Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်စည်ပို့ဆောင်ခ မြင့်တက်ခြင်းကြောင့် တရုတ်သို့ ဆန်တင်ပို့မှု လျော့ကျ

ရန်ကုန်-မူဆယ် ကုန် စည်ပို့ဆောင်ခ မြင့်တက်လာခြင်း ကြောင့် တရုတ်နိုင်ငံသို့ ဆန်တင် ပို့မှု လျော့နည်းလာကြောင်း ဘုရင့်နောင်

ဆန်ကုန်စည်ဒိုင် အတွင်း ရေးမှူး ဦးသန်းဦးက ပြောကြားသည်။

 

တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးမှ သကြားတင်ပို့ခွင့် ပြန်လည်ခွင့်ပြုပြီးနောက် ဇွန်လ လယ်ကစ၍ ရန်ကုန်မှ မူဆယ်မြို့ သို့ ကုန်စည်ပို့ဆောင်ခ တစ်တန်လျှင် ကျပ် ၂၀,၀၀၀ ခန့် ဈေးမြင့် တက်လာသည်။ ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ခသည် တစ် တန်လျှင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၈၀,၀၀၀ သို့ ဈေးမြင့်တက်လာ သည်။

 

ထိုကဲ့သို့ ကုန်စည်ပို့ဆောင် ခ  မြင့်တက်လာသော်လည်း တရုတ်ကုန်သည်များက မြန်မာ ဆန်ကို ဈေးတိုးမပေးသဖြင့် တင် ပို့မှု လျော့နည်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

‘‘ဂိုဒေါင်တွေမှာ ပစ္စည်းတွေ ကျပ်နေတယ်။ ကုန်သည်တွေမှာ ငွေကျပ်နေတဲ့ အခြေအနေမျိုးကြုံ နေရတယ်’’ဟု ဦးသန်းဦးက ပြော ကြားသည်။

 

  တရုတ်နိုင်ငံက အဝယ် လျော့ခြင်းကြောင့် ပြည်တွင်းဆန် ဈေးကွက်တွင် ဆန်ကြမ်း (ရှယ်) တစ်အိတ်လျှင် ကျပ် ၂၄,၀၀၀ ခန့်မှ ကျပ် ၂၂,၅၀၀ သို့ ဈေးကျ ခဲ့ကြောင်း ပြည်ပဆန်တင်ပို့နေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြော သည်။ ယခုရက်ပိုင်းတွင် တရုတ် ကုန်သည်များက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခြင်းထက် သကြားကို ပမာဏ တိုးဝယ်နေကြောင်း မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

 

မူဆယ်မြို့သို့ ဆန်တင်ပို့မှု နည်းချိန်တွင် အာဖရိက အပါအဝင် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မည့် သင်္ဘောများ ဆိုက်ကပ်မည့်ရက်လည်း နောက်ဆုတ်ခဲ့ သည်။

 

 ထိုသို့ သင်္ဘောတင်ရက် နောက်ဆုတ်ခြင်းကြောင့် ၂၅ မှတ် အမျိုးအစား ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀ ခန့် ဈေးကျခဲ့သည်။

 

ပြည်ပတင်ပို့နေသည့် ဆန် ကြမ်းဈေးကျသော်လည်း ပြည် တွင်းစားသုံးသည့် ဆန်ချောနှင့် ဆန်ကြမ်းရှယ် အမျိုးအစားများ ဈေးကျဆင်းခြင်းမရှိဘဲ တည်ငြိမ်နေကြောင်း ဆန်ကုန်သည်အချို့ က ပြောသည်။

 

သို့သော် လက်လီဈေးကွက် တွင် ဆန်ချောဈေး တစ်အိတ်လျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ အကြားဈေးမြင့်တက်လာသည်ဟု ယခု ရက်ပိုင်း ဆန်ဝယ်ယူသည့် အိမ် ရှင်မအချို့က ပြောသည်။


Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:54
Rate this item
(2 votes)