Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေး ဆွေးနွေး

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် အစိုးရချင်းဆွေးနွေးနေပြီး တရုတ်နိုင်ငံက ပြည်တွင်းထွက်ကုန်များ

ဝယ်ယူမည့် သတ်မှတ် မာဏကိုတာ (Quota) ပိုမိုရရှိ နိုင်ရန် ဆောင်ရွက်နေကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

 

တရုတ်ဘက်က လယ်ယာ ထွက်ကုန်တွေ ၀ယ်ယူရာမှာ ကို တာသတ်မှတ်ပြီး ၀ယ်ယူပါတယ်။ အဲဒီကိုတာပိုရဖို့ရယ်၊ အမြဲတမ်းပုံမှန်ရောင်းချနိုင်အောင်ရယ် ညှိနှိုင်းနေပါတယ်’’ဟု ဦးရန်နိုင်ထွန်းက ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံ၏ အရည်အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါထိန်းချုပ်ရေးဌာန(AQSI Q) ၏ အတည်ပြုချက်ကို သီးနှံငါးမျိုးတွင် ရရှိနိုင်ရန် ဆောင်ရွက် နေကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။

 

ယင်းသီးနှံငါးမျိုးမှာ ထော ပတ်သီး၊ ကျွဲကော၊ ငှက်ပျော၊ ၀ဥ၊ ဖာလာတို့ဖြစ်ပြီး လက်ရှိတွင် AQSIQ အသိအမှတ်ပြု လက် မှတ်ကို မြန်မာနိုင်ငံသို့ ပေးအပ် နိုင်ရန် တရုတ်နိုင်ငံ အစိုးရကလိုအပ်သည်များကို ဆက်လက် ဆောင်ရွက်နေသည်ဟု ဦးရန်နိုင်ထွန်းက ဆိုပါတယ်။

 

တရုတ်နိုင်ငံမှ တာဝန်ရှိသူ များက လာရောက်၍ AQSIQ တင်ထားသည့် သီးနှံများတွင် ကျ ရောက်တတ်သည့် ပိုးမွှားများ၊ စိုက်ခင်းအတွင်းသုံးသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၊ ကူး စက်ပျံ့နှံ့တတ်သည့် ပိုးမွှားများ ပါဝင်မှု ရှိ၊ မရှိစစ်ဆေးမည်ဖြစ်ပြီး သတ်မှတ်စံနှုန်းပြည့်မီပါက သက်ဆိုင်ရာသီးနှံများကို AQSIQ လက်မှတ်ပေးအပ်မည် ဖြစ်ပါတယ်။

 

AQSIQ အသိအမှတ်ပြု လက်မှတ်ရရှိသည့် သီးနှံများကို တရုတ်နိုင်ငံသို့ တရားဝင်လွတ် လပ်စွာ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး ၀လံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ပြောကြားထားပါတယ်။

 

Source: 7 days new

 

Read times
Rate this item
(1 Vote)