Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ခုံးကောင် စည်သွတ်ဘူးများ ဗီယက်နမ် စတင် တင်ပို့

ဗီယက်နမ်နိုငံ မြောက်ပိုင်းပြည်နယ် နမ်ဒင်မှာ အခြေစိုက်တဲ Lenger Seafoods Vietnam Co. က ခုံးကောင် စည်သွတ်ဘူးများကို

ကွန်တိန်နာဖြင့် ဉရောပသို့ နိုဝင်ဘာလ ၂၂ ရက်မှာ တင်ပို့ခဲ့ပါတယ်။ ခုံးကောင်စည်သွပ်ဘူးများပါတဲ့ ကွန်တိန်နာကို ဗီယက်နမ်မှ ဉရောပဈေးကွက်သို့ ပထမဆုံးအကြိမ် တင်ပို့လိုက်တာ ဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာန အထွေထွေ ညွှန်မှူး Tran Dinh Luan က ယခုလို တင်ပို့နိုင်ခဲ့တာဟာ ကောင်းသော လက္ခဏာလို့ မှတ်ချက်ပြုပါတယ်။
ခုံးကောင်မွေးမြူရေးလုပ်ငန်းက တင်းတင်းကျပ်ကျပ် တသွေမတိမ်း လိုက်နာဆောင်ရွက်ရတဲ့ အရည်အသွေးစံ သတ်မှတ်ချက်တွေကို အတိအကျ လိုက်နာနိုင်ခဲ့လို့ အခုလို တင်ပို့ခွင့် ရရှိတာဖြစ်ကြောင်း သူက ပြောကြားပါတယ်။

တင်ပို့တဲ့ ကွန်တိန်နာမှာ ခုံးကောင်စည်သွပ်ဘူး ခုရေ ၂၀၀,၀၀၀ ပါဝင်ပြီး စည်သွပ်ဘူးပေါင်း ၂ သန်း၊ ကွန်တိန်နာ ၁၀ လုံးဖြင့် ၂၀၂၂ နှစ်မကုန်ခင် အပြီးအစီးတင်ပို့ဖို့ အစီအစဉ်ရဲ့ ပထမအသုတ်အဖြစ် တင်ပို့လိုက်တာ ဖြစ်ပါတယ်။

ယခုလို တင်ပို့ခွင့် ရရှိဖို့ နှစ်အတန်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ Lenger Seafoods Vietnam က ခေတ်မီ စက်ကိရိယာများ တပ်ဆင်ခဲ့ပါတယ်။ တစ်နှစ်လျှင် စည်သွပ်ဘူးခုရေ ၁၂ သန်း ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ခုံးကောင်စည်သွပ်ဘူး စက်ရုံ ဖြစ်ပါတယ်။
ခုံးကောင် မွေးမြူရေးမှအစ စည်သွပ်ဘူးထဲ ထည့်ရန် ပြင်ဆင်တာအလယ် စည်သွပ်ဘူး သွတ်တာအဆုံး ဥရောပစံများအတိုင်း လုပ်ဆောင်ရတဲ့အပြင် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကိုလည်း ဉရောပစံများနဲ့အညီ လုပ်ဆောင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။

Read times Last modified on Sunday, 28 November 2021 09:00
Rate this item
(0 votes)