Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့နည်း

Unicode

ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့နည်း


မိုးစပါးအသစ်ပေါ်ချိန် တွင် ပြည်ပသို့ ဆန်တင်ပို့နိုင်မှု သည် ပြီးခဲ့သည့်နှစ်ထက် ထက် ဝက်ခန့် လျော့နည်းကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူအချို့က ပြောသည်။


ယခုနှစ်တွင် ပြည်ပသို့ တစ် လလျှင် ဆန်တန်ချိန် နှစ်သိန်းခန့် သာ တင်ပို့နိုင်ပြီး ယမန်နှစ်က တစ်လလျှင် ပျမ်းမျှတန်ချိန် သုံး သိန်းခွဲအထက်ရှိကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဗဟိုအ လုပ်အမှုဆောင် ဦးမျိုးသူရအေး ကပြောသည်။ ထို့ကြောင့်ပြည်ပ ဆန်တင်ပို့နိုင်မှုက တန်ချိန်တစ် သိန်းခွဲကျော် လျော့နည်းသည်။

 

ယင်းသို့ လျော့နည်းရခြင်း၏ အဓိကအကြောင်းရင်းနှင့် ပတ် သက်၍ ဦးမျိုးသူရအေးက ‘‘တရုတ်ကို အရင်လိုမသွားနိုင် တော့လို့ပါ’’ဟု ပြောသည်။

 

ယခုနှစ်တွင် တရုတ်နိုင်ငံ သည် မြန်မာ့ဆန်ကို နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှ တစ် ပတ်လျှင် တန်ချိန် တစ်သောင်း ကျော်သာ ဝယ်ယူကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်အသင်းဝင် ဦးမင်း သိန်းက ပြောသည်။

 

တရုတ်ကုန်သည်များသည် ယခင်နှစ်များကဲ့သို့ ဆန်ကို လွတ် လပ်စွာ ဝယ်နိုင်ခြင်းမရှိဘဲ ကူမင်း အစိုးရက ချထားပေးသော ဆန် တင်သွင်းခွင့် ပါမစ်များဖြင့်သာ ဝယ်နေကြောင်း ၎င်းက ဆိုသည်။

 

ဆန်တင်ပို့မှု လျော့နည်းခြင်း ကြောင့် ပြည်ပသို့ အများဆုံးတင် ပို့နေသည့် ဆန်ကြမ်းဈေးနှုန်း ကျဆင်းနေပြီး တစ်အိတ်လျှင် ကျပ် ၁၆,၅၀၀ ခန့်ဈေးရှိကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ဆန်ကုန် စည်ဒိုင်မှ အသင်းဝင်အချို့က ပြောသည်။

 

‘‘နယ်စပ်အဆွဲမရှိတော့ ပင် လယ်ထွက်ပေါက်တစ်ခုပဲ အား ကိုးနေရတယ်’’ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

 

မြန်မာနိုင်ငံ၏ လယ်မြေဧက ၁၇ သန်း၌ စိုက်ပျိုးသော မိုးစပါး အသစ်ပေါ်ချိန်တွင် ပြည်ပဆန် တင်ပို့မှု လျော့ကျခြင်းကြောင့် ပြည်တွင်း စပါးဈေးနှုန်းလည်း လိုက်ပါကျဆင်းခဲ့သည်။

 

Read More >>>>>   အေျခခံရည္ညႊန္းေဈးျဖင့္ စပါးဝယ္ယူေရး စည္းမ်ဥ္းမ်ား ဒီဇင္ဘာ ၄ ရက္တြင္ ထုတ္ျပန္မည္

 

လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းအောက် ကျ ဆင်းနေပြီး စိုက်ပျိုးသူတောင်သူ လယ်သမားများ အခက်အခဲကြုံ နေရသည်။ ရာသီဥတုဖောက်ပြန် မှုကြောင့် ရောဂါပိုးမွှားများ ကျ ရောက်ပြီး စပါးအထွက်နည်းချိန် တွင် စပါးဈေးကျဆင်းခြင်းက လယ်သမားများအတွက် ထိုးနှက် ချက်တစ်ခုဖြစ်ကြောင်း လယ်သ မားဘဝ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်ကပြောသည်။

 

‘‘ဒီနှစ်မှာ လယ်သမားတွေ က အတော်အထိနာနေပြီ။ နာလန်မထူနိုင်ဘူး’’ဟု ဦးသိန်းအောင်က ပြောသည်။

