Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စုပ်ခွက်ငါး အန္တရာယ်

မြန်မာနိုင်ငံ မြစ်ချောင်းတွေမှာ အိမ်အလှမွေး စုပ်ခွက်ငါးတွေ အများအပြား ပေါက်ပွားလာမှုကြောင့် တခြားငါးတွေ ရှားပါးပြုန်းတီးမှုအန္တရာယ်ကြုံတွေ့နေရပါတယ်။

 

စုပ်ခွက်ငါးဟာ တောင်အမေရိကန်ဇာတိငါးဖြစ်ပြီး မြန်မာနိုင်ငံမှာ အလှမွေးငါးအဖြစ်ရောင်းချခဲ့ရာမှာ တချို့ကအဲဒီငါးတွေကို မြစ်ချောင်းအင်းအိုင်တွေထဲမှာစွန့်ပစ်ရာက ပွားများလာတာဖြစ်ပါတယ်။

 

စုပ်ခွက်ငါးဟာ တသားပေါက်ရင် အကောင်ရေ ၂၀၀၀ လောက်အထိပေါက်ပွားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

 

စုပ်ခွက်ငါးဟာ မြန်မာ့မျိုးရင်း မဟုတ်သလို စားနေကျလည်း မဟုတ်တဲ့အတွက် ဒေသခံပြည်သူတွေက မစားသုံးကြပါဘူး။ အဲသလို စားသုံးမှုမရှိတဲ့အတွက်ပိုမို မျိုးပွားများပြားလာနေပါတယ်။

 

စုပ်ခွက်ငါးတွေဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းက ငါးမွေးကန်တွေထဲကိုလည်း ရောက်ရှိနေကြပြီး သူတို့ရဲ့ မြေကြီးကို တူးဆွတတ်တဲ့ ဓလေ့ကြောင့် ကန်ဘောင်ပြိုကျတာတွေ၊ ကန်ပျက်စီးကန်ကောတာတွေလည်း ဖြစ်ပွားနေတယ်လို့ သဘာဝပတ်ဝန်းကျင်သမားတွေက ဆိုကြပါတယ်။

 

စုပ်ခွက်ငါးတွေဟာ မှော်ပင်၊ ကြာပင်၊ ဒိုက်ပင်စတဲ့ သဘာဝအပင်ငယ်မျိုးစုံကိုလည်း စားသုံးလေ့ရှိတဲ့အတွက် ရေဝပ်ဒေသရဲ့ အရည်သွေးကိုလည်း ကျဆင်းစေပါတယ်။

 

အခုအခါ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားကို ပျံ့နှံ့ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

 bake.jpg

bbc.com/burmese

Read times Last modified on Saturday, 02 January 2021 14:44
Rate this item
(0 votes)