Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နွေစပါး ဧက ခုနစ်သိန်းကျော်နှင့် အခြားသီးနှံ ဧက သုံးသိန်းကျော်အတွက် ဆည်ရေပေးဝေမည်

၂၀၂၁ ခုနှစ် နွေရာသီတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နွေစပါးစိုက်ဧက ခုနစ်သိန်းကျော်နှင့် အခြားသီးနှံစိုက် ဧက သုံးသိန်းကျော်၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၁၀ သိန်းကျော် အတွက်

ရေလှောင်တမံများနှင့် ဆည်ကန်များမှ ရေများကို စိုက်ပျိုးရေအဖြစ် ပေးဝေသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဆင်ဟွာသို့ပြောသည်။

“ ဖေဖော်ဝါရီလ ပထမပတ် အကုန်မှာ စပြီး ပေးဝေသွားမှာပါ၊ အဓိက ကတော့ ပဲခူးတိုင်းက နွေစပါး အများဆုံးစိုက်ပျိုးတာပေါ့၊ မကွေးတို့၊ မန္တလေးတို့ ကကျတော့ နွေစပါးကို အားထားပြီး မစိုက်နိုင်ဘူး၊ ရေရှားတဲ့ဒေသတွေဆိုတော့၊ စစ်ကိုင်းတိုင်းဆိုရင်လဲ အတူတူပါပဲ၊ ဒီနှစ်နွေရာသီမှာ အခြားသီးနှံကိုပဲ စိုက်ပျိုးမှာဖြစ်ပါတယ်၊ ဒီနှစ် မိုးရွာသွန်းမှု နည်းခဲ့လို့ ရေလှောင်တမံတွေအတွင်း ရေဝင်ရောက်မှု နည်းပြီး ရေသိုလှောင်မှုနည်းခဲ့ပေမယ့် နွေသီးနှံစိုက်ဧက ကတော့ မနှစ်က လောက်ပဲ လျာထားတာပါ၊ စုစုပေါင်းနွေသီးနှံစိုက်ဧကက ၁၁ သိန်းလောက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လာမည့် နွေရာသီ နွေသီးနှံစိုက်ရာသီအတွက် အချို့ဒေသများရှိ ဆည်များ၊ ရေလှောင်တမံများ၊ ကန်များအတွင်း ဆည်ရေလက်ကျန် အခြေ အနေများမှာ မိုးနည်းခဲ့သောကြောင့် ရေလျော့ နည်းမှုများ ရှိနေသဖြင့် နွေစပါးအစား အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုး ရန် ဆောင်ရွက်ခဲ့ရာ နွေစပါးအစား အခြားသီးနှံများကိုသာ အဓိကစိုက်ပျိုးစေမည်ဖြစ်ကြောင်း၊ ရေလက်ကျန် ကောင်းမွန်သည့် အချို့သော ဆည်ကန်များ ရှိရာ ဒေသများတွင်သာ နွေစပါးစိုက်ပျိုးမှု များ ရှိ ကြောင်း၊ နေပြည်တော်ရှိ ငလိုက်ချောင်းရေလှောင်တမံ (ငလိုက်ဆည်) ဆိုလျှင် ရေလက်ကျန် လျော့နည်းသောကြောင့် လာမည့် နွေရာသီတွင် နေပြည်တော် ကောင်စီနယ်မြေရှိ သီရိ ငါးမြို့နယ်၏ သောက် သုံးရေ အတွက်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

၂၀၂၁ ခုနှစ် နွေသီးနှံရာသီတွင် မန္တလေးတိုင်းဒေသကြီး၌ နွေစပါး ၆၈, ၀၀၀ ဧက၊ မကွေးတိုင်း ဒေသကြီး၌ နွေစပါး ၂၅, ၀၀၀ ဧက၊ ရန်ကုန်တိုင်းဒေသကြီး၌ နွေစပါး ၂၉, ၀၀၀ ဧက၊ ဧရာဝတီ တိုင်းဒေသကြီး၌ နွေစပါး ၂၄, ၀၀၀ ဧက နှင့် နွေစပါးစိုက်ပျိုးမှုအများဆုံးဖြစ်သည့် ပဲခူးတိုင်း ဒေသကြီးတွင် နွေစပါးဧက နှစ်သိန်းကျော်တို့ကို စိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်တွင် ရေလှောင်တမံ၊ ဆည်၊ ကန်များနှင့် ရေလွှဲဆည်များ အပါအဝင် အားလုံး ၁၀၀ ကျော်ထိရှိကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)