 

မိုးစပါးပေါ်ချိန်တွင် စပါး ဈေးကျဆင်းခြင်းကို ခုခံရန် အစိုးရက အခြေခံရည်ညွှန်းဈေးဖြင့်စပါး ဝယ်ယူရန် ပြင်ဆင်နေသည်။ ဘဏ္ဍာရန်ပုံငွေမှ ကျပ် ၁၂ ဘီလီယံခန့် သုံးစွဲကာ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းမှ စပါးများဝယ် ယူရန် စီစဉ်နေပြီး အခြေခံရည် ညွှန်းစပါးဈေးသည် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းဖြစ်သည်။

 

‘‘အစိုးရဝယ်မှာကို မျှော်ရ တာလည်း မောနေပါပြီ’’ဟု ကျောင်းကုန်းမြို့နယ်နေ လယ် သမား ဦးပြူးက ဆိုသည်။

 

အခြေခံဈေးဖြင့် စပါးဝယ် ယူရေးသည် ယခုလအတွင်း လက်တွေ့အကောင်အထည်ပေါ်လာ နိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောသည်။

 

Source:  7 day news

 

 

 

ျပည္ပသို႔ ဆန္တင္ပို႔မႈ ယခင္ႏွစ္ထက္ ထက္ဝက္ခန႔္ ေလ်ာ့နည္း

 

မိုးစပါးအသစ္ေပၚခ်ိန္ တြင္ ျပည္ပသို႔ ဆန္တင္ပို႔နိုင္မႈ သည္ ၿပီးခဲ့သည့္ႏွစ္ထက္ ထက္ ဝက္ခန႔္ ေလ်ာ့နည္းေၾကာင္း ျမန္မာနိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ တာဝန္ရွိသူအခ်ိဳ႕က ေျပာသည္။


ယခုႏွစ္တြင္ ျပည္ပသို႔ တစ္ လလၽွင္ ဆန္တန္ခ်ိန္ ႏွစ္သိန္းခန႔္ သာ တင္ပို႔နိုင္ၿပီး ယမန္ႏွစ္က တစ္လလၽွင္ ပ်မ္းမၽွတန္ခ်ိန္ သုံး သိန္းခြဲအထက္ရွိေၾကာင္း ျမန္မာ နိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ဗဟိုအ လုပ္အမႈေဆာင္ ဦးမ်ိဳးသူရေအး ကေျပာသည္။ ထို႔ေၾကာင့္ျပည္ပ ဆန္တင္ပို႔နိုင္မႈက တန္ခ်ိန္တစ္ သိန္းခြဲေက်ာ္ ေလ်ာ့နည္းသည္။

 

ယင္းသို႔ ေလ်ာ့နည္းရျခင္း၏ အဓိကအေၾကာင္းရင္းႏွင့္ ပတ္ သက္၍ ဦးမ်ိဳးသူရေအးက ‘‘တ႐ုတ္ကို အရင္လိုမသြားနိုင္ ေတာ့လို႔ပါ’’ဟု ေျပာသည္။

 

ယခုႏွစ္တြင္ တ႐ုတ္နိုင္ငံ သည္ ျမန္မာ့ဆန္ကို နယ္စပ္ကုန္ သြယ္ေရးလမ္းေၾကာင္းမွ တစ္ ပတ္လၽွင္ တန္ခ်ိန္ တစ္ေသာင္း ေက်ာ္သာ ဝယ္ယူေၾကာင္း မူဆယ္ဆန္ကုန္စည္ဒိုင္အသင္းဝင္ ဦးမင္း သိန္းက ေျပာသည္။

 

တ႐ုတ္ကုန္သည္မ်ားသည္ ယခင္ႏွစ္မ်ားကဲ့သို႔ ဆန္ကို လြတ္ လပ္စြာ ဝယ္နိုင္ျခင္းမရွိဘဲ ကူမင္း အစိုးရက ခ်ထားေပးေသာ ဆန္ တင္သြင္းခြင့္ ပါမစ္မ်ားျဖင့္သာ ဝယ္ေနေၾကာင္း ၎က ဆိုသည္။

 

