Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


များပြားလှတဲ့ ဂဏန်းနီတွေ သမုဒ္ဒရာဆီသို့ ချီတက်

ဂဏန်းနီ red crab သည် ရေအပူချိန် ၃၈ ဒီဂရီ ဖာရင်ဟိုက်ခန့်ကို ကြိုက်နှစ်သက်သည်။


ယေဘုယျအားဖြင့် ဂဏန်းနီသည် ၁ မှ ၂ ပေါင်အထိ လေးသည်။

၄ ပေါင်နီးပါးအထိ အရွယ်ကြီးကြီး ဂဏန်းနီများလည်း ရှိသည်။

 

mqdefault.jpg

 

အာရှတွင် လူကြိုက်များသည်။ ကင်စားကြလေ့ရှိသည်။ အသားချိုသည်။

 

 

download.jpg

 

အာရှဈေးကွက်ထဲသို့ လေကြောင်းမှ တင်ပို့ကြသည်။ ကိုဗစ်မတိုင်ခင်က ဂဏန်းကုန်စည် ပေါင် ၃,၀၀၀ ဝန်းကျင် အပတ်စဉ် အမေရိကန်မှ တင်ပို့လေ့ရှိသည်ာ

ရေအပူချိန် ၃၈~၄၀ ဒီဂရီ ရေကန်ထဲ ထားလျှင် ၂ ပတ် ၃ ပတ် အထားခံသည်။
ရေခဲရိုက်လျှင် သုံးလေးရက်သာ အထားခံသည်။ ကိုယ်ပေါ်တွင် အမည်းစက်များ ပေါ်လာသည်။
ပုံမှန်အားဖြင့် ၂ နှစ်လျှင်တစ်ကြိမ် သားပေါက်သည်။ သက်တမ်းမှာ ၁၅ နှစ်အထိ အသက်ရှည်သည်။


ခရစ္စမတ်ကျွန်းပေါ်မှ ဂဏန်းနီများ

အခွံမာရေနေသတ္တဝါ အုပ်စုဝင် ဂဏန်းနီနီ ကောင်ရေ သန်း ၅၀ ကျော် ဩစတေးလျ အနောက်ပိုင်း ခရစ္စမတ်ကျွန်းပေါ်မှာ နေထိုင်ကြပြီး သားပေါက်ချိန်မှာ နေထိုင်ရာ တောအုပ်ဆီမှ ပင်လယ်ကမ်းခြေ သောင်ပြင်ဆီကို အကုန်လုံး တန်းစီချီတက်ကြတယ်။
အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလမှာ ချီတက်ကြတယ်။

အချို့နေရာတွေမှာ သူတို့ ကားလမ်းကူးဖို့ ကုန်းကျော်တံတား ဆောက်ပေးထားတယ်။ ကုန်းကျော်တံတားကို တွယ်တက်လို့ရအောင် ဒီဇိုင်း ထုတ်ပေးထားတယ်။

 

 

download_2.png

 

download_8.png

 

ကုန်းကျော်တံတားကိုပဲ အသုံးပြုစေဖို့ ကားလမ်းဘေးတစ်လျှောက် နံရံတွေ ပိတ်ကာထားတယ်။

တချို့နေရာတွေမှာတော့ ကားလမ်းကို ပိတ်ပေးထားတယ်။

 

download_7.png

 

အမျိုးသားဿယျာဉ်ဖြစ်တဲ့ ကမ်းခြေကို ရောက်ရှိကြပြီးတဲ့အခါ ဂဏန်းအမတွေက အိန္ဒိယသမုဒ္ဒရာထဲ ဥပေါင်း တစ်သိန်း အုချတယ်လို့ ခန့်မှန်းထားကြတယ်။ ၅ ည ၊ ၆ ည ဆက်တိုက် အုကြတယ်။

ဂဏန်းနီနီတွေကို ခရစ်စမတ်ကျွန်းမှာ ဘေးမဲ့ပေးထားတယ်။ ကမ္ဘာပေါ်မှာ ဂဏန်းကောင်ရေ အများဆုံး ဖြစ်ပါတယ်။

ဂဏန်းတွေ အများကြီး ပေါက်ပေမဲ့ ငါးတွေ စားခံရတယ်။ ငါးမန်းတွေ ရောက်လာပြီး ဂဏန်းပေါက်တွေကို ပွဲတော်တည်ကြတယ်။
မသေသေးတဲ့ ဂဏန်းပေါက်ကလေးတွေ တစ်လအကြာမှာ ကျွန်းပေါ်က တောအုပ်ဆီကို ပြန်ရောက်လာကြပါတယ်။

 

download_5.png

 

Capture_2.PNG

 

download_9.png

 

 

 

Read times Last modified on Friday, 19 November 2021 09:33
Rate this item
(0 votes)