Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် တစ်ပတ်တာ အခြေအနေ (ဇွန် ၁၀-၁၆)

အာရှဆန် တစ်ပတ်တာ အခြေအနေ (ဇွန် ၁၀-၁၆)

 

  • ထိုင်းဆန် ဈေးနှုန်းအရ ဝယ်လိုအား အားပျော့

  • ရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ် စပါးခင်းများ ပျက်စီး

  • အိန္ဒိယဆန် ဈေးနှုန်း ယခင်အပတ်အတိုင်း မပြောင်းမလဲ   

  • မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဇူလိုင်လလယ် စပါးရိတ်သိမ်းမှု အထွတ်အထိပ်သို့ ရောက်ရှိမည်

ယခုသီတင်းပတ် ဝယ်လိုအား ပျော့ကျသဖြင့် ပြည်ပပို့ထိုင်းဆန် ဈေးနှုန်းများ ကျဆင်းပါသည်။ ထိုင်းဘတ်ငွေနှင့် ကန်ဒေါ်လာလဲနှုန်းတွင် ဘတ်ငွေ တန်ဖိုးကျခြင်းကြောင့်လည်း ပြည်ပပို့ထိုင်းဆန် ဈေးနှုန်းများ ကျဆင်းပါသည်။

 

ထိုင်း ၅%ဆန်ကွဲပါဆန်  <RI-THBKN5-P1> ဈေးနှုန်းများ ယခင်သီတင်းပတ်တွင် $450-$460 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $430-$440 သို့ ကျဆင်းသည်။

 "ဘတ်ငွေ ဈေးကျ၊ ဝယ်လိုအားလည်း ကျလို့ ပြည်ပပို့ဆန် ဈေးကျပါတယ်" ဟု ဘန်ကောက်မှ ဆန်ကုန်သည်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

 ဘတ်ငွေ ဆန်ဈေးနှုန်းကို ကန်ဒေါ်လာသို့ ပြောင်းပြီး ပြည်ပပို့ဆန်ဈေးနှုန်းကို ပြောဆိုသည်ဖြစ်ရာ ဘတ်ငွေကန်‌ဒေါ်လာလဲနှုန်း အတက်အကျကြောင့်လည်း ထိုင်းဆန်ဈေး ပြောင်းလဲသည်။

 ရောင်းစရာဆန်များ အလုံအလောက် ရှိနေပြီး နောက်လတွင် ဆန်သစ်ပေါ်မည်။

 

ဘင်္ဂလားဒေ့ရှ်တွင် မိုးများသဖြင့် စပါးခင်းများ ပျက်သည်။ အိမ်နီးနားချင်း အိန္ဒိယမှ ဆန်များ ရောက်အလာကို မျှော်နေကြသည်။

ဆန်တန်ချိန် ၃၀၀,၀၀၀ နီးပါး ထွက်ရှိမည့် စပါးခင်းများ ရေလွှမ်းမိုးသဖြင့် ပျက်စီးကုန်သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်သည် ပုံမှန်အားဖြင့် ဆန်ထုတ်လုပ်မှု မြင့်မားသည်။ သဘာဝဘေး ကျရောက်သဖြင့် စပါးခင်းများ ထိခိုက်ပျက်စီးကုန်သည့်အခါ ပြည်ပမှ တင်သွင်းရသည်။ 

ယခင်သီတင်းပတ်က စားနပ်ရိက္ခာဝန်ကြီးက ပုဂ္ဂလိက ကုန်သည်များကို ဆန်တင်သွင်းရန် ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယဆန်ကို ကုန်လမ်းဖြင့် နယ်ခြားမှတစ်ဆင့် တင်သွင်းသည်။ ကုန်လမ်းက ရေကြောင်းထက် ကုန်ကျစရိတ် ပိုသက်သာသည်။

မြန်မာ့ဆန်ကို ဥရောပနှင့် တရုတ်နိုင်ငံများသို့ အများဆုံး တင်ပို့နေပြီး၊ အာဆီယံနိုင်ငံ အချို့နှင့် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်သို့လည်း တင်ပို့လျက်ရှိသည်။

ပြည်ပသို့ တင်ပို့သော တန်းမြင့်ပေါင်းဆန်များကို ဥရောပ ဈေးကွက်သို့ အဓိကတင်ပို့လျက် ရှိသည်။

 

လက်ရှိတွင် ပြည်ပသို့ တစ်လလျှင် ဆန်တန်ချိန် နှစ် သိန်းခန့်တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိသည်။

 

သွင်းအားစု မြေဩဇာဈေးနှုန်း ကြီးမြင့်မှု၊ သယ်ယူစရိတ်ကြီးမြင့်မှုနှင့် ဆန်စက်များ လည် ပတ်မှု ကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းဈေးနှုန်းမြင့်တက်နေသည်။

 

မွေးမြူရေးအစာအတွက် ကုန်ကြမ်း၊ ယမကာချက်ရန် စက်မှုကုန်ကြမ်း လိုအပ်ချက်အရ ဆန်ကွဲ ပြည်တွင်းဝယ်လိုအား ရှိနေသည်။

 

အိန္ဒိယဆန် ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးအစား <RI-INBKN5-P1> ယခင်အပတ် ဈေးနှုန်း မပြောင်းလဲပါ။ တစ်တန် $357-$362 ဖြစ်ပါသည်။

 

ရူပီငွေဈေး စံချိန်တင် ကျနေသဖြင့် ကန်ဒေါ်လာ ဆန်ဈေးနှုန်းများကို ဈေးမတင်ကြတော့ချေ။ 

အိန္ဒိယအစိုးရက ဂျုံတင်ပို့မှု ပိတ်ပင်ပြီးနောက် အိန္ဒိယဆန် ဝယ်လိုအား ချက်ချင်း မြင့်တက်သည်။

 

ဗီယက်နမ်ဆန် ၅% ဆန်ကွဲ  <RI-VNBKN5-P1> ခေါ်ဈေး ယခုသီတင်းပတ်မှာ မပြောင်းလဲပါ။ တစ်တန် $420-$425 ဖြစ်ပါသည်။

ပြည်တွင်းစပါးဈေး အနည်းငယ် တက်သည်။ 

 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ဇူလိုင်လလယ် စပါးရိတ်သိမ်းမှု အထွတ်အထိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

#MyanmarFoodGuide

 

 

MFG

Read times Last modified on Friday, 17 June 2022 11:31
Rate this item
(0 votes)