Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကို ပို့တဲ့ ဖရဲ အရောအနှောတွေကြောင့် ဆုံးရှုံးမှုပို

နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် တရုတ်ကို ဖရဲတင်ပို့ရာမှာ အရည်အသွေးမပြည့်မီတဲ့ အသီးတွေနဲ့

အရည်အသွေးနိမ့် အသီးတွေ ရောနှောတင်ပို့တာကြောင့် ဆုံးရှုံးမှု ပိုမိုကြီးမားစေတယ်လို့ ကုန်သည်အချို့က ပြောပါတယ်။

 

ဂျပ်ဖာနဲ့ ထည့်သွင်းရောင်းချတဲ့ အစေ့မဲ့ဖရဲ၊ ထန့်ဝမ့်ဖရဲစတဲ့ အသီးတွေမှာ အရည်အသွေး ပြည့်မီတဲ့ အသီးနဲ့ အရည်အသွေးလျော့ရဲတဲ့ အသီးကို ရောနှောတာမျိုး မလုပ်သင့်ဘူးလို့ ကုန်သည်အချို့က အကြံပြု ပြောဆိုပါတယ်။

 

အရည်အသွေးပြည့်မီတဲ့အသီးကို ဂျပ်ဖာနဲ့ ထည့်သွင်းရောင်းချတာကြောင့် အကျိုးအမြတ် ပိုမိုရရှိတာမှန်ပေမဲ့ အရည်အသွေး မပြည့်မီတဲ့အသီးကို ဂျပ်ဖာနဲ့ ထည့်သွင်းရောင်းချရင် အပိုကုန်ကျမှုတွေ ဖြစ်ပေါ်စေတယ်လို့ ကုန်သည် အချို့၏ ပြောကြားချက်အရ သိရပါတယ်။

 

အရည်အသွေးလိုအပ်တဲ့ အသီးတွေကို အကောင်းထဲ ရောထည့်မလာဘဲ သီးသန့်ခွဲခြားပြီး အရည်အသွေးအလိုက် ရောင်းချတာက ပိုမိုသင့်တော်ပါတယ်။

 

နယ်စပ်သစ်သီးဈေးကွက်က လက်ရှိအနေအထားမှာ ဝယ်သူအသာရတဲ့ ဈေးကွက်ဖြစ်တယ်။ ရောင်းချသူဘက်က ရွေးချယ်စရာ အခွင့်အလမ်း နည်းပါးတယ်။ ဝယ်သူ့အကြိုက် ရောင်းချရတဲ့ ဈေးကွက်ဖြစ်နေတဲ့အတွက် အသီးအရည်အသွေးကို တတ်နိုင်သမျှ မြင့်မားအောင်၊ ပယ်သီးဖြစ်နိုင်တဲ့ အသီးကို ခွဲခြားတင်ပို့တာ၊ လမ်းခရီးမှာ အချိန်မကြန့်ကြာအောင် တွက်ဆချင့်ချိန်စီစဉ်တာ၊ လမ်းခရီးမှာ အသီးတွေ ညစ်ပတ်ပေရေတာ မရှိအောင် စီမံတာတွေ ပြုလုပ်ထားမှသာ ရောင်းသူအတွက် အကျိုးအမြတ် ရရှိစေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူ အချို့ကပြောပါတယ်။

 

“ဂျပ်ဖာထဲကို အသီးတွေ သေချာစိစစ်ပြီးမှ ထည့်ကြပါ။ ဂျပ်ဖာထဲ ထည့်ထားပေမယ့် ဝယ်လက်က တစ်လုံးချင်း ထုတ်စစ်ပြီးမှ သူ့ရဲ့  ကားပေါ်တင်တာပါ။ ပုံသဏ္ဌာန်မမှန်တာ၊ ချက်ကွဲတာ၊ အသံမကောင်းတာ၊ အသီးနုတာတွေကို လုံးဝပယ်ထုတ်ပါတယ်။ အသီးတင်မက ဂျပ်ဖာပါ အပယ်ထဲပါ သွားတဲ့အတွက် နစ်နာဆုံးရှုံးမှု ကြီးမားလှပါတယ်” လို့ ဖရဲကုန်သည်ကြီး ဦးစိုင်းမြင့်ဗိုလ်က ပြောပါတယ်။

 

Source: Kumudra

Read times Last modified on Tuesday, 18 September 2018 15:49
Rate this item
(1 Vote)