Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စင်ကာပူနိုင်ငံမှ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များ နေ့စဉ် နှစ်တန်မှာယူမှုရှိသော်လည်း တန်ဝက်သာ တင်ပို့နိုင်

မြန်မာနိုင်ငံမှထွက်ရှိသည့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များကို နေ့စဉ် တန်ချိန်နှစ်တန် စင်ကာပူနိုင်ငံမှ မှာယူသော်လည်း တန် တစ်ဝက်ခန့်ကို နှစ်ရက်တစ်ကြိမ်သာ

ပို့ဆောင် ပေးနိုင်ကြောင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင် ခြံဦးစီးမှူး ဦးအောင်ဌေးထံမှ မတ် ၂ ရက်၌ သိရသည်။

 

"စင်ကာပူနိုင်ငံကနေပြီးတော့ နေ့စဉ်နှစ် တန်မှာတာ ကျွန်တော်တို့ကမပို့နိုင်သေးလို့၊ ပို့ဆောင်ပေးဖို့က ကျွန်တော်တို့ညောင်နှစ်ပင် မှာ အအေးခန်းအခက်အခဲရှိတယ်။ ပို့ဆောင် တာကတော့ အခက်အခဲအနည်းငယ်ပဲရှိပေ မယ့် သူတို့မှာသလောက် မပို့သေးဘူး။ မပြတ် ရုံလောက်ပဲပို့နေသေးတာ။

 

နှစ်ရက်ကျော်မှ တန်ဝက်ပဲပို့ပေးနိုင်သေးတယ်။ ဟင်းသီး ဟင်းရွက်နဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ စက် ကိရိယာတွေကလည်း မပြည့်စုံဘူး။ အအေး ခန်းဆိုရင်လည်း ဟင်းသီးဟင်းရွက် အအေး ခန်းမရှိဘူး။ စင်ကာပူဆိုပေမယ့် နှစ်ညအိပ် လောက် ကြာကြာသွားတယ်"ဟု ညောင်နှစ်ပင် ခြံဦးစီးမှူး ဦးအောင်ဌေးက ပြောဆိုသည်။

 

Read More>>>>  ပြည်ပမှ တစ်နှစ်  အမေရိကန်ဒေါ်လာ  သန်း  ၁၅၀  ရရှိရန် ဧရာဝတီတိုင်း  ငါးတန်မွေးမြူရေးစီမံကိန်း တင်ပို့မည်

 

"စင်ကာပူနိုင်ငံသို့ ပို့ဆောင်နေသော ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များမှာ ကန် စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ ထိုင် ဝမ်မုန်ညင်း၊ ယုဆိုင် (Yusai) (ကိုက်လန်ရွက် တစ်မျိုး)တို့ဖြစ်ပြီး ကုမ္ပဏီမှတစ်ဆင့် ပို့ဆောင် နေခြင်းဖြစ်သည်။

 

အခက်အခဲရှိ

"အစားသုံးသူများ အန္တရာယ်ကင်းရှင်းရေး အတွက် ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်နေပြီး ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများသို့ပါ ပို့ဆောင်နေကြောင်း၊ အချို့သောအခက်အခဲများကြောင့် ပြည်ပနိုင်ငံများသို့ ပိုဆောင်မှုခေတ္တရပ်နား ထားကြောင်းသိရသည်။

 

ပို့ဆောင်ပေး

"ယခုလက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အကူအညီဖြင့် ညောင်နှစ်ပင်တွင်အအေးခန်းတည်ဆောက်နေပြီး ပြည်တွင်း ရှိ City Mart များသို့နေ့စဉ် ပို့ဆောင်ပေးနေကြောင်းသိရသည်။

 

Source: MM Time

Read times Last modified on Tuesday, 05 March 2019 15:54
Rate this item
(1 Vote)