Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖွဲနုဈေးတက်တဲ့အတွက်ကြောင့် ငါးပုစွန်မွေးမြူသူများ အခက်ကြုံနိုင်

ဖွဲနုဈေးတက်တဲ့အတွက်ကြောင့် ငါးပုစွန်မွေးမြူသူများ အခက်ကြုံနိုင် google.com

ငါး၊ ပုစွန်မွေးမြူရေးတွင် ဖွဲနုကို အဓိကအစာအဖြစ် အသုံးပြုကြရပါတယ်။

ယခု ငါး၊ ပုစွန်အစာ ဖွဲနုဈေးနှုန်းသည် ယခင်နှစ်များကထက် ဈေးနှုန်းပိုမိုမြင့်တက်နေသဖြင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်သူများ အခက်အခဲတွေ့ကြုံနိုင်ကြောင်း မြန်မာနိုင်ငံ ငါးပုစွန်အစာထုတ်လုပ် ရောင်းချသူများအသင်းထံမှ သိရပါတယ်။

 

၂၀၁၆-၁၇ ခုနှစ်၏ မတ်လနှင့် ဧပြီလများတွင် ဖွဲနုဈေးနှုန်းတက်လေ့ရှိသော်လည်း ယခုနှစ်တွင် မတ်လမကုန်မီပင် ဖွဲနုအခြေခံဈေးနှုန်းမှာ တစ်ပေါင်လျှင် ငွေကျပ် ၉၀ မှ ၉၅ ကျပ်အထိရှိနေပြီး ဖွဲနုအရည်အသွေးမှာလည်း ကောင်းမွန်မှုမရှိကြောင်း၊ ငါး၊ ပုစွန်အစာဈေးနှုန်းတက်နေသည့်အပြင် ငါးဈေးနှုန်းကျနေသည့်အတွက် ငါး၊ ပုစွန်မွေးမြူသူများအနေဖြင့် အရင်းအနှီးများ၍ အမြတ်ရရှိမှု နည်းပါးနိုင်ကြောင်း သိရပါတယ်။

 

ငါးမွေးမြူရေးလုပ်ငန်းမှာ အများဆုံး အသုံးချတဲ့ဖွဲနုက ၂၀၁၈ ခုနှစ်၊ ဈေးတက်ပုံက ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နဲ့ မတူဘူး။ နှစ်စဉ်မတ်လကုန် ဧပြီလဆန်းလောက် မိုးစကျပြီဆိုရင် ဖွဲနုဈေးတွေတက်လေ့ရှိပါတယ်။

 

သို့ပေမယ့်လည်း ယခု မတ်လမကုန်ခင် ဖွဲနုဈေးက တစ်ပေါင်ကို ငွေကျပ် ၉၀ ကနေ ၉၅ ကျပ်အထိ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငါးပုစွန်အစာထုတ်လုပ် ရောင်းချသူများအသင်းထံမှ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:14
Rate this item
(3 votes)