Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂဏန်းကုန်ကြမ်းဈေးနှုန်းမြင့်တက်လာသောကြောင့် ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ ရေရှည်ရပ်တည်ရန် ခက်ခဲနေ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ကဏန်းကုန်ကြမ်းများကို

ဈေးနှုန်းပိုပေးပြီး ၀ယ်ယူနေရသောကြောင့် လုပ်ငန်းများ အမြတ်နည်းလာသဖြင့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ ရေရှည်လုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်း သိရပါတယ်။

 

ကဏန်းမွေးမြူရန်အတွက် ကဏန်းကုန်ကြမ်းများကို ယခင် လေး၊ ငါးနှစ်ခန့်က တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀၊ ၇၀၀၀ ကျပ် ပေးဝယ်ရပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ် အထိ ဈေးပေး၍ ၀ယ်ယူနေရကြောင်း၊ အရေလဲပြီး ကဏန်းပျော့များကို ပြည်တွင်းပြည်ပတွင် ရောင်းချလျက်ရှိပြီး မြိတ်ကျွန်းစုမှ စားသောက်ဆိုင်များနှင့် ဒေသခံများကို တစ်ကီလိုလျှင် ငွေကျပ် ၁၅၀၀၀ သာ ရောင်းချရသဖြင့် အလုပ်စရိတ်၊ အစာစရိတ် နုတ်လိုက်ပါက အမြတ်နည်းသောကြောင့် ကဏန်းမွေးမြူရေးလုပ်ငန်းလုပ်ကိုင် နေသူများ ရေရှည်ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း သိရပါတယ်။

 

PPT ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမန်နေဂျာ ဦးမြတ်နိုးက “ကဏန်းမွေးမြူရေးကို ၂၀၀၄ ခုနှစ်ကစပြီး လုပ်ကိုင်လာတာ အခုဆိုရင် ၁၄ နှစ်ကြာပြီဖြစ်တယ်။ စမွေးတဲ့ အချိန်က ကဏန်းကန် ငါးကန်နဲ့စပြီး မွေးလာတယ်။ နှစ်အလိုက်တိုးချဲ့လာတာ ၂၀၁၇ ခုနှစ်အထိ ကန် ၁၈ ကန်အထိ မွေးမြူလာနိုင်တယ်။ ၂၀၁၇ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ကဏန်းကုန်ကြမ်းဈေးနှုန်းမြင့်တက်လာတာကြောင့် ကန်ကိုပြန်လျှော့လိုက်တယ်။ အခုဆိုရင် ၁၁ ကန်ပဲလုပ်ကိုင်နိုင်တယ်။ တစ်ဖောင်မှာ ၇၂ ဖောင်ရှိတယ်။ တစ်ဖောင်မှာ ကဏန်းကောင်ရေ ၆၃၀ ရှိပြီးတစ်ကန်မှာ ကဏန်းအကောင်ရေ ၄၅၀၀၀ အထိ ထားရှိတယ်။ ကဏန်းမွေးမြူတာ စရိတ်များတာကြောင့် အခုလို ကုန်ကြမ်းဈေးနှုန်းမြင့်တက်နေဦးမယ်ဆိုရင် အခြားမွေးမြူရေးလုပ်ငန်းပြောင်းလုပ်ဖို့ စီစဉ်ထးပါတယ်။ အခုလက်ရှိမှာလည်း ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဖို့ စမ်းသပ်ထားပါတယ်” ဟုပြောကြောင်း သိရပါတယ်။

 

ယင်းကဏန်းမွေးမြူရေးလုပ်ငန်းကို ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော်ပထက်ကျွန်း၊ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုနှင့် စန္ဒ၀တ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာတို့တွင် လုပ်ကိုင်လျက်ရှိပြီး ယခင်က အဆင်ပြေသော်လည်း ယခုတွင် တရုတ်နိုင်ငံမှ ၀ယ်လက်များက ဈေးကွက်ဖျက်ဝယ်ယူနေသောကြောင့် ဈေးနှုန်း မြင့်တက်သဖြင့် လုပ်ငန်းရေရှည်ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း ကဏန်းပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:38
Rate this item
(1 Vote)