Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက်သို့ သရက်သီးမှည့်များ စတင်ဝင်ရောက်လာပြီး ရာသီဥတု ပူပြင်းမှုကြောင့် ဈေးကွက် အေးနေ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးသစ် ဈေးကွက်သို့ ယခုလဆန်းပိုင်းမှစ၍ သရက်သီးမှည့်များ ဝင်ရောက်လာသော်လည်း ရာသီဥတု ပူပြင်းသောကြောင့် ဝယ်လိုအား နည်းပါးကာ ဈေး ကွက်အေးနေကြောင်း   အဆိုပါဈေး သစ်သီးပွဲရုံပိုင်ရှင် ဦးဝင်းနိုင်၏ ပြောပြချက်အရ သိရသည်။

 

''ဈေးကွက်အခြေအနေက အေးနေသေးတယ်။ စိန်တစ်လုံးသရက်က  ဇွန်လပိုင်းလောက်မှ ဝင်တယ်။ အခုချိန်က အမှည့်နည်းသေးတယ်'' ဟု ဦးဝင်းနိုင် ကပြောသည်။

 

လက်ရှိတွင် ဈေးကွက်အတွင်း အလုံး ၅ဝ မှ ၇ဝ ပါ သရက်ခြင်းများ ဝင်ရောက်လျက်ရှိပြီး ငွေကျပ် ၁၇ဝဝဝ မှ ၁၈ဝဝဝ ဝန်းကျင် ဈေးနှုန်းရှိကြောင်း သိရသည်။

 

Read More >>>>>   ဝယ်လိုအား နည်းပါးနေသောကြောင့် ဈေးကွက်အတွင်း ဆန်ဈေး ကျဆင်းနေ

 

လတ်တလောတွင် ရင်ကွဲ၊ မြကျောက်၊ ပန်းဆွဲ  စသည့်သရက်မျိုးများ  ဝင်ရောက်လျက်ရှိကာ လာမည့်လအတွင်းမှသာ စိန်တစ်လုံး သရက်များ စတင်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌    သရက်အမျိုးအစားပေါင်း ၂ဝဝ ကျော်ရှိပြီး စိန်တစ်လုံး၊ ရွှေဟင်္သာ၊ မချစ်စု၊ ရင်ကွဲ၊ ပတ္တမြားငမောက်စသည့် အမျိုးအစားများကို  လူကြိုက်များသည်။ မြန်မာနိုင်ငံ၌ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ  သရက်သီးအများဆုံး ထွက်ရှိကြောင်း သိရသည်။  

 

Source: Myawaddy

Read times Last modified on Thursday, 16 May 2019 14:20
Rate this item
(1 Vote)