Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးထုတ်ကုန် မန္တလေးဈေးကွက် အခြေအနေ

စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ

--------------

ကိုင်းတန်းဈေး စားဖိုဆောင် သီးနှံများ အနေဖြင့် ကြက်သွန်နီ ဈေးနှုန်းမှာ မြစ်သားကြက်သွန် မဝင်တော့ဘဲ စစ်ကိုင်းတိုင်း မြင်းမူ ၊ မုံရွာ ၊ ပုလဲ ၊ ပခုက္ကူ တို့မှ ဝင်ရောက်ပြီး ဘဂႅလား ၊တရုတ်သို့ တင်ပို့မှုအနည်းငယ်ရှိ၍ ပင်ရင်းဈေးမြင့်ခြင်း ၊ မြို့တွင်းသုံးဝယ်ယူမှု ပုံမှန် ရှိခြင်းကြောင့် ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၄၅၀ ကျပ် မှ ၅၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၄၅၀ ကျပ် မှ ၄၀၀ကျပ် ၊ သေး တစ်ပိဿာ ၃၀၀ ကျပ် မှ ၃၅၀ ကျပ် ဖြင့် ဈေးမသိမသာ မြင့်သွားပါသည်။

ကြက်သွန်ဖြူ (တရုတ်) မှာလည်း တောင်ကြီး ၊ မြဝတီဘက်မှ လှည့်၍ ဝင်ရောက်မှု ပုံမှန်ရှိခြင်း ၊ မြို့တွင်းသုံးမျှသာ ရှိခြင်းကြောင့် ယခင်အပတ်အတိုင်း တစ်ပိဿာ ၄၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပါသည်။

ကြက်သွန်ဖြူ(မြေပြန့်)မှာ လက်ကျန်နည်းပြီး စိုက်ပျိုးချိန်နီး သဖြင့် တစ်ပိဿာ၂၈၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးမြင့်လာပြီး ကြက်သွန်ဖြူ (ရှမ်း) မှာ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၆၀၀ ကျပ် မှ ၂၀၀၀ ကျပ်ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။အာလူး ဈေးနှုန်းမှာ တရုတ်အာလူးများ မဝင်ခြင်း ၊ အောင်ပန်းအာလူးတစ်မျိုးထဲသာရှိခြင်း ၊ အဝင်နည်း၍ ပင်ရင်းဈေးမြင့်ခြင်းကြောင့် အိုကေ တစ်ပိဿာ ၁၂၀၀ ကျပ် မှ ၁၄၀၀ ကျပ် ၊ အေဝမ်း တစ်ပိဿာ ၈၅၀ ကျပ် မှ၁၂၀၀ ကျပ် ၊ ဆွဲ တစ်ပိဿာ ၇၅၀ ကျပ် မှ ၁၀၀၀ ကျပ် ဈေးအသီးသီးမြင့်နေပါသည်။ချင်းဈေးနှုန်းအနေဖြင့် အသစ်များ ဝင်ရောက်မှုရှိပြီး အသစ် တစ်ပိဿာ ၅၀၀ ကျပ် ၊ ဟောင်း တစ်ပိဿာ ၈၀၀ ကျပ် ဖြင့် ဈေးနိမ့်နေပါသည်။


မန္တလေးဈေးကွက် (ကိုင်းတန်းဈေး) သစ်သီးဝလံဈေးကွက်အခြေအနေ

--------------------

ယခုအပတ် ကိုင်းတန်းဈေး သစ်သီးဝလံ ပွဲရုံများတွင် ပန်းသီးများ ဝင်ရောက်မှုရှိပြီးအကြွပ်သီးများဖြစ်ပြီး တစ်အိတ်လျှင် ၂၀၀ လုံး ပါဝင်ပြီး ၃၂၀၀၀ ကျပ်ဖြစ်၍ ၁၀လုံးလျှင်၁၅၀၀ကျပ်မှ ၂၀၀၀ ကျပ် ဖြင့်ရောင်းဝယ်နေ သည်ကို တွေ့ရပါသည်။ စပျစ်သီးများ အဝင်နည်း၍ တစ်ပိဿာ ၁၅၀၀ ကျပ် ရှိပြီး သီပေါ နာနတ်သီးများလည်း ဝင်ရောက်ပြီး တစ်လုံးလျှင် ၄၀၀ကျပ် မှ ၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

