Food & Livestock
ရာသီဥတုနှင့် အခြေခံအဆောက်အအုံ မပြည့်စုံမှုက လယ်ယာကဏ္ဍအတွက် စိန်ခေါ်မှုဖြစ်
ရာသီဥတုဖောက်ပြန်မှုနှင့် အခြေခံ အဆောက်အအုံကဏ္ဍ မပြည့်စုံမှုက လယ်ယာကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက်ရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပ ရင်း နှီးမြှုပ်နှံမှု ၀င်ရောက်သည့်ပမာ ဏအနည်းဆုံးဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းခန့်ရှိသည်။ ပြည်တွင်းနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် တစ်နိုင်ငံလုံးနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၃၆ ရာခိုင်နှုန်းခန့်သာရှိသည်။ တစ်နိုင်ငံလုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။
လယ်ယာကဏ္ဍတွင် ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု နှစ်ခု စလုံး တစ်နိုင်ငံလုံး စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ ၁ ရာခိုင်နှုန်းအောက် ရှိနေခြင်းသည် ရာသီဥတု၊ ရောဂါပိုးမွှားနှင့် သီးနှံဈေးကွက်နှင့်ပတ်သက်သည့် အာမခံချက်မရှိခြင်း၊ ဆန်စက်များ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး စသော အခြေခံအဆောက်အအုံ လိုအပ်ခြင်းများကြောင့်ဖြစ်သည်ဟု ဒေါက်တာစိုးထွန်းက ရှင်းပြသည်။
အစိုးရ၏ ပြည်တွင်း စီးပွားရေးဦးစားပေးမူဝါဒသည် စိုက်ပျိုး ရေးကဏ္ဍဖြစ်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က Nikkei Asian Review သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ သည်။နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်း ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍဖြစ် နေခြင်းကြောင့် အဆိုပါကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်နိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်း ဥပဒေ၊ ကုမ္ပဏီဥပဒေနှင့် နိုင်ငံ ခြားသားများနှင့် သက်ဆိုင်သည့် ဥပဒေများအားလုံးထွက်ရှိပြီးမှသာ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာနိုင် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသော ပဋိပက္ခပြဿနာများ သည် ပြည်တွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ် စေနိုင်ပြီး စိုးရိမ်တကြီးနှင့် စောင့် ကြည့်နေသည်ကိုလည်း အရှိအ တိုင်း လက်ခံရမည်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က Nikkei Asian Review ၏ မေးမြန်းမှုကို ပြန် လည်ဖြေကြားခဲ့သည်။
စက်မှုလယ်ယာကူးပြောင်း မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ကျပ်ငွေဘီလီယံနှင့်ချီကာ ကူညီပေးရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
တောင်သူလယ်သမားများ စက်မှုလယ်ယာအတွက် လိုအပ် နေသည့် ငွေကြေးကို အစိုးရအ နေဖြင့် ကူညီပေးရန်ရှိသကဲ့သို့ ငွေကြေးထပ်မံလိုအပ်ပါက ပြည်ပနိုင်ငံများမှ ချေးငွေရယူပြီး ကူညီပေးမည်ဟု ၎င်းကဆိုသည်။
ထို့ကြောင့် စက်မှုလယ်ယာ ကဏ္ဍ ကူးပြောင်းရေးတွင် လိုအပ် သည့် စက်ကိရိယာဝန်ဆောင်မှု များ ၀ယ်ယူတင်သွင်းခြင်း၊ ငှား ရမ်းပေးခြင်း အပါအ၀င် ၀န် ဆောင်မှု လုပ်ငန်းများအတွက် ပါဝင်လုပ်ကိုင်နေသည့် ပြည် တွင်းလုပ်ငန်းရှင်များကို အဆိုပြုလွှာများတင်ပေးရန် ၀န်ကြီး ဦးကျော်ဝင်းက ဖိတ်ခေါ်ထားသည်။
Source: 7 days new