Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗိုလ်စားပဲများ ရောင်းအားကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

Unicode


ဗိုလ်စားပဲများ ရောင်းအားကောင်းသဖြင့်  စိုက်ပျိုးသူများ အဆင်ပြေ


ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဒေသခံ တောင်သူများ  ကျေးရွာစိုက်ကွင်းများ၌ စက်တင်ဘာလမှ စတင်စိုက်ပျိုးထားသည့် ဗိုလ်စားပဲများသည် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍   ခူးဆွတ် ရောင်းချလျက်ရှိရာ ရောင်းအားကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။


ဗိုလ်စားပဲများ ခူးဆွတ်ရောင်းချရာတွင် အောင်ပန်းမြို့ရှိ ပွဲရုံများသို့ အဓိက တင်ပို့ရောင်းချကာ ပင်းတယမြို့မဈေးနှင့် နီးစပ်ရာဈေးများသို့လည်း ရောင်းချလျက်ရှိသည်။


ပထမရက်သတ္တပတ် ခူးဆွတ်ရောင်းချရာတွင် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀ မှ ၇၀၀ ဈေးရရှိသော်လည်း နောက်ထပ်ရက်သတ္တပတ်အချိန် ခူးဆွတ်ရောင်းချရာတွင် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀ မှ ၄၅၀ ဈေးအထိသာ ရရှိတော့ကြောင်း သရက်ကုန်းကျေးရွာမှ ဗိုလ်စားပဲများ စိုက်ပျိုးခူးဆွတ်ရောင်းချသူ ကိုဝင်းဇော် ကပြောသည်။

 

Read More >>>>>  ဘဂၤလားေဒ႕ရွ္မွ ၾကက္သြန္နီ အ၀ယ္နည္းလာေသာေၾကာင့္ ေစ်းႏႈန္းျပန္လည္ က်ဆင္း


အဆိုပါ ဗိုလ်စားပဲများကို  ပင်းတယ မြို့နယ် ကျုံး၊ ပွေးလှ၊ တမဲ၊ ရေချမ်းစင်၊ သရက်ကုန်း အစရှိသည့် ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။


ဗိုလ်စားပဲတစ်ဧကလျှင် မျိုးစေ့တစ်ပိဿာခွဲမှ နှစ်ပိဿာအထိ စိုက်ပျိုးကြပြီး ကုန်ကျစရိတ်မှာ ငွေကျပ် ခုနစ်သောင်းခန့် ကုန်ကျကြောင်းနှင့် ပြန်လည်ခူးဆွတ်ချိန်တွင် သုံးကြိမ်မှ လေးကြိမ်အထိ  ခူးဆွတ်ရ၍ အထွက်နှုန်းမှာ  ပိဿာချိန် သုံးရာကျော် ရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေကြောင်း သိရသည်။   


Source: Myawaddy

 

 

ဗိုလ္စားပဲမ်ား ေရာင္းအားေကာင္းသျဖင့္  စိုက္ပ်ဳိးသူမ်ား အဆင္ေျပ

 

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမိဳ႕နယ္ ေဒသခံ ေတာင္သူမ်ား  ေက်းရြာစိုက္ကြင္းမ်ား၌ စက္တင္ဘာလမွ စတင္စိုက္ပ်ဳိးထားသည့္ ဗိုလ္စားပဲမ်ားသည္ ႏို၀င္ဘာလဆန္းပိုင္းမွ စတင္၍   ခူးဆြတ္ ေရာင္းခ်လ်က္ရွိရာ ေရာင္းအားေကာင္းသျဖင့္ စိုက္ပ်ဳိးသူမ်ား အဆင္ေျပလ်က္ရွိသည္။


ဗိုလ္စားပဲမ်ား ခူးဆြတ္ေရာင္းခ်ရာတြင္ ေအာင္ပန္းၿမိဳ႕ရွိ ပြဲ႐ံုမ်ားသို႔ အဓိက တင္ပို႔ေရာင္းခ်ကာ ပင္းတယၿမိဳ႕မေစ်းႏွင့္ နီးစပ္ရာေစ်းမ်ားသို႔လည္း ေရာင္းခ်လ်က္ရွိသည္။

 


ပထမရက္သတၱပတ္ ခူးဆြတ္ေရာင္းခ်ရာတြင္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၆၀၀ မွ ၇၀၀ ေစ်းရရွိေသာ္လည္း ေနာက္ထပ္ရက္သတၱပတ္အခ်ိန္ ခူးဆြတ္ေရာင္းခ်ရာတြင္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၃၅၀ မွ ၄၅၀ ေစ်းအထိသာ ရရွိေတာ့ေၾကာင္း သရက္ကုန္းေက်းရြာမွ ဗိုလ္စားပဲမ်ား စိုက္ပ်ဳိးခူးဆြတ္ေရာင္းခ်သူ ကို၀င္းေဇာ္ ကေျပာသည္။

 

 

Read More >>>>>  ဘဂၤလားေဒ႕ရွ္မွ ၾကက္သြန္နီ အ၀ယ္နည္းလာေသာေၾကာင့္ ေစ်းႏႈန္းျပန္လည္ က်ဆင္း

 


အဆိုပါ ဗိုလ္စားပဲမ်ားကို  ပင္းတယ ၿမိဳ႕နယ္ က်ဳံး၊ ေပြးလွ၊ တမဲ၊ ေရခ်မ္းစင္၊ သရက္ကုန္း အစရွိသည့္ ေက်းရြာမ်ားတြင္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးၾကသည္။

 


ဗိုလ္စားပဲတစ္ဧကလွ်င္ မ်ဳိးေစ့တစ္ပိႆာခြဲမွ ႏွစ္ပိႆာအထိ စိုက္ပ်ဳိးၾကၿပီး ကုန္က်စရိတ္မွာ ေငြက်ပ္ ခုနစ္ေသာင္းခန္႔ ကုန္က်ေၾကာင္းႏွင့္ ျပန္လည္ခူးဆြတ္ခ်ိန္တြင္ သံုးႀကိမ္မွ ေလးႀကိမ္အထိ  ခူးဆြတ္ရ၍ အထြက္ႏႈန္းမွာ  ပိႆာခ်ိန္ သံုးရာေက်ာ္ ရရွိသျဖင့္ စိုက္ပ်ဳိးသူမ်ား အဆင္ေျပေၾကာင္း သိရသည္။   

 


Source: Myawaddy

Read times Last modified on Thursday, 06 February 2020 14:54
Rate this item
(0 votes)