Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပအ၀ယ်လိုက်နေ၍ ပြည်တွင်းဆန်ကြမ်းဈေး ရက်ပိုင်းအတွင်း ၅ ရာခိုင်နှုန်းခန့် မြင့်တက်

ပြည်ပအ၀ယ်လိုက်နေ၍ ပြည်တွင်းဆန်ကြမ်းဈေး ရက်ပိုင်းအတွင်း ၅ ရာခိုင်နှုန်းခန့် မြင့်တက် google.com

ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချရန် ပြည်ပဆန်တင်ပို့သူများက ပြည်တွင်းဈေးကွက်မှ

ဝယ်ယူစုဆောင်းမှုများကြောင့် စက်တင်ဘာအတွင်း ဆန်ကြမ်းဈေး ၅ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

 

ပြည်တွင်း ဈေးကွက်တွင် စက်တင်ဘာလဆန်းက ဧည့်မထ ဆန်ကြမ်းတစ်အိတ်လျှင် ၂၁,၀၀၀ ကျပ်ခန့်မှ စက်တင်ဘာ ၁၆ ရက်တွင် ၂၂,၀၀၀ ကျပ်၊ ဇီယာဆန် ကြမ်းတစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်ခန့်မှ ၂၄,၀၀၀ ကျပ်သို့ မြင့် တက်လာသည်။

 

လက်ရှိအချိန်သည် ဆန်အ သစ်ပေါ်ရန် လပိုင်းအလိုဖြစ်ခြင်း ကြောင့် ဆန်ဈေးမြင့်တက်ခြင်းသည် လယ်သမားများဈေး ကောင်းရနိုင်မည့် အခွင့်အရေး ဖြစ်ကြောင်း ပြည်တွင်းဆန်ကုန်သည်အချို့က ပြောသည်။

 

‘‘ပြည်ပက ဆန်အဆွဲ ကောင်းနေတော့ ပဲသမားတွေ တောင် ဆန်ကို ပြောင်းလုပ်တာ တွေရှိတယ်’’ဟု ဦးနေလင်းဇင်က ပြောသည်။

 

စက်တင်ဘာအတွင်း ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံ အပါအ၀င် အခြားနိုင်ငံများသို့ တင်ပို့ရန် ဆန်သင်္ဘော ငါးစီးခန့် ရှိပြီး စုစုပေါင်းတန်ချိန် တစ်သိန်းကျော် တင်ပို့ရန်ရှိကြောင်း ၎င်းက ဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆန်လိုအပ်ချက်ကြောင့် ပုဂ္ဂလိက ကဏ္ဍမှ တင်ပို့မှုအဖြစ် စင်ကာပူ အခြေစိုက် ပဲကုမ္ပဏီအချို့က မြန်မာနိုင်ငံမှ ဆန်ကိုဝယ်ယူ တင်ပို့နေကြောင်း ပြည်ပသို့ ဆန် တင်ပို့သူ ဦးမျိုးသူရအေးက ပြော သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၃၃၈ ဒေါ်လာ ဈေးဖွင့်၍ ၀ယ်ယူကြောင်း ၎င်းက ပြောသည်။

 

အစိုးရချင်း သဘောတူညီမှု ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် သုံးသိန်းရောင်းချရန် စက်တင်ဘာ ၇ ရက်က နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

 

ထို့အပြင် တရုတ်ကုန်သည် များက ဗီယက်နမ်နယ်စပ်မှ ဆန်တင်သွင်းရန် အခက်အခဲများ ရှိခြင်းကြောင့် မြန်မာနိုင်ငံ မူဆယ်နယ်စပ်မှ တစ်ရက်လျှင် ဆန်တန်ချိန် သုံးထောင်မှ လေးထောင်အကြားဝယ်ယူလာသည်။

 

ထိုကဲ့သို့ ပြည်ပဆန်အ၀ယ် များသဖြင့် မိုးစပါးပေါ်ရန် လပိုင်းအလိုတွင် ပြည်တွင်း ဆန်ကြမ်းဈေး ထပ်မံမြင့်တက်လာနိုင် ကြောင်း ဆန်ကုန်သည်များက ခန့်မှန်းနေသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:22
Rate this item
(2 votes)