Food & Livestock
လက်ဗီးဂတ် တွင် ကာစီနိုများအား စားနပ်ရိက္ခာဘဏ်နေရာအဖြစ် အသွင်ပြောင်း
အမေရိကန် နိုင်ငံ လက်ဗီးဂတ်မြို့တော်ရှိ လောင်းကစားရုံများကို ထောင်ချီသော အလုပ်လက်မဲ့ ဖြစ်သွားသူတို့ အတွက် ( စားနပ်ရိက္ခာဘဏ် ) အစားအသောက်ပေးေ၀ ရေးနေရာများအဖြစ် ပြောင်းလဲခဲ့ပါတယ်။
တကယ်တန်းမှာ ထို ကိုရိုနာရောဂါ ဂယက်ကြောင့် လက်ဗီးဂတ်က ပြည်နယ်စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ပိတ်ဆို့ ရပ်တန့် သွားတယ်သိရပါတယ်။သည့်အပြင် လက်ဗီးဂတ်မှ မှစားနပ်ရိက္ခာဘဏ်ရဲ့လိုအပ်ချက်မှာ ၁ သန်းမှ ၁.၃ သန်းအထိတိုးမြှင့််လာခဲ့ပါတယ်။
ထို လက်ဗီးဂတ် စားနပ်ရိက္ခာဘဏ် လုပ်ငန်းစုမှ COO ဖြစ်သူ ပြောကြားချက်အရ သူတို့အနေနဲ့ အစားအစာပြတ်လပ်နေတဲ့ နိုင်ငံသားတွေကိုကျွေးမွေးဖို့ စီမံကိုင်တွယ်နေတယ်သိရပါတယ်။
သတင်းထောက်တစ်ယောက်ရဲ့ ပြောကြားချက်အရဆို လက်ဗေးဂတ်က လောင်းကစားမြို့တော်ဖြစ်ခဲ့တဲ့ အလျှောက် ၎င်းတို့ အနေနဲ့ စီးပွားရေး ကိစ္စ ရပ်တွေကတော့ အတော်လေး အသက်ရှုချောင်နေသေးပါတယ်တဲ့။
ကိုရိုနာဗိုင်းရစ်က လူစုလူဝေးကို ရှောင်ရှားရတာမို့ ပိတ်သွားတဲ့ ကာစီနိုများမှ ဝန်ထမ်းတွေရော သည့်အပြင် အခြား အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ အနေနဲ့ က အထောက်အကူလိုပါတယ်။စားနပ်ရိက္ခာဘဏ် အနေနဲ့ တစ်ထောင့်တစ်နေရာက အားဖြည့်ပေးနေတဲ့ သဘောပါပဲ။
လက်ရှိမှာတော့ ထိုလောင်းကစားရုံများကို စားနပ်ရိက္ခာဘဏ် အဖြစ် အသွင်ပြောင်းလိုက်ပါပြီ တချို့ဝန်ထမ်း တွေဆိုရင် သိပ်မကြာခင်ကမှ အလုပ်ဝင်ထားတဲ့ သူများဖြစ်ပြီး သူ့တို့မှာ ဘာမှ လုပ်နိုင်ကိုင်နိုင်တဲ့ အင်အားမရှိပါဘူး သူတို့အနေနဲ့ အထောက်အပံ့ များစွာလိုအပ်တယ်သိရပါတယ်။
<<< Zawgyi >>>
--------------------------------------
အမေရိကန် နိုင်ငံ လက်ဗီးဂတ်မြို့တော်ရှိ လောင်းကစားရုံများကို ထောင်ချီသော အလုပ်လက်မဲ့ ဖြစ်သွားသူတို့ အတွက် ( စားနပ်ရိက္ခာဘဏ် ) အစားအသောက်ပေးဝေ ရေးနေရာများအဖြစ် ပြောင်းလဲခဲ့ပါတယ်။
Ref ; Daily Mail
Nevada radio ရဲ့ ပြောဆိုချက် အရ ကိုရိုနာကြောင့် ယခုလို အနေအထားအဆိုးထိ အရောက်သေးခင် လက်ဗေးဂတ် မှ စားနပ်ရိက္ခာဘဏ် တစ်ခုမှ ၁ မီလီယံ ပေါင် အလေးချိန်ရှိ အစားအစာများပေးဝေခဲ့သေးတယ်သိရပါတယ်။