Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စပါးဈေးနှုန်းများ ကျဆင်းနေ၍ တောင်သူများအခက်ကြုံ

ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက်စနစ်ဖြင့် စပါးစိုက်ပျိုးနိုင်ကြသည့် ပဲခူး၊ ဖြူး၊ အုတ်တွင်း၊

တောင်ငူ၊ ရေတာရှည်မြို့နယ်တို့ရှိ တောင်သူများအနေဖြင့် ယခုအခါ စပါးများရိတ်သိမ်းကာ ဈေးကွက်သို့ တင်ပို့လျက်ရှိရာ စပါးဈေးကျဆင်းမှုကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။

 

ယင်းမြို့နယ်တို့တွင် စပါးစပေါ်ချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ အေလာမြို့တစ်ဝိုက်မှ စပါးဝယ်သူများမှာ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၅၇၀၀၀၀ အထိ ပေးဝယ်ကြသော်လည်း မေလ ဒုတိယပတ်မှ စတင်ကာ စပါးဖြိုင်ဖြိုင်ပေါ်၍ ရောင်းလိုအားနှင့် ၀ယ်လိုအးမမျှဖြစ်ရာက အ၀ယ်အေးကာ စပါးတင်း ၁၀၀လျှင် ငွေကျပ် ၅၁၀၀၀၀ အထိ ကျခဲ့ကြောင်း သိရပါတယ်။

 

တောင်သူများအနေဖြင့် စက်ရိတ်သိမ်းခနှင့် လုပ်အားခအကြေးပေးရန်အတွက် ရသည့်ဈေးဖြင့် အကြွေးရောင်းချနေရသော်လည်း ၁၅ ရ က်တစ်လခန့်ကြာသည်အထိ စပါးဖိုးငွေမရခြင်းအပြင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ လမ်းကြောင်းဖြစ်သော မူဆယ်မြို့တွင် လတ်တလောအခြေအနေကြောင့် ဆန်တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့သဖြင့် စပါးဈေးများ ဆက်လက်ကျဆင်းကာ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၄၉၀၀၀၀ အထိ ကျဆင်းလာကြောင်း သိရပါတယ်။

 

“ရောင်းသာရောင်းလိုက်ရတာ စပါးဖိုးက ၁၅ ရက်လောက်ကြာချင်လည်းကြာတယ်။ တစ်လကြာချင်လည်းကြာတယ်။ ပွဲစားတွေ စပါးတင်းသောင်းနဲ့ချီပြီး ပိုက်မိနေတာ အချို့ပွဲစားတွေဆိုရင် ထွက်ပြေးကုန်တယ်လိုပ သတင်းကြားနေရတော့ ရင်တမမနဲ့ပဲ စောင့်နေရတာပေါ့” ဟု တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

တောင်သူများအနေဖြင့် မိမိတို့လယ်မှထွက်ရှိသည့် စပါးကို အခြောက်လှမ်းရခြင်းအတွက် ကုန်ကျစရိတ်၊ သယ်ယူစရိတ်နှင့် လုပ်အားခများတိုးမြင့်လာသည့်အတွက် ကုန်ကျမှု ပိုမိုများပြားလာခြင်းအပြင် ရောင်းချ ရသည့် စပါးဈေးကွက်တည်ငြိမ်ခြင်းမရှိသည့်အတွက် အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:38
Rate this item
(1 Vote)