Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားခရု ခေါ် မျက်ပြဲခရုများ အရောင်းအဝယ် ကောင်းနေ

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများစုမှ  ထွက်ရှိသည့်  စားခရု ခေါ်    မျက်ပြဲခရုများသည် 

ယခုအခါ အရောင်းအဝယ်ကောင်းနေကြောင်း သိရပါတယ်။

 

ယင်း စားခရုကို ပုသိမ်၊ မအူပင်၊ ကျိုက် လတ်၊ ညောင်တုန်း၊ မော်လမြိုင်ကျွန်းစသည့် မြို့နယ်တို့ရှိ လယ်ကွက်များတွင် အများဆုံး တွေ့ရှိရပါတယ်။

 

''စားခရုကို ဟိုအရင်တုန်းက စားသုံးသူ နည်းတယ်လို့ ပြောလို့ရပါတယ်။ အခုနောက်ပိုင်း စားသုံးသူများလာပါတယ်။  အချို့က ကြိုက်လို့စားတယ်။ အချို့က ကင်ဆာရောဂါ အတွက်  ကောင်းတယ်ဆိုပြီး စားတယ်။

 

အချို့က  အစာအိမ်ရောဂါမဖြစ်ဘူး ဆိုပြီးစားတယ်။ ဒါကြောင့် အရောင်းအဝယ် ကောင်းနေပါတယ်'' ဟု    မော်လမြိုင်ကျွန်းမြို့မှ    စားခရု  ခေါ်  မျက်ပြဲခရု ကောက်ယူရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

 

စားခရု ခေါ် မျက်ပြဲခရုများကို ရေနွေးဖြင့် ပြုတ်ကာ  အသားကို  ချွန်သည့်အရာဖြင့် ထုတ်ယူ၍  သန့်စင်အောင် ရေကြည်၊ ထုံးရည်၊ ကျောက်ချဉ်တို့ဖြင့် ဆေးကြောကာ ရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ခရုသားထုတ်ပြီးသား အကြီး၊ အသေးအပေါ် မူတည်ကာ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ၅၅ဝဝ အထိ ဈေးပေါက်နေပြီး ဟိုတယ်နှင့် စားသောက်ဆိုင်များကပါ မှာယူနေသဖြင့် ဈေးကွက်ကောင်းလျက် ရှိကြောင်း  သိရပါတယ်။

 

Source: Myawady

 

Read More >>>>> ပြည်ပဈေးကွက်အတွက် ငါးတန်ပြောင်းလဲမွေးမြူရန် အကြံပြု

Read times Last modified on Tuesday, 18 September 2018 11:45
Rate this item
(1 Vote)