Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နှစ်ကျော်အတွင်း မတ်ပဲဈေး ကျပ် ၁၂ သိန်းခန့်သို့ ပြန်ရောက်

ပြည်တွင်းဈေးကွက် တွင် တစ်နှစ်ကျော်အတွင်းမတ်ပဲ ဈေးတစ်တန်လျှင်အမြင့်ဆုံးကျပ် ၁၂ သိန်းခန့်သို့ ပထမဆုံးပြန် လည်ရောက်ရှိလာကြောင်း ပြည် ပသို့ပဲတင်ပို့နေသည့် စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။


နိုဝင်ဘာ ၅ ရက်မတ်ပဲဈေး သည် အရည်အသွေးနိမ့်အမျိုးအ စားပင် တစ်တန်လျှင် ကျပ်ကိုး သိန်းရှစ်သောင်းဈေးရှိပြီး အ ရည်အသွေးကောင်းသည့်ပဲတစ် တန်လျှင်ကျပ် တစ်ဆယ့်တစ် သိန်းခုနစ်သောင်းခန့်အထိ ရှိခဲ့ သည်။

 

မြန်မာနိုင်ငံတွင် စပါးပြီး လျှင် ဆောင်းသီးနှံအဖြစ်တစ်နှစ် လျှင် တန်ငါးသိန်းကျော်စိုက်ပျိုး ထုတ်လုပ်သည့် မတ်ပဲဈေးနှုန်း မြင့်တက်လာခြင်းသည် လယ်သ မားများအတွက် မျှော်လင့်ချက် တစ်ခုဖြစ်ကြောင်း လယ်သမား ဘ၀ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦး သိန်းအောင်က ပြောသည်။

 

လက်ရှိတွင် ဧရာဝတီတိုင်း နှင့်ပဲခူးတိုင်း၌ ဆောင်းရာသီစိုက် ပျိုးသီးနှံအဖြစ် မတ်ပဲကိုလယ်သ မားအများစုက ပြန်လည်စိုက်ပျိုး လိုကြောင်း ၎င်းကပြောသည်။

 

၂၀၁၇ ဩဂုတ်က စတင် သော အိန္ဒိယအစိုးရ၏ပဲတင်သွင်း မှုကန့်သတ်ချက်ကြောင့် ပြည် တွင်းမတ်ပဲဈေးကျဆင်းပြီး လယ် သမားများက မတ်ပဲအစား ပဲတီ စိမ်းနှင့်အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးရန် မူလကစီစဉ်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ် သမားဦးပြူးက ပြောသည်။

 

ပြည်တွင်း ဈေးကွက်တွင် မတ်ပဲဈေးသည် အောက်တိုဘာ ကစတင်မြင့်တက်ပြီး နိုဝင်ဘာ လဆန်း၌ ဆက်လက်မြင့်တက် နေသည်။ အိန္ဒိယနိုင်ငံတွင် ရာသီ ဥတုဖောက်ပြန်ပြီး မတ်ပဲအထွက် နည်းခြင်းကြောင့် အထူးလိုင်စင် များဖြင့် မြန်မာနိုင်ငံမှဝယ်ယူနေ သည်။

 

တစ်ပတ်လျှင် မတ်ပဲတန် ချိန်တစ်သောင်းမှတစ်သောင်းခွဲ ကြား အ၀ယ်ရှိပြီး ဈေးနှုန်းလည်း တိုးမြင့်လာခြင်းကြောင့် ပြည်တွင်းဈေးမြင့်တက်လာသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန် သည်အသင်း အတွင်းရေးမှူးဦးမင်းကိုဦးက ပြောသည်။

 

‘‘သူတို့ဝယ်လိုအားရှိတော့ ဈေးကတော့ ဆက်မာနေဦးမှာပဲ’’ ဟု ဦးမင်းကိုဦးက ၎င်း၏အမြင်ကို ပြောသည်။

 

မတ်ပဲဈေးနှုန်းမြင့်တက်လာ ချိန်တွင် လယ်သမားများ၌ ပဲ လက်ကျန်မရှိဖြစ်နေပြီး စိုက်ပျိုး ရန်မျိုးပဲဝယ်ယူစုဆောင်းချိန်ဖြစ် နေသည်။ မျိုးမတ်ပဲတစ်တင်းဈေး မှာ လက်ရှိတွင်ကျပ်သုံးသောင်း သုံးထောင်ပေါက်ဈေးရှိကြောင်း ဦးသိန်းအောင်က ပြောသည်။

 

ယခုနှစ်ဆန်းပိုင်းမတ်ပဲပေါ် ချိန်တွင် တစ်တင်း ကျပ်တစ် သောင်းနှစ်ထောင်မှ တစ်သောင်း ခွဲခန့်သာဈေးရရှိသော လယ်သ မားများသည် လက်ရှိဆောင်းရာ သီစိုက်ပျိုးမည့်အချိန်၌ မတ်ပဲ ဈေးနှုန်းက ဆွဲဆောင်နေသည်ဟု ၎င်းကပြောသည်။

 

အိန္ဒိယနိုင်ငံမှ ကန့်သတ် ခံထားရသော မတ်ပဲအပြင် ပဲစင်း ငုံဈေးကလည်း လိုက်ပါမြင့်တက် လာသည်။ စိုက်ပျိုးချိန်ကြာမြင့် သော ပဲစင်းငုံတစ်တန်ဈေးသည် လက်ရှိတွင် ကျပ်ရှစ်သိန်းခွဲခန့် သို့ မြင့်တက်လာသည်။ ယခုနှစ် တွင် အိန္ဒိယနိုင်ငံမှ တန်ချိန်နှစ် သိန်း ပြည်ပမှတရားဝင်တင်သွင်း အပြီး ရာသီဥတုဖောက်ပြန်မှု ကြောင့် ထပ်မံတင်သွင်းမည့်အစီ အစဉ်ကြောင့် ပဲစင်းငုံဈေးနှုန်း လည်း မြင့်တက်စေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန် သည်တစ်ဦးက ပြောသည်။

 

Source: 7 days new

 

Read times Last modified on Tuesday, 06 November 2018 09:07
Rate this item
(0 votes)