Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအဝယ်မရှိသော်လည်းမတ်ပဲနှင့် ပဲစင်းငုံဈေးပြန်တက်

အိန္ဒိယအဝယ်မရှိသော်လည်းမတ်ပဲနှင့် ပဲစင်းငုံဈေးပြန်တက် google.com

အိန္ဒိယနိုင်ငံက ဝယ်လို အားမရှိသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်း တစ်ပတ်အတွင်း

ပြန်လည်မြင့်တက်လာကြာင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ 

 

အိန္ဒိယနိုင်ငံတွင် မတ်ပဲနှင့်ပဲ စင်းငုံဈေးနှုန်း မြင့်တက်နေခြင်း ကြောင့် နီပေါ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က မြန်မာ နိုင်ငံမှ ယင်းပဲနှစ်မျိုးကို အဝယ် တိုးမြှင့်လိုသဖြင့် ယခုတစ်ပတ် အတွင်း ပြည်တွင်းပဲဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း အထက် ပါပုဂ္ဂိုလ်က ရှင်းပြသည်။ 

 

‘‘အိန္ဒိယမှာ ဈေးမြင့်နေပြီး ဒီမှာ ဈေးနိမ့်နေတော့ ကုန်သည် သဘောအရ ဒီနိုင်ငံက အဝယ်များ နေတာပါ’’ဟု ဦးမင်းကိုဦးက ပြောကြားသည်။

 

အဆိုပါ နိုင်ငံများသည် ယခင်က မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို တစ်လလျှင် တန်ချိန် နှစ်သောင်းခွဲခန့် ဝယ်ယူနေရာမှ သြဂုတ်က စတင်၍ တန်ချိန်ငါး သောင်းခန့်အထိ တိုးမြှင့်ဝယ်ယူ နေကြောင်း၊ ယခုလတွင် ဝယ်လိုအားတိုးမြင့်လာကြောင်း ၎င်းက ပြောသည်။ 

 

ထို့အပြင် အိန္ဒိယအစိုးရ သည် ပြည်တွင်းပဲမျိုးစုံဈေးနှုန်း ထပ်မံ မြင့်တက်လာစေရန်  တစ်ဆင့်ခံ ပြည်ပတင်ပို့မှုကို ခွင့်ပြုပေးခဲ့သည်။

 

ထို့ကြောင့် ပဲဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ပြီး ယခင်က အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူနေသည့် နိုင်ငံများသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ပြောင်းလဲဝယ်ယူလာနိုင် ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ ပဲကုန်သည်တစ်ဦးက ခန့်မှန်းပြောကြားသည်။ 

 

လက်ရှိ ပြည်တွင်းဈေးကွက် တွင် စက်တင်ဘာ ဒုတိယပတ်အတွင်း မတ်ပဲတစ်တန်လျှင် ငါးသိန်းလေးသောင်းကျပ်မှ ခြောက်သိန်းကျပ်၊ ပဲစင်းငုံတစ်တန်လျှင် လေးသိန်းတစ်သောင်း ငါးထောင်ကျပ်မှ လေးသိန်းလေးသောင်းကျပ်သို့ မြင့်တက်လာသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:22
Rate this item
(1 Vote)