ထောပတ်သီးဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ၁၂၀လုံးခန့် ပါဝင်သော အိတ်များဖြင့် ဝင်ရောက်ပြီး တစ်အိတ်လျှင် ၂၀၀၀၀ ကျပ် မှ ၂၅၀၀၀ ကျပ် ထိရှိသဖြင့် ၁၀လုံးလျှင် ၂၀၀၀ ကျပ် ဖြင့် ရောင်းဝယ် နေပါသည်။

ကဗ္ဗလာသီးများ ဝင်ပုံမှန်ဖြစ်သော်လည်းအရည်အသွေးကောင်းလာသဖြင့် ၁၀၀ ပိဿာ ၈၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ် ထိ အရည်အသွေးပေါ် မူတည်၍ ရောင်းဝယ်ဖောက်ကားမှုရှိပါသည်။ ယခုအချိန်တွင် ဩဇာသီးပေါ်ချိန်ဖြစ်၍မန္တလေးဝန်းကျင်မှဝင်ရောက်ပြီး ၁၀လုံးလျှင် ၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေပါသည်။


မန္တလေးဈေးကွက် သီရိမာလာဈေး ဟင်းသီး/ရွက်ဈေးကွက်အခြေအနေ

--------------

သီရိမာလာဈေး ဟင်းသီး/ရွက် ဈေးနှုန်းအနေဖြင့် ပန်းမုံလာ ၊ ဂေါ်ဖီထုတ်များ အခင်းကျချိန်ဖြစ်ခြင်းကြောင့် အပွင့်သေးသွားပြီး ပန်းမုံလာတစ်ပွင့်လျှင် ယခင်အပတ် ၈၀၀ ကျပ် မှ ၃၅၀-၄၀၀ကျပ် ၊ ဂေါ်ဖီတစ်ထုတ် ၃၀၀ ကျပ် သို့ ဈေးနိမ့်သွားပါသည်။ဘိုစားပဲ အခင်းသစ် နှင့် အခင်းဟောင်းနှစ်မျိုးလုံး ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၇၀၀ ကျပ် မှ ၁၂၀၀ ကျပ်ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။

ပြင်ဦးလွင် မှ ခရမ်းသီးများ ဝင်ရောက်ပြီး တစ်ပိဿာ ၄၀၀ ကျပ် ဖြင့်လည်းကောင်း ၊ ဂေါ်ရခါးသီးများ ဝင်ရောက်မှု များပြီး အလုံး ၂၀၀ ပါ တစ်အိတ်လျှင် ၆၀၀၀ ကျပ် ၊ခရမ်းချဉ်သီး ၁၂ ပိဿာ ဝင် တစ်သေတ္တာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ ခါကျက်ဥ (မုံလာဥနီ) ကြိုက်သော ရာသီဥတုဖြစ်၍ ခါကျက်ဥများဝင်ရောက်ပြီး စားသောက်ဆိုင်များ ဝယ်ယူမှုသာရှိ၍ တစ်ပိဿာ၇၀၀ ကျပ် ဖြင့်ဈေးနိမ့်နေပါသည်။

ငရုတ်စိုဈေးနှုန်းမှာ ငရုတ်စိုမှာ မုံရွာ ၊မိတ္ထီလာ မှ ဝင်ရောက်ပြီး တစ်ပိဿာ ၉၀၀ ကျပ် ၊ ငရုတ်စို(လတ်) တစ်ပိဿာ ၁၈၀၀ ကျပ် ၊ကျောက်ဆည် ၊ ပုလိပ်မှ ငရုတ်စို(ပွ) များ ဝင်ရောက်ပြီး တစ်ပိဿာ ၁၂၀၀ ကျပ်ဖြင့်ရောင်းဝယ်နေပြီး ငရုတ်စို(လတ်)အား ဗန်းမော် ၊ ကွပ်ခိုင်သို့ ရံဖန်ရံခါ တင်ပို့မှုရှိပါသည်။

