Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဈေးကွက်များမှာ အောင်မြင်နေတဲ့ မလေးရှား စားသောက်ကုန် အမှတ်တံဆိပ်များ

မလေးရှား နိုင်ငံမှာ ပြည်တွင်း စားသုံးရန် စတင်ထုတ်လုပ်ခဲ့တဲ့ စားသောက်ကုန်တွေမှာ ပြည်ပဈေးကွက်တွေမှာ အကြီးအကျယ် အောင်မြင်နေတဲ့ စားသောက်ကုန် အမှတ်တံဆိပ် အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

၁။ Mamee Monster
Mamee Monster ဟာ ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၈၀ ကျော်မှာ ရောင်းချလျက် ရှိပါတယ်။
ခေါက်ဆွဲခြောက်ကို ပြုတ်စားဖို့ မဟုတ်ဘဲ မုန့်ပဲသွားရည်စာအဖြစ် ထုတ်လုပ်ရောင်းချခဲ့တာကို ၁၉၇၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အသင့်စားခေါက်ဆွဲခြောက် စာရင်းဝင်ဖြစ်ပေမဲ့ ပြုတ်နေဖို့ မလိုဘဲ အထုပ်ဖောက်ပြီး အသင့်စားလို့ ရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ ကြိုက်ကြတယ်။

mameer.jpg


သြစတြေးလျ၊ အန်ဂိုလာ၊ ဘာရိန်း၊ ကနေဒါ၊ ကျူးဘား၊ ချက်သမ္မတနိုင်ငံ၊ အီသီယိုးပီးယား၊ ဖီဂျီကျွန်း၊ ပြင်သစ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ အီရန်၊ ကူဝိတ်၊ မြန်မာ၊ တောင်အာဖရိက၊ ဆွစ်ဇာလန်၊ ယူအေအီးနှင့်ယူကေ အစရှိတဲ့ နိုင်ငံတွေမှာ ခိုင်မာတဲ့ ရောင်းအား ရရှိထားတယ်။

 

mamee_factory.jpg

 

လေးရှာနိုင်ငံ မလက္ကာမြို့မှ Mamee Monster စက်ရုံ

၂။ Life
Life ဆော့စ်ဟာ မလေးရှားနိုင်ငံ၏ အကြီးဆုံး ဆော့စ်အမှတ်တံဆိပ်ဖြစ်ပြီး တစ်နှစ်လျှင်ဆော့စ်ပုလင်း ၂၆ သန်း ထုတ်လုပ်လျက် ရှိပါတယ်။

214f.jpg

Life brand ရဲ့ မိခင်ကုမ္ပဏီဟာ Region Food Industries (RFI) ဖြစ်ပါတယ်။ Life brand ဟာ မလေးရှားနိုင်ငံရဲ့ အကြီးမားဆုံး ဆော့စ် brand ဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တဲ့ brand ဖြစ်ပါတယ်။ ယူကေ၊ ပြင်သစ်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ဟောင်ကောင်၊ မောရစ်ရှ၊ မော်လ်ဒိုက်၊ အရှေ့အလယ်ပိုင်း၊ ဘရူနိုင်းနှင့် စင်ကာပူ အပါအဝင် နိုင်ငံ အများအပြားတို့မှာ ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။

၂၀၀၄ ခုနှစ်မှာ စက်ရုံငယ်တစ်ခုအဖြစ် မလေးရှားနိုင်ငံ အချက်အချာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပေါ့ကလန်းမှာ စတင်ခဲ့တဲ့ Life Sauce ရဲ့ စက်ရုံတစ်ခု ဟာ ယခုအခါ တစ်နှစ်လျှင် ဆော့စ်အမျိုးမျိုး ပုလင်းပေါင်း ၂၆ သန်း ကို ထုတ်လုပ်လျက် ရှိပါတယ်။
ငရုတ်ဆော့စ်၊ ခရမ်းချဉ်ဆော့စ်တို့ကို အဓိကအားဖြင့် လုပ်ကိုင်ပြီး အခြားဆော့စ် အမျိုးမျိုးကိုလည်း ထုတ်လုပ်ပါတယ်။ ပုလင်းသွပ် ထုတ်လုပ်တဲ့အပြင် တစ်ခါစာ အထုပ်ငယ်များကိုလည်း ထုတ်လုပ်ပြီး အမြန်ရ အစားအစာ ဆိုင်ခွဲတွေ ဖွင့်လှစ်လုပ်ကိုင်တဲ့ KFC, Pizza Hut, RasaMas အစရှိတဲ့ အစားအစာလုပ်ငန်းတွေမှာ သုံးစွဲကြတာ တွေ့နိုင်ပါတယ်။

