Food & Livestock



ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ နှစ်သန်းနီးပါးတင်ပို့ထားပြီး

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် နှစ်သန်းနီးပါး တင်ပို့

ထားပြီးဖေဖော်ဝါရီလတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲ မတ်လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲတင်ပို့ရန်လျာထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ် သန်းခန့်တင်ပို့ရန်လျာထားကြောင်း၊ ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲများ တင်ပို့ရာတွင် ပြည်ပ နိုင်ငံ ပြည်ပတင်ပို့သည့် ကုမ္ပဏီများက တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်သို့ လစဉ်ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှတစ်ဆင့် တင်ပို့နေခြင်းဖြစ်သည်။

 

Myanmar Inspection

Click Here >>> Myanmar Inspection & Technology

 

ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ၌ ပြီးခဲ့သည့်နှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၈၂ သန်း တန်ဖိုးရှိ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခွဲကျော်၊ မေလတွင် အမေရိကန်ဒေါ်လာ ၅၁ သန်းတန်ဖိုးရှိ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲကျော်၊ ဇွန်လတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းလေးသောင်း၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၆၆ သန်းတန်ဖိုးရှိ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းကျော်၊ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၅၃ သန်းတန်ဖိုးရှိ စုစု ပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းခွဲကျော်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ကိုးသောင်းကျော်၊ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၆၅ သန်း တန်ဖိုးရှိ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် - တစ်သိန်းခြောက်သောင်းကျော်နှင့် နိုဝင်ဘာလတွင် အမေရိကန် ဒေါ်လာ ၁၀၆ သန်းတန်ဖိုးရှိ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခြောက်သောင်းကျော်၊ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ သန်း ၉၀ တန်ဖိုးရှိ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းနှစ်သောင်းကျော်နှင့် ဇန်နဝါရီ လတွင် အမေရိကန်ဒေါ်လာ ၁၀၇ သန်းတန်ဖိုးရှိ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခြောက်သောင်းကျော် ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့သည်။

 

ထိုသို့တင်ပို့ရာတွင် ဇန်နဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့ခဲ့သည့် တန်ချိန်နှင့် ပို့ကုန်ရငွေများမှာ ၁၀ လတာ အတွင်းအများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

 

Read times Last modified on Monday, 20 February 2023 10:46
Rate this item
(0 votes)