ဆန္တင္ပို႔မႈ ေလ်ာ့နည္းျခင္း ေၾကာင့္ ျပည္ပသို႔ အမ်ားဆုံးတင္ ပို႔ေနသည့္ ဆန္ၾကမ္းေဈးႏႈန္း က်ဆင္းေနၿပီး တစ္အိတ္လၽွင္ က်ပ္ ၁၆,၅၀၀ ခန႔္ေဈးရွိေၾကာင္း ရန္ကုန္ၿမိဳ႕ ဘုရင့္ေနာင္ဆန္ကုန္ စည္ဒိုင္မွ အသင္းဝင္အခ်ိဳ႕က ေျပာသည္။

 

‘‘နယ္စပ္အဆြဲမရွိေတာ့ ပင္ လယ္ထြက္ေပါက္တစ္ခုပဲ အား ကိုးေနရတယ္’’ဟု ဘုရင့္ေနာင္ ဆန္ကုန္စည္ဒိုင္ အတြင္းေရးမႉး ဦးသန္းဦးက ေျပာသည္။

 

ျမန္မာနိုင္ငံ၏ လယ္ေျမဧက ၁၇ သန္း၌ စိုက္ပ်ိဳးေသာ မိုးစပါး အသစ္ေပၚခ်ိန္တြင္ ျပည္ပဆန္ တင္ပို႔မႈ ေလ်ာ့က်ျခင္းေၾကာင့္ ျပည္တြင္း စပါးေဈးႏႈန္းလည္း လိုက္ပါက်ဆင္းခဲ့သည္။

 

Read More >>>>>   အေျခခံရည္ညႊန္းေဈးျဖင့္ စပါးဝယ္ယူေရး စည္းမ်ဥ္းမ်ား ဒီဇင္ဘာ ၄ ရက္တြင္ ထုတ္ျပန္မည္

 

လက္ရွိတြင္ စပါးတင္း ၁၀၀ လၽွင္ က်ပ္ေလးသိန္းေအာက္ က် ဆင္းေနၿပီး စိုက္ပ်ိဳးသူေတာင္သူ လယ္သမားမ်ား အခက္အခဲၾကဳံ ေနရသည္။ ရာသီဥတုေဖာက္ျပန္ မႈေၾကာင့္ ေရာဂါပိုးမႊားမ်ား က် ေရာက္ၿပီး စပါးအထြက္နည္းခ်ိန္ တြင္ စပါးေဈးက်ဆင္းျခင္းက လယ္သမားမ်ားအတြက္ ထိုးႏွက္ ခ်က္တစ္ခုျဖစ္ေၾကာင္း လယ္သ မားဘဝ ဖြံ့ၿဖိဳးေရးအသင္းဥကၠ႒ ဦးသိန္းေအာင္ကေျပာသည္။

 

‘‘ဒီႏွစ္မွာ လယ္သမားေတြ က အေတာ္အထိနာေနၿပီ။ နာလန္မထူနိုင္ဘူး’’ဟု ဦးသိန္းေအာင္က ေျပာသည္။

 

မိုးစပါးေပၚခ်ိန္တြင္ စပါး ေဈးက်ဆင္းျခင္းကို ခုခံရန္ အစိုးရက အေျခခံရည္ညႊန္းေဈးျဖင့္စပါး ဝယ္ယူရန္ ျပင္ဆင္ေနသည္။ ဘ႑ာရန္ပုံေငြမွ က်ပ္ ၁၂ ဘီလီယံခန႔္ သုံးစြဲကာ ဧရာဝတီ၊ ပဲခူးႏွင့္ ရန္ကုန္တိုင္းမွ စပါးမ်ားဝယ္ ယူရန္ စီစဥ္ေနၿပီး အေျခခံရည္ ညႊန္းစပါးေဈးသည္ တင္း ၁၀၀ လၽွင္ က်ပ္ငါးသိန္းျဖစ္သည္။

 

‘‘အစိုးရဝယ္မွာကို ေမၽွာ္ရ တာလည္း ေမာေနပါၿပီ’’ဟု ေက်ာင္းကုန္းၿမိဳ႕နယ္ေန လယ္ သမား ဦးျပဴးက ဆိုသည္။

 

အေျခခံေဈးျဖင့္ စပါးဝယ္ ယူေရးသည္ ယခုလအတြင္း လက္ေတြ႕အေကာင္အထည္ေပၚလာ နိုင္သည္ဟု ျမန္မာနိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္ က ေျပာသည္။

 

 

Source:  7 day news

 

Read times Last modified on Tuesday, 04 February 2020 17:17
Rate this item
(1 Vote)