 

၃။ Kawan Food Berhad

ကမ္ဘာ့ ပထမဆုံး အေးခဲ ပလာတာကို တီထွင်ခဲ့တာကြောင့် လူသိများတဲ့ Kawan Food Berhad ဟာ သက်တမ်း ၃၀ နှစ် ကျော်ခဲ့ပါပြီ။
ပလာတာ၊ နံပြား၊ စမူဆာ အစရှိတဲ့ အိန္ဒိယ ရိုးရာ အစားအစာအမျိုးမျိုးကို အေးခဲအစားအစာအဖြစ် ထုတ်လုပ် ရောင်းချပါတယ်။

kwan.jpg


မလေးရှားနိုင်ငံ စီလံဂေါ ပြည်နယ် ရှာအလမ်မှာ အခြေစိုက်ထားပြီး အေးခဲ ရိုးရာစားစရာတွေကို ပြည်တွင်းမှာသာမက ပြည်ပသို့လည်း အကြီးအကျယ် တင်ပို့ပါတယ်။ အိန္ဒိယရိုးရာ စားစရာတွေကြောင့် နာမည်ကြီးပေမဲ့ တရုတ်ရိုးရာ အချိုမုန့်တွေကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။
အမေရိကန်၊ ကနေဒါ ဥရောပ၊ အိုင်ယာလန်၊ ယူကေ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ အာရှ အစရှိတဲ့ ဈေးကွက်တို့မှာ ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။


၄။ Munchy

မလေးရှား ပြည်တွင်းဖြစ် ဘီစကစ် Munchy ကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်မှာ ရောင်းချလျက် ရှိပါတယ်။

962d.jpeg

သက်တမ်း ၂၆ နှစ်ကျော်ပြီဖြစ်တဲ့ Munchy ရဲ့ ရုံးချုပ်က မလေးရှားနိုင်ငံ Batu Pahat မှာ တည်ရှိပြီး ပြည်နယ်အသီးသီးမှ မြို့ကြီးတွေမှာလည်း ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။ Crackers, Lexus, oat Krunch, Muzic, Captain Munch, Assorted နဲ့ 7 Days အစရှိသည်တို့ဟာ Munchy ရဲ့ ကျော်ကြားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။

 

