Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်ပြင်ငါးဖမ်းရာသီပိတ်သော (၃)လတာ၌ တစ်လစော ဖြေလျော့ဖမ်းဆီးခွင့်ပြုထား၍ ငါးဖမ်းဆီးမှုလုပ်ငန်းများ ပြန်လည်စတင်

ပင်လယ်ပြင်ငါးဖမ်းရာသီပိတ်သော (၃)လတာ၌ တစ်လစော ဖြေလျော့ဖမ်းဆီးခွင့်ပြုထား၍ ငါးဖမ်းဆီးမှုလုပ်ငန်းများ ပြန်လည်စတင်

 

ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် ပင်လယ်ပြင်ငါးဖမ်းရာသီပိတ်သော (၃)လတာ၌ တစ်လစော၍ ငါးဖမ်းစက်လှေ ၃၀ ရာခိုင်နှုန်းကို ဖြေလျော့ဖမ်းဆီးခွင့်ပြုထားကာ နိုင်ငံခြားဝင်ငွေရရှိသော ပင်လယ်ငါးဖမ်းဆီးမှု လုပ်ငန်းများ ပြန်လည်စတင်ပြီဖြစ်ကြောင်း သိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာနသည် ယမန်နှစ်မှစ၍ စမ်းသပ်ကာလအဖြစ် ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေအစီး ၁၀၀ လျှင် အစီး ၃၀ ကို ဇွန် ၁ ရက်မှစ၍ ဖြေလျှော့ဖမ်းဆီးခွင့်ပြုခဲ့ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ခွင့်ပြုခဲ့သည့်အတွက် လုပ်ငန်းရှင်များ၊ ငါးဖမ်းစက်လှေ လုပ်သားများ၊ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန် အအေးခန်းသိုလှောင်မှုအတွက် အဆင်ပြေခဲ့သည်။  

 

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော ငါးဖမ်းစက်လှေ အစီး(၈၀)ခန့် ထွက်ခွာခွင့်ရရှိပြီး ရခိုင်ပြည်နယ်တွင် ပင်လယ်ပြင်ငါးဖမ်းစက်လှေ နှစ်စီးထွက်ခွာခွင့် ရရှိပြီဖြစ်ကြောင်း သိရသည်။

 

ပင်လယ်ပြင်သို့ ငါးဖမ်းဆီးခွင့်ရသော စက်လှေများကို သက်ဆိုင်ရာ ဆိပ်ကမ်းများတွင် ပင်လယ်ပြင်စောင့်ကြည့်ရေးစက် VMS များ တပ်ဆင်မှုရှိ/မရှိ၊ ပင်လယ်လိပ်များ ပိုက်ကွန်အတွင်းမှ ပြန်ထွက်နိုင်သော TED ကိရိယာ တပ်ဆင်ထားမှုရှိ/မရှိကို ငါးလုပ်ငန်းဦးစီးဌာနမှ ကြပ်မတ်စိစစ် ဆောင်ရွက်လျက်ရှိပြီး  ယမန်နှစ်က ရန်ကုန်မြို့မှ VMS စက်တပ်ဆင်ထားသော ငါးဖမ်းစက်လှေ ၂၃၈ စီး ပင်လယ်ပြင်တွင် ငါး/ပုစွန် ဖမ်းဆီးခဲ့သည်။ 

 

သို့သော် ယခုနှစ် ဇွန်လပထမပတ် ပင်လယ်ပြင်ငါးဖမ်းဆီးရာ၌ ဒီဇယ်ဆီအခက်အခဲကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သတ်မှတ်ထားသော ငါးဖမ်းစက်လှေအချို့ ပင်လယ်ပြင်သို့ မထွက်နိုင်သည်များလည်းရှိကြောင်း သိရှိရသည်။

 

ရေချိုငါးပို့ကုန်ထက် ရေငန်ငါး/ပုစွန်ထုတ်လုပ်မှုမှ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိရာ ယမန်နှစ်က ရေထွက်ကုန် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာသန်း (၈၀၀)ကျော် ရရှိမှုတွင် ပင်လယ်ပြင်ရေထွက်ကုန်မှ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ပင်လယ်ပြင်ငါး အမျိုးအစား (၁၅)မျိုးနှင့် ပုစွန်(၅)မျိုးကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကာ ထိုင်းနိုင်ငံသို့ ပင်လယ်ငါး (၄)မျိုးနှင့် ပုစွန်တို့ကို တင်ပို့လျက်ရှိသည်။ 

 

(သတင်းစဉ်)

Read times
Rate this item
(0 votes)