Food & Livestock
၃-၁၁-.၂၀၂၀ ရက် (အင်္ဂါနေ့) သားငါးစားသောက်ကုန် ဈေးကားများ ရန်ကုန် ၈ မြို့နယ် တစ်ပြိုင်နက်တည်း ရောင်းချမည်
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် စက်မှုကုန်သည်အသင်းချုပ်ညီနောင်အသင်းများမှ စီစဥ်ရောင်းချပေးသော
ဈေးရောင်းကားများသည် ၃-၁၁-၂၀၂၀ ရက်နေ့တွင် မြို့နယ် ၈ ခုတွင် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
ရန်ကုန်မြို့နေပြည်သူလူထု၏ တောင်းဆိုချက်အရ ကိုဗစ်ကာလအတွင်းနေအိမ်များမှ ဝေးလံသောဈေးများ သို့သွားရောက်ရန်မလိုဘဲ မိမိတို့ရပ်ကွက်အတွင်းတွင် သက်သာသောနှုန်းထားများဖြင့် သားငါးစားသောက်ကုန်များကို ဝယ်ယူနိုင်ရန် အတွက် တစ်ရက်လျှင် ယခင် မြို့နယ်လေးခုသာရောင်းချနေခြင်းမှ မြို့နယ်ရှစ်ခုသို့ တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ပါသည်။
၃-၁၁-.၂၀၂၀ ရက် (အင်္ဂါနေ့) တွင် မြို့နယ်အလိုက်စျေးကားများရောင်းချမည့်အစီအစဉ်
အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာမြို့နယ်တွင်
ဝေဘာဂီလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်။ဝေဘာဂီရပ်ကွက် ။ဘူမ္မာ(၄) လမ်း။(၅) လမ်း။
သဃ်န်းကျွန်း မြို့နယ်တွင်
ပြည်တော်သာလမ်း ။ဦးဘဟန်လမ်း။ဇေယျာသုခလမ်း၊အထက(၅) ကျောင်းရှေ့
အနောက်ပိုင်းခရိုင် လသာမြို့နယ်တွင်
မဟာဗန္ဓုလလမ်းတလျောက် (၁၈) လမ်းနှင့် စဥ့်အိုးတန်းလမ်းကြား။စဥ့်အိုးတန်းနှင့် (၂၀) လမ်းကြား။ လသာလမ်းနှင့် (၂၀) လမ်းအကြား။လသာနှင့်(၂၁) လမ်းကြား။ဗိုလ်ရွဲ နှင့်( ၂၂) လမ်းကြား။
အလုံမြို့နယ်တွင်
ကွင်းကျောင်းလမ်းကွင်းကျောင်းပန်းခြံရှေ့။ သီရိမဂ်လာအိမ်ရာလွတ်လပ်ရေးရပ်ကွက်။ ပောင်ဇေယျအိမ်ရာ သစ်တောရပ်ကွက်။
တောင်ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင်
ဒေါပုံဂျပန်တံတားအဆင်း။ဝါဆိုရပ်ကွက်။မဏ္ဏိုင်လမ်းနှင့် အောင်တံခွန်လမ်းထိပ်။
သာကေတမြို့နယ် တွင်
ရန်ပြေလမ်းရန်ပြေရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့။သဒ္ဒါရုံလမ်းနှင့်အနော်မာလမ်းထောင့်
မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင်
သုခိတလမ်းကြိုကုန်းရပ်ကွက်။
လှိုင်သာယာအရှေ့မြို့နယ်တွင်
အမှတ်(၆)ရပ်ကွက် ကျန်စစ်သားလမ်း။ကျန်စစ်သားအိမ်ရာ
အထက်ဖေါ်ပြပါ မြို့နယ်များတွင် ကြက်သား။ကြက်ဥ။ ရေချိုရေငန် ငါး ပုဇွန်။ ဝက်သား။အမဲသား။ဆိတ်သား။စားဆီ။ဟင်းသီးဟင်းရွက်များအား ဈေးကားယာဥ်တန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
နောက်ရက်များတွင်လည်း တစ်ရက်လျှင် မြို့နယ်ပေါင်းရှစ်ခုတို့၌ အလှည့်ကျ နေ့စဥ်စီစဥ်ရောင်းချသွား မည်ဖြစ်သည့်အတွက် ကုန်သည်စက်မှုအသင်းချုပ်၏ facebook page နှင့် CITY FM အစီအစဥ်များမှ ရောင်းချမည့် အစီအစဥ်များအား အများပြည်သူသိရှိနိုင်ရန် အချိန်နှင့်တပြေးညီ အသိပေး သွားမည် ဖြစ်ပါသည်။
ထိုသို့ရောင်းချရာတွင် ဈေးကားများသည် သတ်မှတ်ထားသော ဈေးကားဗီနိုင်းများ ချိတ်ဆွဲထားပြီး သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ များမှ တာဝန်ရှိ ဝန်ထမ်းများကိုယ်တိုင် ကြီးကြပ်ဆောင် ရွက်သွားမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများကြီးကြပ်မှုအောက်မှမဟုတ်ဘဲ မိမိတို့ အစီအစဥ်ဖြင့်ရောင်းချသော ဈေးကားများ မသက်ဆိုင်ကြောင်း အသိပေးအပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)