၅။ Baba
Baba ကို ကမ္ဘာတစ်လွှား တင်ပို့ ရောင်းချလျက် ရှိပါတယ်။

e0bd.jpeg

ဟင်းခတ်မှုန့် အမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အသင့်ရောစပ်ပြီးသား ဟင်းခတ်မှုန့်အမျိုးမျိုးကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။ ဟင်းချက်တဲ့အခါ အစပ်အဟပ်မတည့်မှာ ပူစရာ မလိုတော့ဘူး။ ချက်ပြုတ်ရေး လွယ်ကူသွားစေတယ်။
စစ်တမ်းကောက်ခဲ့တာအရ မလေးရှားမှာ ဟင်း သုံးမျိုးချက်ရင် အနည်းဆုံး တစ်မျိုးမှာ Baba က ထုတ်လုပ်တဲ ဟင်းခတ်မှုန့်ကို သုံးကြတယ်လို့ သိရတယ်။ မြောက်အမေရိက၊ ကနေဒါ၊ ဥရောပ၊ တောင်အာဖရိက၊ သြစတြေးလျ အစရှိတဲ့ ပြည်ပဈေးကွက်တွေသို့လည်း တင်ပို့ ရောင်းချပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာ ကုန်ကားငယ်ပေါ် ဟင်းခတ်မှုန့်အမျိုးမျိုး တင်ပြီး လမ်းတကာလှည့်လည် ရောင်းချခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်မတွေ ချက်ပြုတ်တာမှာ လွယ်ကူမြန်ဆန်စေဖို့နဲ့ အရသာ အစပ်အဟပ်တည့်တဲ့ ဟင်းတစ်ခွက် ရစေဖို့ ဦးတည် လုပ်ကိုင်ခဲ့ပြီး သုံးစွဲသူ အိမ်ရှင်မထို့ထံမှ ပြန်ကြားရတဲ့ အကြံပြုချက်တွေအရ အမှုန့်များကို ရောစပ် ထုတ်လုပ်ခဲ့ပါတယ်။

 

၆၊ OldTown White Coffee
၁၉၉၉ ခုနှစ်မှာမှ စတင်ခဲ့တဲ့ အသင့်ဖျော် ကော်ဖီမှုန့် လုပ်ငန်းဖြစ်တဲ့ OldTown White Coffee ဟာ အသင့်ဖျော်ကော်ဖီမှုန့်ထုပ်တွေအပြင် အသင့်ဖျော် လက်ဖက်ရည်မှုန့်ထုပ်တွေ၊ အသင့်ဖျော် ချေ့်ကလက်မှုန့်ထုပ်တွေလည်း ထုတ်လုပ်ပါတယ်။ လူကြိုက်များတာကို ရရှိခဲ့ပြီး စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဟောင်ကောင်၊ ရှန်ကျန်း၊ ရှန်ဟိုင်း၊ ပေကျင်း၊ ယူကေ၊ ကနေဒါ အစရှိတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချလျက် ရှိပါတယ်။

 

6de5.jpg



old_town.jpg

၇။ Mister Potato
၁၉၉၂ ခုနှစ်မှာ စတင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၈၀ ကျော်သို့ တင်ပို့ရောင်းချလျက် ရှိပါတယ်။

15400937_1291403937547388_2548774174020064053_n.png

 

အာလူးအပြားဝိုင်းကြော် ဖြစ်ပြီး အာရှအကြိဒက် အရသာတွေ ဖန်တီး ပေးထားကြောင့် လူကြိုက်များသွား ခဲ့ပါတယ်။ မလေးရှား ထုတ်ကုန် အာလူးကြော်တွေထဲမှာ အကောင်းဆုံး အဖြစ် အသိအမှတ်ပြုခံရတယ်။


၈။ Brahim
ဟင်းချက်တဲ့အခါ ထည့်သုံးဖို့ ဆော့စ်နဲ့ အနှစ် အမျိုးမျိုး ထုတ်လုပ်ရောင်းချတဲ့ Brahims ဟာ ဟင်းခတ်အမှုန့်ထက် အရည်အနှစ်ကို ပိုနှစ်သက်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ ဟင်းချက်တဲ့အခါ အထုပ်ဖောက်ပြီး အနှစ် သို့မဟုတ် ဆော့စ်ကို ထည့်ပေးလိုက်ရုံဖြင့် ရသာမွန် ဟင်းတစ်ခွက်ကို ရရှိစေပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ရိုးရာဟင်းချက်နည်းများမှ ဟင်းအနှစ်အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။ ပြည်ပတင်ပို့တာမှာ အရှေ့တောင်အာရှ၊ သြစတြေးလျ၊ အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနှင့်ဂျပန် တို့ထံ အဓိကထားပြီး လုပ်ကိုင်ပါတယ်။

 

7574.jpg

 

