Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မုံရွာဒေသထွက်မုန်လာဥဖြူများ ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် သီးနှံများကို

နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မုံရွာဒေသထွက် မုန်လာဥဖြူများ ဈေးကောင်းရရှိကြောင်း သိရပါတယ်။

 

ကျွန်တော်တို့ မုန်လာဥဖြူပင်ကို သီတင်းကျွတ်လဆန်းလောက်က စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။ အခုတစ်လခွဲကျော်တော့ မုန်လာဥဖြူပေါ်နေပါပြီ။

 

ဈေးကွက်မှာရောင်းဖို့အတွက် ငါးဥတွဲအစည်းလေးတွေစည်းပြီး မန္တလေးမြို့က ကုန်စိမ်းဈေးအထိ ကိုယ်တိုင်သွားရောက်ရောင်းချရပါတယ်။

 

ဒီနှစ်အပင်ကျဲကျဲစိုက်ထားတဲ့အတွက် ထွက်ရှိတဲ့ဥက အလုံးလှတယ်။ ဥဖြူပင်တစ်ခါစိုက်ရင် အထွေထွေစရိတ် ငွေကျပ် ၃၀၀၀၀၀ လောက်အထိ ကုန်ကျပါတယ်။ လက်ရှိအချိန် ဈေးကောင်းရရှိထားတဲ့အတွက် ဥဖြူကုန်တဲ့အချိန်ထိဆို ငွေကျပ် ၁၅ သိန်းလောက်တော့ ပြန်လည်ရရှိမယ်လို့ ခန့်မှန်းထားကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

မုံရွာဒေသထွက် မုန်လာဥဖြူငါးလုံးတွဲအစည်းတစ်စည်းလျှင် ငွေကျပ် ၃၅၀ နှုန်းဖြင့် ရောင်းချနေရကြောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက ချင်းတွင်းမြစ်ရေများ လျှံတက်လာပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် ကျွန်းမြေများတွင် ရေ၀င်နစ်မြှုပ်ခဲ့သဖြင့် ဒေသထွက်ကုန်စိမ်းသီးနှံများ ဈေးကောင်းရရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:45
Rate this item
(1 Vote)