Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ဝဥ မျိုးစေ့များကို ကွင်းဆင်းဝယ်ယူမှုများပြား

Unicode >>>>> 

ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ဝဥ မျိုးစေ့များကို ကွင်းဆင်းဝယ်ယူမှုများပြား


ကျောက်ထုမြို့နယ်နှင့် ချင်းတောင်များမှထွက်ရှိသော ဝဥမျိုးစေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များက ကွင်းဆင်းစနစ်ဖြင့် တိုက်ရိုက်ဝယ်ယူလျက်ရှိကြောင်း ကျောက်ထုမြို ့ ဝဥစိုက်ပျိုးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


Egg Retail & Wholesale ဥ လက်လီ/လက်ကားရောင်းဝယ်ရေး (၂၄၃) ခုကိုရှာရန်နှိပ်ပါ။


မြန်မာနိုင်ငံတွင် ဝဥမျိုးစိတ် ၁၈ မျိုးရှိကြောင်း၊ အရောင်များအနေဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်စသည့် အရောင်သုံးမျိုးရှိပြီး အဝါဥနှင့် ပန်းရောင်ဥများက အရည်သွေးကောင်းကာ ဈေးကောင်းရကြောင်း၊ ဝဥအဖြူများကို စက်ရုံများမှ ဝယ်ယူလျက်ရှိကြောင်း  ဝဥစိုက်ပျိုးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


ဝဥမျိုးစေ့ရောင်းချရာတွင်  အသီးမျိုး၊ ဥမျိုးဟူ၍ နှစ်မျိုးရှိကြောင်း ဈေးနှုန်းအနေဖြင့် အသီးတစ်ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၊ တစ်နှစ်ဥမျိုး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀၊ နှစ်နှစ်ဥမျိုးတစ်ပိဿာလျှင်  ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဝဥစိုက်ပျိုးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


Read More >>>>>   စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်များကို ဖျက်ဆီးမှုများ ပြုလုပ်


ဝဥများပေါ်ချိန်တွင် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များက တိုက်ရိုက်ဝယ်ယူလျက်ရှိပြီး မန္တလေးစက်ရုံများကလည်း ချင်းတောင်ဘက်အထိ ဆင်းပြီး ဝယ်ယူကြောင်း ကျောက်ထုမြို ့ဝဥစိုက်ပျိုးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။


#MFID

 

 

Home Page Food

 

Zawgyi >>>>>  

 


 


 


 


 


 


 


 

#MFID

Read times Last modified on Tuesday, 17 March 2020 10:51
Rate this item
(1 Vote)