၉။ Beryl’s
အနောက်တိုင်းမှ ကြီးစိုးထားတဲ့ ချော့ကလက်တွေကြားမှာ Beryl က ထိုးဖောက်နေရာယူပါတယ်။ ၁၉၉၅ ခုနှစ်မှာ ထူထောင်ခဲ့ပြီး ပရီမီယံ အဆင့်အတန်း ချော့ကလက်တွေကို တန်ဖိုးသင့် ဈေးနှုန်းဖြင့် ရောင်းချပါတယ်။ ချော့လက် အဖြူ၊ နို့ချော့ကလက်၊ ချော့ကလက်အညိုရင့် တို့ကို ထုတ်လုပ်ပြီး စပျစ်သီးခြောက်၊ အစေ့အဆန်အစိမ့် တစ်မျိုးမျိုးတို့ဖြင့် ထုတ်လုပ်ပါတယ်။ ပါးစပ်ထဲ မြုံ့ပြီး စားရတဲ့ ချော့ကလက်တွေအပြင် တဂျွတ်ဂျွတ် ဝါးစားရတဲ့ ဝေဖာချော့ကလက်လည်း ထုတ်လုပ်ပါတယ်။

b19c.jpg

 

အဓိကအားဖြင့် စင်ကာပူ၊ မကာအို၊ ဟောင်ကောင်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံ တို့ထံ တင်ပို့ရောင်းချပြီး ကမ္ဘတစ်လွှားမှာ ရှိတဲ့ စူပါမားကက်၊ ဟိုင်ပါမားကက် လုပ်ငန်းကြီးတွေနဲ့ ချိတ်ဆက်ပြီးတော့လည်း ဖြန့်ဖြူးရောင်းချပါတယ်။

တစ်နှစ်တာ ရောင်းအားက အမေရိကန်ဒေါ်လာ ၁၀ သန်း အထက်မှာ ရှိပါတယ်။

 

၁၀။ Secret Recipe
သက်တမ်း နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ Secret Recipe ကိတ်မုန့်နဲ့ ကော်ဖီဆိုင်လုပ်ငန်းဟာ မလေးရှားမှာ ဆိုင်ခွဲတွ အများဆုံး ဖွင့်ထားတဲ့ လုပ်ငန်းဖြစ်ပြီး ကိတ်အမျိုးမျိုးနှင့် ကော်ဖီဆိုင် လုပ်ငန်းတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။
ပြည်ပမှာတော့ Secret Recipe ကိတ်နဲ့ကော်ဖီဆိုင်တွေကို စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနှင့်မော်လ်ဒိုက် နိုင်ငံများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပြီး ဆိုင်ခွဲပေါင်း ၃၀၀ ကျော် ရှိပါတယ်။

 

 secret_receip.jpg


၁၁။ Lingham's

သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်တဲ့ Lingham's ဟာ မလေးရှားမှာ ပြည်ပဈေးကွက်များကို အဦးဆုံးထိုးဖောက် နေရာယူခဲ့တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

 

adc0.jpg

 

Lingham's ကို ထူထောင်ခဲ့သူဟာ မလေးရှားသို့ အိန္ဒိယမှ ရွှေ့ပြောင်းအခြေချခဲ့သူတစ်ဦး ဖြစ်ပါတယ်။ နာမည်ကောင်း ရပြီးတဲ့နောက် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ် လုပ်ငန်းရှင်တစ်ဦးက အပြီးအပြတ် ဝယ်ယူခဲ့လို့ ပိုင်ရှင် လက်ပြောင်းခဲ့ပေမဲ့ ရှေးမူကို ဆက်လက်ထိန်းသိမ်းပြီး ထုတ်လုပ်ခဲ့ပါတယ်။ ငရုပ်ရည်ဆော့စ်ဟာ ထင်ရှားပါတယ်။ ယခုအခါ နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ယူနိုက်တက်ကင်းဒမ်း၊ ဟော်လန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ၊ ယူကရိန်း၊ စင်ကာပူနှင့်တောင်အာဖရိကတို့မှာ ပရိသတ် အခိုင်အမာ ရရှိထားပါတယ်။

 

 

Read times Last modified on Monday, 23 November 2020 17:45
Rate this item
(0 votes)