မန္တလေးဈေးကွက် ပဲမျိုးစုံရောင်းဝယ်ဖောက်ကားမှုအခြေအနေ

--------------

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းအနေဖြင့် စတင်စိုက်ပျိုးချိန် နီးသဖြင့် လှောင်လက်ထံမှ ဝယ်ရခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ မြို့တွင်းပဲခွဲစက်များ ပုံမှန်ဝယ်ယူမှု ရှိခြင်းတို့ကြောင့် ယခင်အပတ် ၆၀ ပိဿာ ၁၅၉၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ် အထိ ပဲစဉ်းငုံ (နီ)မှာလည်း ရန်ကုန်ဝယ်လက် ပုံမှန်ရှိပြီး စိုက်ပျိုးထားဆဲ ကာလဖြစ်ခြင်း ၊ လှောင်သမားဈေးခေါ်ရောင်းချမှုရှိခြင်းတို့ကြောင့် ယခင်အပတ် ၆၀ ပိဿာ ၁၃၅၀၀၀ ကျပ် မှ ၁၅၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ကုလားပဲ(လုံးဝါကြီးနှင့်ခွဲခြမ်း) မှာ အရောင်းအဝယ်အေး၍ ဈေးတည်ငြိမ်နေပြီး လုံးဖြူကြီးမှာ မျိုးသမား ဝယ်ယူမှု ရှိခြင်းကြောင့် ယခင်အပတ် ၅၇.၂၅ ပိဿာ လျှင် ၁၃၀၅၀၀ ကျပ် မှ ၁၃၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားပါသည်။

မြေတောက်ပဲနှင့် ထောပတ်ပဲ(သေး)တို့မှာ မြို့တွင်း ပဲကြော်/လှော်လုပ်ငန်းရှင်များ ဝယ်ယူမှုရှိခြင်း ဆောင်းပဲစိုက်ပျိုးရန် မျိုးသမား ဝယ်ယူမှု ရှိခြင်းကြောင့် မြေတောက်ပဲ၅၄ ပိဿာ ၁၆၀၀၀၀ ကျပ် မှ ၁၇၀၀၀၀ ကျပ် သို့ ဈေးမြင့်နေပြီး ထောပတ်ပဲ(သေး)မှာ ၅၆.၂၅ ပိဿာ ၉၀၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်သို့ အသီးသီး မြင့်နေပါသည်။

ပဲတီစိမ်း(အညာ)မှာ ပဲတီစိမ်း (ရွှေဝါ)အဝင်နည်းခြင်း ၊ ငွေဈေးမြင့်ခြင်း ၊ တရုတ်ဝယ်လက် ရှိခြင်းတို့ကြောင့် ၅၆.၂၅ ပိဿာ ၁၁၅၂၀၀ ကျပ်မှ ၁၃၆၇၅၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။စားတော်ပဲ ၊ ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး) ၊ ပဲလွန်းဖြူ ၊ ပဲယင်း တို့မှာ အရောင်းအဝယ်အေးပြီး ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေပါသည်။

ပဲပုတ်(မြန်မာ) ပစ္စည်းလက်ကျန် နည်းခြင်း ၊ ဆောင်းစိုက်အတွက် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ မြို့တွင်းလုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပဲပုတ်(မြန်မာ) ၅၃.၂၅ ပိဿာ ၁၄၂၅၀၀ ကျပ် မှ ၁၄၆၅၀၀ကျပ် သို့လည်းကောင်း ၊ ပဲပုတ်(ရှမ်း) ၉၈၀၀၀ ကျပ် မှ ၉၈၇၅၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပါသည်။

Source: DOP MOALI

Read times Last modified on Monday, 25 October 2021 17:51
Rate this item
(0 votes)