Food & Livestock
မီးလွတ်အရွယ်ကြက်နှင့် ဥစမ်းအရွယ်ကြက်များ ထုတ်လုပ် ရောင်းချမှု များနေ
Unicode ဖြင့်ဖတ်ရန်
မီးလွတ်အရွယ်ကြက်နှင့် ဥစမ်းအရွယ်ကြက်များ ထုတ်လုပ် ရောင်းချမှု များနေ
မုံရွာမြို့ ကျောက်စစ်ပုံ(တောင်)ကျေးရွာအနီးရှိ ကြက်မွေးမြူရေး အထူးဇုန်၌ ဥစားကြက်မွေးမြူရေး လုပ်ကိုင်လျက်ရှိသော မွေးမြူရေး လုပ်ငန်းရှင်များသည် ကြက်ဥထုတ်လုပ် ရောင်းချခြင်းထက် မီးလွတ်အရွယ် ကြက်နှင့် ဥစမ်းအရွယ်ကြက်များကိုမွေးမြူထုတ်လုပ် ရောင်းချမှု ပိုမိုများပြားလျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရပါတယ်။
Wheat Mills ဂျုံစက်ရုံပေါင်း ၅၉ ခုကိုရှာရန်နှိပ်ပါ။
ကြက်ဥစျေးနှုန်း ကျဆင်းခြင်း၊ အစာစျေးနှုန်း မြင့်တက်ခြင်း၊ ရောဂါကျရောက်နိုင်ခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများ ပေါများလာခြင်းတို့ကြောင့် ရေရှည်မွေးမြူခြင်းထက် ပိုမိုတွက်ခြေကိုက်သော မီးလွတ်အရွယ်ကြက်နှင့် ဥစမ်းအရွယ်ကြက်များကို ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်း သိရပါတယ်။
''အခုအခြေအနေက ကြက်ဥစျေးနှုန်း ကျနေတဲ့အတွက် ဥထုတ်တဲ့ လုပ်ငန်းက ဘယ်လိုမှ အဆင်မပြေဘူး။ ဇုန်ထဲက ကြက်မွေးမြူရေးသမားတွေက အကောင်ပေါက်တွေ ဝယ်ပြီး မီးကိုင်တယ်။ မီးလွတ်တဲ့အချိန် ဝယ်တဲ့သူရှိရင် ရောင်းတယ်။ နောက်ဥစမ်းအရွယ် ဝယ်တဲ့သူတွေရှိရင်လည်း ရောင်းကြတယ်။ ကြက်ပေါက်ကနေ နှစ်လလောက် အားစိုက်ပြီးမွေးလိုက်ရင် မီးလွတ်ကြက်အကောင် ၅ဝဝ ဆိုရင် ငွေကျပ်သိန်း ၂ဝလောက် အမြတ်ရတယ်။ ဇုန်ထဲက မွေးတဲ့သူတွေက ကိုယ့်ခြံအတွက် ကြက်အကောင် ၅ဝဝ ကနေ ၁ဝဝဝ လောက်ပဲ ချန်ပြီး ဝယ်တဲ့သူရှိရင် ရောင်းပစ်ကြတယ်။ နွေရာသီဆို မီးဘေး၊ ရောဂါဘေး ကြောက်နေရတယ်။
အခုအချိန်ဆိုရင်လည်း ဥစျေးနှုန်းက ကျနေတော့ မသေချာတဲ့အတွက် လက်ငင်း ငွေရတဲ့ပုံစံကို ပြောင်းပြီး လုပ်နေကြတာများတယ်''ဟု ကြက်မွေးမြူရေး ဇုန်အတွင်း ဥစားကြက်မွေးမြူရေး လုပ်ကိုင်သူ ဦးကျန်တင်က ပြောကြားခဲ့ပါတယ်။
Read More >>>>> Acecook ခေါက်ဆွဲခြောက်စက်ရုံ၌ အမေရိကန် ဒေါ်လာသိန်း ၃ဝဝ ရင်းနှီး မြှုပ်နှံထား
မုံရွာကြက်မွေးမြူရေးဇုန်သည် မုံရွာမြို့နယ် ကျောက်စစ်ပုံ(တောင်) ရွာအနီးတွင် တည်ရှိပြီး မြေဧက ၁၂၃ ဒသမ ၄၅ အကျယ်အဝန်းရှိကာ ယခင်က ငုံးမွေးမြူရေး လုပ်ငန်းတွဲပြီး လုပ်ကိုင်လျက်ရှိသော်လည်း ယခုနောက်ပိုင်းတွင် ငုံးမွေးမြူရေး လုပ်ငန်းကို မုံရွာမြို့နယ် သားပြေးကျေးရွာအနီးတွင် ဇုန်တစ်ခုခွဲထုတ်ကာ မွေးမြူလျက် ရှိကြောင်းသိရပါတယ်။
Source: Myawady
ကြက်ဥဈေးနှုန်း ကျဆင်းခြင်း၊ အစာဈေးနှုန်း မြင့်တက်ခြင်း၊ ရောဂါကျရောက်နိုင်ခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများ ပေါများလာခြင်းတို့ကြောင့် ရေရှည်မွေးမြူခြင်းထက် ပိုမိုတွက်ခြေကိုက်သော မီးလွတ်အရွယ်ကြက်နှင့် ဥစမ်းအရွယ်ကြက်များကို ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်း သိရပါတယ်။
Wheat Mills ဂျုံစက်ရုံပေါင်း ၅၉ ခုကိုရှာရန်နှိပ်ပါ။
အခုအချိန်ဆိုရင်လည်း ဥဈေးနှုန်းက ကျနေတော့ မသေချာတဲ့အတွက် လက်ငင်း ငွေရတဲ့ပုံစံကို ပြောင်းပြီး လုပ်နေကြတာများတယ်''ဟု ကြက်မွေးမြူရေး ဇုန်အတွင်း ဥစားကြက်မွေးမြူရေး လုပ်ကိုင်သူ ဦးကျန်တင်က ပြောကြားခဲ့ပါတယ်။
Read More >>>>> Acecook ခေါက်ဆွဲခြောက်စက်ရုံ၌ အမေရိကန် ဒေါ်လာသိန်း ၃ဝဝ ရင်းနှီး မြှုပ်နှံထား
Source: Myawady