစိုက်ပျိုးလျက်ရှိ

မြန်မာနိုင်ငံတွင် မျိုးစေ့ဘဏ်အနေဖြင့် အာဟာရဓာတ် ပိုမိုကြွယ်ဝပြီး အထွက်နှုန်းကောင်းမွန် စေရန်ရည်ရွယ်၍

ယခုနှစ် မိုးရာသီတွင် ဆန်နီ (Red Rice) နှင့် ဆန်အရောင်စုံမျိုးဗီဇကွဲများ မျိုးပေါင်း (၂၀၀) ကျော် ကို ထပ်ပြုကြိမ်(၃) ကြိမ်ဖြင့် စိုက်ပျိုး၍ ယခုအခါ အထွက်နှင့်အထွက်မိတ်ဖက်များ ကနဦးလေ့လာမှုများပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ သုတေသနပြုချက်ဆောင်ရွက်ပြီးစီးပါက တောင်သူများထံသို့ဝေမျှသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဘဏ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမင်းစံသိန်းက ဆင်ဟွာသို့ အောက်တိုဘာ ၃၀ရက်တွင်ပြောသည်။

“ဆန်နီ၊ဆန်ဝါ အပါအဝင် ဆန်ရောင်စုံကို ဗီဇကွဲမျိုး ၂၀၀ လောက်ကို အထွက်ကို လေ့လာနေတယ်။ စိုက်ထားပြီး ဒေတာကောက်တဲ့ အဆင့်ရောက်ပြီ။ မြန်မာနိုင်ငံမှာ ရှိတဲ့ဆန်တွေမှာဘာအရောင်တွေရှိလဲ အရင်ရှာထုတ်တယ်။ အခုစမ်းသပ်စိုက်ပျိုးပြီးပြီ။ ရိတ်သိမ်းပြီးတဲ့အချိန်ကျရင် Nutrition (အာဟာရ) ပါဝင်မှု ကို နိုင်ငံခြားကိုပို့ပြီးစမ်းသပ်ဖို့ရည်ရွယ်ထားပါတယ်။ ပြီးရင် ဆန်ရောင်စုံထဲကမှ colorful rice ဆိုပြီးအဲဒီမျိုးတွေအကုန်စု ပါကင်ထုတ်ပြီး ရောင်းတာ နိုင်ငံတကာမှာတော့ရောင်းတယ်။ အရောင်စုံကို စားရင် ဆန်အရောင်တစ်မျိုးတည်းစားတာထက် အာဟာရစုံ ရတာပေ့ါ။အဲဒါကို ရည်ရွယ်တာ။ဒီသုတေသနက မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တာပါ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

Red rice စပါးမျိုးများသည် ဗီတာမင် B1၊ B2 ကြွယ်ဝပြီး အခြားအာဟာရဓါတ်ပါဝင်မှုများသည့်အတွက် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသည့်အပြင် ဈေးကွက်တွင်လည်း ရောင်စုံဆန် (Colorful Rice) ထုတ်လုပ်ရောင်းချလာပါက ဆန်နီ (Red Rice) ကို အရောင်တစ်မယ်အဖြစ် ပါဝင်ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဆန်ရောင်စုံကို ဒီ ၂၀၂၀ပြည့်နှစ်မှ စတင်စမ်းသပ်စိုက်ပျိုးဖြစ်တာ။ အခုကရိတ်ခါနီးပြီ။ နောက်လာမယ့် ဇန်နဝါရီ ဆို အကုန်ပြီးပြီ။လာမယ့်နှစ် ကို တစ်ကြိမ်ထပ်စိုက်ရင်စိုက်မယ်။ တောင်သူတွေ က စီးပွားဖြစ်ထုတ်ချင်ရင်ထုတ်ပြီး စူပါမားကတ်တွေ မှာရောင်းလို့ရတာပေ့ါ။ မိုးစပါးအနေနဲ့ ပဲစိုက်လို့ရပါတယ်။ ပထမဆုံးအအနေနဲ့ မျိုး ၂၀၀ ကို အကွက် ၃ ကွက် စမ်းသပ်စိုက်ပျိုးတာ။ ရတဲ့ အချက်အလက်တွေ ကို စာတမ်းရေး၊ စာတမ်းဖတ်ပြီး၊ တောင်သူတွေအနေနဲ့မျိုးလိုရင် မျိုးယူပြီး စိုက်လို့ရပါတယ်’’ ဟုဒေါက်တာမင်းစံသိန်းက ဆက်ရှင်းပြသည်။

ဆန်နီ (Red Rice) စပါးမျိုးဆိုသည်မှာ မူလက စပါးရိုင်းမျိုးစိတ် (Oryza punctata) ကို Red Rice ဟုခေါ်ရာမှ ယခုအခါ လုံးတီးဆန်အနီရောင် ( Red Bran Layer ) ရှိသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးနေသည့်အတွက်ကြောင့် ဆန်နီ (Red Rice) ဟူ၍လူသိများလာကြကြောင်း၊ အရောင်မှာ အနီရောင်ဖျော့ဖျော့ (Light Red) မှ အနီရင့်ရောင် (Dark Red) အထိရှိနိုင်ကြောင်း သိရသည်။

xinhuamyanmar.com

Read times
Rate this item
(0 votes)