Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ်တိုင်မွေးမြူရေးခြံထွက် ကျွဲ၊ နွားများကိုသာ ပြည်ပတင်ပို့ခွင့်ရန် စီစဉ်

မြန်မာနိုင်ငံက ကျွဲ၊ နွားများကို ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချခွင့်ပြုရာတွင် ဝယ်ယူစုဆောင်း ရောင်းချမှုပုံစံအစား ကိုယ်တိုင်မွေးမြူထားတဲ့ မွေးမြူရေးခြံထွက် ကျွဲ၊ နွားများကိုသာ တင်ပို့ရောင်းချတဲ့ပုံစံနဲ့ ပြောင်းလဲခွင့်ပြုရန် စီစဉ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

“မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက လုပ်ဆောင်မယ့် အစီအစဉ်ပါ။ နောက်ပိုင်းဆို လိုက်ဝယ်တဲ့ဟာမဟုတ်ဘဲနဲ့ ကိုယ်တိုင်မွေးမြူတဲ့သူတွေပဲ တင်ပို့ခွင့်ပေးဖို့ တဖြည်းဖြည်းနဲ့ သွားနိုင်ဖို့ ဆောင်ရွက်နေတာပါ“ လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

၎င်းစနစ်နဲ့ ဆောင်ရွက်မယ်ဆိုပါက ကျွဲ၊ နွားမွေးမြူသူများ ပိုမိုတွက်ခြေကိုက်လာပြီး မျှတတဲ့ဈေးကွက်စီးပွားရေးစနစ် တစ်ခုဖြစ်လာနိုင်ကြောင်း တစ်ပိုင်တစ်နိုင် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအချို့က မှတ်ချက်ပြုပါတယ်။

 

ကိုယ်ပိုင်မွေးမြူပြီး တင်ပို့တဲ့စနစ်ကို ပြောင်းလဲလိုက်ပါက နွားမွေးမြူရေး တောင်သူများအနေနဲ့ အရင်ထက် ပိုမိုအဆင်ပြေလာနိုင်ပေမယ့်လည်း ကိုယ်ပိုင်မွေးမြူတဲ့ ထောက်ခံချက်၊ မြက်ခင်းနဲ့ စားကျက်မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် စတာတွေ လိုအပ်လာမှာဖြစ်ကြောင်း တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးပြုလုပ်တဲ့ တောင်သူများက ပြောပါတယ်။

 

Read More >>>>>   ဒေသအသီးသီးရှိ ကော်ဖီလုပ်ငန်းရှင်များကို ဂျာမနီက ငွေကြေးထောက်ပံ့ပေးမည်

 

ပြည်ပကို ကျွဲ၊ နွားတင်ပို့တဲ့အခါ စံသတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ အသက်ငါးနှစ်နဲ့အထက် ကျွဲ၊ နွားများကိုသာ တင်ပို့ခွင့်ပြုထားကြောင်း၊ တိရစ္ဆာန်မွေးမြူရေးထောက်ခံချက်လက်မှတ်၊ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံမှာ ကျွဲ၊ နွားကောင်ရေ (၁၁.၅) သန်းခန့်ရှိပြီး ထက်ဝက်ခန့်ဖြစ်တဲ့ (၅.၇၅) သန်းက စိုက်ပျိုးဧက (၃၄.၅) သန်းကို ထွန်ယက်ပေးနေကြောင်း သိရပါတယ်။

 

Source: The Farmer Myanmar

Myanmar Food Industrial Directory

Read times Last modified on Thursday, 25 July 2019 17:38
Rate this item
(0 votes)