Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပဈေးကွက်အတွက် ငါးတန်ပြောင်းလဲမွေးမြူရန် အကြံပြု

မြန်မာနိုင်ငံက ပြည်ပဈေးကွက်များသို့ အဓိကတင်ပို့နေသည့် မွေးမြူရေးငါး ငါးမြစ်ချင်းဈေးနှုန်းများ

ကျဆင်းလျက် ရှိသောကြောင့် ပြည်ပဈေးကွက်ဝင် ငါးတန် ငါးအမျိုးအစားကို ပြောင်းလဲမွေးမြူရန် ပို့ကုန်လုပ်ငန်းရှင်များက အကြံပြုပြောကြားခဲ့ကြောင်း သိရပါတယ်။

 

လက်ရှိရန်ကုန်ဈေးကွက်တွင် ငါးမြစ်ချင်းအဝင်များ၍ ဇွန်လနောက်ဆုံးအပတ်မှစကာ လက်ကားတစ်ပိဿာလျှင် ကျ ပ် ၃၁၀၀ မှ ၂၆၀၀ ခန့်အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ငါးမြစ်ချင်းဈေးကျတာကို ကျန်ခဲ့တဲ့နှစ်လလောက်ကတည်းက ကြုံနေရတာ။ ဈေးကျနေတော့ ဝယ်လက်တွေကိုေ လျှာ့ဈေးနဲ့ လုရောင်းနေရတယ်။

 

ပြည်ပကို ငါးအမည်သစ်ပို့ဖို့လိုပြီ။ တခြားအလားအလာရှိတဲ့ ငါးက ငါးတန်ပါ။ အခု တရုတ်ကိုလည်း စပို့နေပြီ။ ဈေးကွက်က ငါးမြစ်ချင်းလောက် မဆိုးဘူး။ တရုတ်နဲ့ စာချုပ်တွေလည်း ထပ်ချုပ်ဖို့လုပ်ေ နတယ်”ဟု ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင် ဦးခန့်ဇော်အောင်က ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံ၌ ငါးတန်စားသုံးမှု မြင့်တက်လာသောကြောင့် လက်ရှိတွင် ငါးတန်ဝယ်လက် အများအပြား လာရောက်ဝယ်ယူလျက်ရှိကာ ငါးတန်တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကျော်အထိ ဈေးရရှိကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြော ကားသည်။ “ငါးတန်က အလားအလာကောင်းနေတဲ့ အနေအထားရှိတယ်။

 

ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ငါးတန်ဝယ်တဲ့သူ တော်တော်များများလာတယ်။ ငါးတန်ရောင်းဖို့ တရုတ်ကုမ္ပဏီနှစ်ခုနဲ့ စာချုပ်ချုပ်ဖို့ ပြီးစီးတဲ့အနေအထားဖြစ်နေပြီ။ သူတို့က တစ်ပိဿာအထက် အကောင်ကို မယူဘူး။ ငါးဆယ်သားအထက် အကောင်ကိုပဲယူတာ”ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးဇော်လင်းက ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ငါးတန်အကောင်လိုက်အစား အသားလွှာဝယ်ယူလိုသော်လည်း မြန်မာနိုင်ငံ၏ အအေးခန်းနှင့် လုပ် သားအင်အား အခက်အခဲကြောင့် ငါးတန်ကို ကျောခွဲ၍သာ တင်ပို့နိုင်မည်ဖြစ်ပြီး ငါးတန်ဈေးကွက် ခိုင်မာစေရန်အတွ က်လည်း ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။

 

ဇူလိုင်လပထမအပတ်မှစ၍ တရုတ်ဈေးကွက်သို့ ငါးတန်ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့လိုက်ပြီး မြန်မာနိုင်ငံမှ တင်ပို့သည့် ဟိုက်ပိုသားမတ်စ် ငါးတန်မျိုးစိတ်သည် တရုတ်နိုင်ငံ၏ FDA ဌာန ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ထားခြင်း မရှိဘဲ လက်ရှိ မွေးမြူခြင်းမရှိတော့သည့် ငါးတန်အဖြူမျိုးကိုသာ မှတ်ပုံတင်ထားသောကြောင့် တင်ပို့ရာတွင် အခက် အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

Source: Voice

 

Read More >>>>> တရုတ်နိုင်ငံသို့ ဘဲအကောင်လိုက် ရောင်းချမှု ပိုများလာ

Read times Last modified on Tuesday, 18 September 2018 11:45
Rate this item
(4 votes)